သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာလ သမၼတ Trump ရဲ႕ ပထမဆံုးမဲဆြယ္ပြဲ ဒီေန႔လုပ္မယ္


အေမရိကန္သမၼတ Donald Trump ကုိ ေထာက္ခံသူတဦး။ (ဇြန္ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျဖစ္ပြားကတည္းက ပထမဆံုးအႀကိမ္ အေနနဲ႔ သမၼတ Trump ဒီကေန႔ စေနေန႔မွာ လူထုေဟာေျပာပြဲ က်င္းပမွာျဖစ္ပါတယ္။ ေဟာေျပာပြဲက်င္းပရာ Oklahoma ျပည္နယ္ Tulsa ၿမဳိ႕ကို သမၼတ Trump ေထာက္ခံသူေတြ ေထာင္ေပါင္းမ်ားစြာ လာစုေဝးေနၾကပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ကာကြယ္တဲ့အေနနဲ႔ ဒီ လူထုစုေဝးပြဲ လာတက္ေရာက္ၾကသူေတြ ႏွာေခါင္းစည္း မျဖစ္မေနတပ္ၾကဖို႔ ေတာင္းဆိုမႈကိုေတာ့ Oklahoma ျပည္နယ္ တရား႐ုံးခ်ဳပ္က ပယ္ခ်ခဲ့ၿပီး ဒီေတာင္းဆိုမႈလုပ္တဲ့ ေဒသခံေတြမွာ ဥပေဒေၾကာင္းအရ ဒီလိုေလွ်ာက္ထားခြင့္ မရွိဘူးလို႔ ေျပာပါတယ္။

တက္ေရာက္လာသူေတြထဲက ႏွာေခါင္းစည္းတပ္ခ်င္သူေတြ လက္သန္႔စင္ေဆး လိုခ်င္သူေတြကို ပြဲစီစဥ္သူေတြက ေပးမယ္လို႔ သမၼတ Trump မဲဆြယ္စည္း႐ံုးေရးအဖြဲ႔က ေျပာပါတယ္။ ၿပီးေတာ့ လာေရာက္သူအားလံုးကို ကိုယ္အပူခ်ိန္တိုင္းမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

အခမ္းအနားက်င္းပရာ The Bank of Oklahoma Center မိုးလံုေလလံု ခန္းမမွာ ထိုင္ခံုေပါင္း ၁၉,၀၀၀ ရွိၿပီး လက္မွတ္လိုခ်င္တဲ့သူက ၁ သန္းေက်ာ္တယ္လို႔ Trump မဲဆြယ္စည္း႐ံုးေရးအဖြဲ႔က ေျပာပါတယ္။

Tulsa ၿမိဳ႕ေတာ္ဝန္ G.T. Bynam ကလည္း လူ ၁ သိန္းနဲ႔အထက္ လာေရာက္ဖို႔ မွန္းထားေၾကာင္း ေျပာပါတယ္။

ဒီလူထုစုေဝးပြဲ က်င္းပတဲ့ Tulsa ၿမဳိ႕မွာ ကိုို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ဒီရက္ပိုင္းအတြင္း ျမင့္တက္လာတာမို႔ က်န္းမာေရးနဲ႔ ေဘးအႏၲရာယ္ကင္းရွင္းေရး အစီအစဥ္ အေသးစိတ္ကို ပြဲစီစဥ္သူေတြအေနနဲ႔ ခန္းမတာဝန္ရွိသူေတြဆီ တင္ျပထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

COVID-19 ကာလ သမ္မတ Trump ရဲ့ ပထမဆုံးမဲဆွယ်ပွဲ ဒီနေ့လုပ်မယ်

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားကတည်းက ပထမဆုံးအကြိမ် အနေနဲ့ သမ္မတ Trump ဒီကနေ့ စနေနေ့မှာ လူထုဟောပြောပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဟောပြောပွဲကျင်းပရာ Oklahoma ပြည်နယ် Tulsa မြို့ကို သမ္မတ Trump ထောက်ခံသူတွေ ထောင်ပေါင်းများစွာ လာစုဝေးနေကြပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ဒီ လူထုစုဝေးပွဲ လာတက်ရောက်ကြသူတွေ နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့ တောင်းဆိုမှုကိုတော့ Oklahoma ပြည်နယ် တရားရုံးချုပ်က ပယ်ချခဲ့ပြီး ဒီတောင်းဆိုမှုလုပ်တဲ့ ဒေသခံတွေမှာ ဥပဒေကြောင်းအရ ဒီလိုလျှောက်ထားခွင့် မရှိဘူးလို့ ပြောပါတယ်။

တက်ရောက်လာသူတွေထဲက နှာခေါင်းစည်းတပ်ချင်သူတွေ လက်သန့်စင်ဆေး လိုချင်သူတွေကို ပွဲစီစဉ်သူတွေက ပေးမယ်လို့ သမ္မတ Trumpမဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။ ပြီးတော့ လာရောက်သူအားလုံးကို ကိုယ်အပူချိန်တိုင်းမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခမ်းအနားကျင်းပရာ The Bank of Oklahoma Center မိုးလုံလေလုံ ခန်းမမှာ ထိုင်ခုံပေါင်း ၁၉,၀၀၀ ရှိပြီး လက်မှတ်လိုချင်တဲ့သူက ၁ သန်းကျော်တယ်လို့Trump မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။

Tulsa မြို့တော်ဝန် G.T. Bynam ကလည်း လူ ၁ သိန်းနဲ့အထက် လာရောက်ဖို့ မှန်းထားကြောင်း ပြောပါတယ်။

ဒီလူထုစုဝေးပွဲ ကျင်းပတဲ့ Tulsa မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဒီရက်ပိုင်းအတွင်း မြင့်တက်လာတာမို့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ် အသေးစိတ်ကို ပွဲစီစဉ်သူတွေအနေနဲ့ ခန်းမတာဝန်ရှိသူတွေဆီ တင်ပြထားရပါတယ်။

XS
SM
MD
LG