သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမိန့်ကြေညာချက် သမ္မတ Trump ထုတ်ပြန်


ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမိန့်ကြေညာချက် သမ္မတ Trump ထုတ်ပြန်
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမိန့်ကြေညာချက် သမ္မတ Trump ထုတ်ပြန်

(Zawgyi/Unicode)

အမေရိကန် နိုင်ငံတဝှမ်း လမ်းမတွေပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်လက်ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရဲတပ်ဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တချို့ကို ချပြထားတဲ့ သမ္မတ အမိန့် ကို အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ရာဇဝတ်မှုခင်းလေ ျှာ့ချရေးနဲ့ ရဲတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေးဟာ ရည်ရွယ်ချက်ချင်း ဆန့်ကျင်မှု မရှိ ကြောင်း “Safe Policing for Safe Communities” လူမှုအသိုင်းဝိုင်းတွင်း လုံခြုံစိတ်ချရရေး အတွက် စိတ်ချရတဲ့ ရဲလုပ်ငန်း - လို့ခေါင်းစဉ်တပ်ထားတဲ့ အမိန့်စာကို လက်မှတ် မရေးထိုးခင်မှာ သမ္မတ ထရမ့်က သမ္မတအိမ်ဖြူ နှင်းဆီဥယာဉ် သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

အမေရိကန်နိုင်ငံတဝှမ်းက ရဲဌာနတွေ အနေနဲ့ ကျွမ်းကျင်မှုအဆင့် အမြင့်ဆုံး နဲ့ သူတို့ရဲ့ ဒေသတွင်း လူမှုအသိုင်းဝိုင်းအတွက် တာဝန်ထမ်းဆောင်ဖို့ ဒီအမိန့်စာက အားပေးမှာ ဖြစ်ကြောင်းနဲ့ ဒီစံသတ်မှတ်မှုတွေဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးနဲ့ အခိုင်မာဆုံးဖြစ်ကြောင်းလည်း ပြောပါတယ်။

သမ္မတရဲ့ အမိန့်စာထဲက ရဲလုပ်ငန်း လုပ်ဆောင်သင့်တာတွေထဲမှာ အဓိကရုဏ်း လျော့ကျအောင် လုပ်တဲ့ နည်းတွေနဲ့ အင်အားသုံးတဲ့ စံနစ်တွေကို သုံးဖို့ လေ့ကျင့်ပေးတဲ့ အရာရှိတွေဟာ ကျွမ်းကျင်မှုလက်မှတ်ရထားသူတွေဖြစ်ဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် စိတ်ကျန်းမာရေးပြဿနာ ဒါမှမဟုတ် မူးယစ်ဆေးစွဲနေသူတွေလို အကြမ်းဖက်လုပ်ရပ် မဟုတ်တဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ လည်း လူမှုဝန်ထမ်းတွေနဲ့ ရဲတွေ ပူးပေါင်း ဆောင်ရွက်တဲ့ ဝန်ဆောင်မှု ကို ထူထောင်ဖို့ လည်း ပါဝင်ပါတယ်။

ဒါပေမယ့် နိုင်ငံတလွှား ဆန္ဒပြသူတွေ ထောက်ပြ ပြောဆိုနေတဲ့ ခွဲခြားဆက်ဆံမှုနဲ့ ရဲတွေရဲ့လုပ်ရပ် ဆက်နွယ်နေတာနဲ့ ပတ်သက်လို့တော့ သမ္မတထရမ့်က ဘာမှာ ပြောမသွားတာ အတွက် အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က ကြေညာချက် တစောင် ထုတ်ပြန်ပြီး သမ္မတရဲ့ အမိန့်စာဟာ အားနည်းနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန် ရဲတပ်ဖွဲ့မှာ ခွဲခြားဆက်ဆံမှု ရှိနေတယ် ဆိုတဲ့ ပြောဆိုချက်တွေ အတွက်လည်း သမ္မတထရမ့် အစိုးရအဖွဲ့ အရာရှိတွေက မဟုတ်မှန်ကြောင်း ပြောဆိုခဲ့သလို သမ္မတကလည်း အမေရိကန်နိုင်ငံသားတွေ အနေနဲ့ တရားဥပဒေစိုးမိုးမှုကို လိုလားကြောင်းနဲ့ အင်္ဂါနေ့ မှာပဲ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG