[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စု Florida ျပည္နယ္ Jacksonville ၿမိဳ႕မွာ August လထဲ က်င္းပမယ့္ Republican ပါတီညီလာခံက်ရင္ ေ႐ြးေကာက္ပြဲ ျပန္ဝင္မယ့္ သမၼတေလာင္းအျဖစ္ သမၼတ Donald Trump မိန္႔ခြန္းေျပာၾကားမယ္လို႔ Republican ပါတီေကာ္မတီက ၾကာသပေတးေန႔က ေၾကညာပါတယ္။
North Carolina ျပည္နယ္ Charlotte ၿမိဳ႕မွာလည္း ပါတီညီလာခံကို က်င္းပမွာျဖစ္ေပမဲ့ သမၼတေလာင္း မိန္႔ခြန္းေျပာၾကားမႈအပါအဝင္ တခ်ဳိ႕ကိစၥေတြကို Florida ျပည္နယ္မွာလုပ္မယ္လို႔ ပါတီေကာ္မတီက ေျပာပါတယ္။
COVID-19 ကပ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနနဲ႔ လူခ်င္းခပ္ခြာခြာေနဖုိ႔၊ ႏွာေခါင္းစည္းတပ္ဖို႔ စတဲ့ ကန္႔သတ္ခ်က္ေတြ ႐ွိေနခ်ိန္မွာ သမၼတ Trump က သူမိန္႔ခြန္းေျပာတဲ့အခါ ဒီသတ္မွတ္ခ်က္ေတြ မ႐ွိဘဲ လူအျပည့္တက္ေရာက္တဲ့ ခန္းမထဲမွာပဲ ေျပာခ်င္တယ္လို႔ အေလးထားေျပာေနပါတယ္။
၂၀၂၀ သမၼတေ႐ြးေကာက္ပြဲ အႏိုင္ရေရးအတြက္ သိပ္အေရးႀကီးတဲ့ Florida ျပည္နယ္မွာ ေအာင္ပြဲခံပြဲႀကီးက်င္းပဖုိ႔နဲ႔ စီးပြားေရး ပိုေကာင္းမြန္လာဖုိ႔ Republican ေတြ စိတ္အားထက္သန္ေနၾကတယ္လို႔ Republican ပါတီဥကၠ႒ Ronna McDaniel က ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။
[Unicode Version]
ရီပတ်ဘလီကန်ပါတီညီလာခံ ဖလော်ရီဒါမှာ သြဂုတ်လ ကျင်းပမယ်
အမေရိကန်ပြည်ထောင်စု Florida ပြည်နယ် Jacksonville မြို့မှာ August လထဲ ကျင်းပမယ့် Republican ပါတီညီလာခံကျရင် ရွေးကောက်ပွဲ ပြန်ဝင်မယ့် သမ္မတလောင်းအဖြစ် သမ္မတ Donald Trump မိန့်ခွန်းပြောကြားမယ်လို့ Republican ပါတီကော်မတီက ကြာသပတေးနေ့က ကြေညာပါတယ်။
North Carolina ပြည်နယ် Charlotte မြို့မှာလည်း ပါတီညီလာခံကို ကျင်းပမှာဖြစ်ပေမဲ့ သမ္မတလောင်း မိန့်ခွန်းပြောကြားမှုအပါအဝင် တချို့ကိစ္စတွေကို Florida ပြည်နယ်မှာလုပ်မယ်လို့ ပါတီကော်မတီက ပြောပါတယ်။
COVID-19 ကပ်ရောဂါကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ လူချင်းခပ်ခွာခွာနေဖို့၊ နှာခေါင်းစည်းတပ်ဖို့ စတဲ့ ကန့်သတ်ချက်တွေ ရှိနေချိန်မှာ သမ္မတ Trump က သူမိန့်ခွန်းပြောတဲ့အခါ ဒီသတ်မှတ်ချက်တွေ မရှိဘဲ လူအပြည့်တက်ရောက်တဲ့ ခန်းမထဲမှာပဲ ပြောချင်တယ်လို့ အလေးထားပြောနေပါတယ်။
၂၀၂၀ သမ္မတရွေးကောက်ပွဲ အနိုင်ရရေးအတွက် သိပ်အရေးကြီးတဲ့ Florida ပြည်နယ်မှာ အောင်ပွဲခံပွဲကြီးကျင်းပဖို့နဲ့ စီးပွားရေး ပိုကောင်းမွန်လာဖို့ Republican တွေ စိတ်အားထက်သန်နေကြတယ်လို့ Republican ပါတီဥက္ကဋ္ဌ Ronna McDaniel က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။