သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသနတ္နဲ႔ပစ္ဖမ္းတာမွာ လူမည္းအမ်ိဳးသား ေသဆံုးရမႈအတြက္ ရဲအရာရွိကို အလုပ္ထုတ္


လူမည္းအမ်ဳိးသား Rayshard Brooks ပစ္ခတ္ခံရတဲ့ Atlanta ၿမိဳ႕ရွိ Wendy စားေသာက္ဆုိင္ မီး႐ႈိ႕ခံထားရတဲ့ ျမင္ကြင္း။ (ဇြန္ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ေဂ်ာ္ဂ်ီယာျပည္နယ္ Atlanta ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က လူမည္းအမ်ိဳးသားတဦးကို ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တဲ့အတြက္ ေသဆုံးခဲ့တာေၾကာင့္ လူျဖဴရဲအရာရွိကို တနဂၤေႏြေန႔က ရဲတပ္ဖြဲ႔ကေန ထုတ္ပယ္ခဲ့ပါတယ္။

အရက္မူးေနတယ္လို႔ သံသယရွိခဲ့တဲ့ လူမည္းအမ်ိဳးသားတဦးဟာ သူ႔ကို ရဲေတြဖမ္းဆီးခ်ိန္မွာ ရဲအရာရွိတဦးရဲ႕ က်ဥ္စက္ကို လုယူၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တဲ့အတြက္ ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ၿပီးေနာက္ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ဒုတိယရဲအရာရွိကိုေတာ့ လစာနဲ႔ ခြင့္ေပးခဲ့ပါတယ္။

လူမည္းအမ်ိဳးသားတဦး ရဲေတြ ဖမ္းဆီးထိန္းသိမ္းဖို႔ ႀကိဳးစားစဥ္ ေသဆုံးခဲ့တဲ့အတြက္ Atlanta ရဲတပ္ဖြဲ႔ အႀကီးအကဲ Erika Shields ကလည္း ၂၄ နာရီအတြင္း ရာထူးကေန ႏုတ္ထြက္ခဲ့သလို အၾကမ္းဖက္ ဆႏၵျပမႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

ရဲခႏၶာကိုယ္မွာ တပ္ဆင္ထားတဲ့ ဗြီဒီယိုကင္မရာအရ Wendy စားေသာက္ဆိုင္ရဲ႕ ကားနဲ႔ေမာင္းၿပီးဝယ္ရတဲ့ လမ္းကို အသက္ ၂၇ ႏွစ္အရြယ္ Rayshard Brooks ရဲ႕ ကားက ပိတ္ဆို႔ထားၿပီး ကားထဲမွာလည္း Brooks အိပ္ေပ်ာ္ေနတာ ေတြ႔ရပါတယ္။ ရဲအရာရွိ Garrett Rolfe က အိပ္ေပ်ာ္ေနတဲ့ Brooks ကို အခ်ိန္ယူၿပီး ႏႈိးခဲ့ရတာ ေတြ႔ရပါတယ္။

ဗြီဒီယိုမွတ္တမ္းအရဆိုရင္ သူတို႔ႏွစ္ဦးလုံး ေကာင္းေကာင္းမြန္မြန္ စကားေျပာေနၿပီး Brooks အေနနဲ႔ သူဘယ္ၿမိဳ႕ေရာက္ေနသလဲ ဇေဝဇဝါ ျဖစ္ေနသလို ဘယ္စားေသာက္ဆိုင္မွာ ရပ္ထားသလဲ ဆိုတာလည္း ေသခ်ာမသိဘူး ျဖစ္ေနတာပါ။

ဒုတိယရဲအရာရွိ Devin Brosnan ေရာက္လာၿပီးေနာက္ Brooks ရဲ႕ အရက္ေသာက္ထားတဲ့ႏႈန္းကို စစ္ေဆးရာမွာ ျမင့္တက္ေနတဲ့အတြက္ သူ႔ကို လက္ထိပ္ခတ္ ဖမ္းဆီးခ်ိန္မွာ အဖမ္းမခံဘဲ ႐ုန္းကန္ဖို႔ ႀကိဳးစားခဲ့တာ ေတြ႔ရပါတယ္။

ရဲေတြက Brooks ကို ခ်ဳပ္ေႏွာင္ၿပီး ေျမျပင္လွဲခ်ဖမ္းဆီးခ်ိန္မွာ သူက ရဲတဦးရဲ႕ က်ဥ္စက္ကို လုယူၿပီး အဲဒီရဲအရာရွိကို ခ်ိန္ရြယ္ ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ ရဲအရာရွိ Rolfe ကေန Brooks ကို ေသနတ္နဲ႔ အနည္းဆံုး သံုးႀကိမ္ ပစ္ခဲ့ၿပီးေနာက္ Brooks ဟာ လမ္းေပၚ လမ္းက်သြားခဲ့ပါတယ္။ လဲက်ေနတဲ့ Brooks ဆီကို လူနာ အေရးေပၚကယ္ဆယ္ေရးအဖဲြ႔ ေရာက္ရွိခ်ိန္ ရဲအရာရွိ Rolfe ကို အျခားရဲေတြက ၀ိုင္း၀န္းႏွစ္သိမ့္ဖို႔ ႀကိဳးစားခဲ့ၾကတာကို ေတြ႔ရပါတယ္။ ေဆး႐ုံေရာက္ခ်ိန္မွာေတာ့ Brooks ေသဆံုးၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

အခုလို ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ ေသဆံုးခဲ့တဲ့ ျဖစ္ရပ္အတြက္ စေနေန႔မွာ ဆႏၵျပပဲြေတြ ျဖစ္လာခဲ့ၿပီး အစပိုင္းမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အၾကမ္းဖက္မႈေတြ ျဖစ္လာခဲ့ပါတယ္။

ဆႏၵျပသူေတြဟာ ၿမိဳ႕ရဲ႕ အေ၀းေျပးလမ္းမႀကီးကို ပိတ္ဆို႔ဖို႔ ႀကိဳးစားခဲ့သလို Brooks ကို ပစ္ခတ္ဖမ္းဆီးခဲ့တဲ့ေနရာ Wendy စားေသာက္ဆိုင္ကိုလည္း ျပာက်သြားတဲ့အထိ မီး႐ႈိ႕ခဲ့ၾကပါတယ္။

ဒီလို အၾကမ္းဖက္ ဆႏၵျပပဲြေၾကာင့္ လူေပါင္း ၃၆ ေယာက္ကို ဖမ္းဆီးခဲ့ၿပီး စားေသာက္ဆိုင္ကို စတင္မီး႐ႈိ႕ခဲ့သူလို႔ သံသယရွိေနတဲ့လူကို ဖမ္းဆီးဖို႔ ရဲေတြက ရွာေဖြေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

သေနတ်နဲ့ပစ်ဖမ်းတာမှာ လူမည်းအမျိုးသား သေဆုံးရမှုအတွက် ရဲအရာရှိကို အလုပ်ထုတ်

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် Atlanta မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က လူမည်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် သေဆုံးခဲ့တာကြောင့် လူဖြူရဲအရာရှိကို တနင်္ဂနွေနေ့က ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။

အရက်မူးနေတယ်လို့ သံသယရှိခဲ့တဲ့ လူမည်းအမျိုးသားတဦးဟာ သူ့ကို ရဲတွေဖမ်းဆီးချိန်မှာ ရဲအရာရှိတဦးရဲ့ ကျဉ်စက်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဒုတိယရဲအရာရှိကိုတော့ လစာနဲ့ ခွင့်ပေးခဲ့ပါတယ်။

လူမည်းအမျိုးသားတဦး ရဲတွေ ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားစဉ် သေဆုံးခဲ့တဲ့အတွက် Atlanta ရဲတပ်ဖွဲ့ အကြီးအကဲ Erika Shields ကလည်း ၂၄ နာရီအတွင်း ရာထူးကနေ နုတ်ထွက်ခဲ့သလို အကြမ်းဖက် ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ရဲခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ဗွီဒီယိုကင်မရာအရ Wendy စားသောက်ဆိုင်ရဲ့ ကားနဲ့မောင်းပြီးဝယ်ရတဲ့ လမ်းကို အသက် ၂၇ နှစ်အရွယ် Rayshard Brooks ရဲ့ ကားက ပိတ်ဆို့ထားပြီး ကားထဲမှာလည်း Brooks အိပ်ပျော်နေတာ တွေ့ရပါတယ်။ ရဲအရာရှိ Garrett Rolfe က အိပ်ပျော်နေတဲ့ Brooks ကို အချိန်ယူပြီး နှိုးခဲ့ရတာ တွေ့ရပါတယ်။

ဗွီဒီယိုမှတ်တမ်းအရဆိုရင် သူတို့နှစ်ဦးလုံး ကောင်းကောင်းမွန်မွန် စကားပြောနေပြီး Brooks အနေနဲ့ သူဘယ်မြို့ရောက်နေသလဲ ဇဝေဇဝါ ဖြစ်နေသလို ဘယ်စားသောက်ဆိုင်မှာ ရပ်ထားသလဲ ဆိုတာလည်း သေချာမသိဘူး ဖြစ်နေတာပါ။

ဒုတိယရဲအရာရှိ Devin Brosnan ရောက်လာပြီးနောက် Brooks ရဲ့ အရက်သောက်ထားတဲ့နှုန်းကို စစ်ဆေးရာမှာ မြင့်တက်နေတဲ့အတွက် သူ့ကို လက်ထိပ်ခတ် ဖမ်းဆီးချိန်မှာ အဖမ်းမခံဘဲ ရုန်းကန်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။

ရဲတွေက Brooks ကို ချုပ်နှောင်ပြီး မြေပြင်လှဲချဖမ်းဆီးချိန်မှာ သူက ရဲတဦးရဲ့ ကျဉ်စက်ကို လုယူပြီး အဲဒီရဲအရာရှိကို ချိန်ရွယ် ထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ရဲအရာရှိ Rolfe ကနေ Brooks ကို သေနတ်နဲ့ အနည်းဆုံး သုံးကြိမ် ပစ်ခဲ့ပြီးနောက် Brooks ဟာ လမ်းပေါ် လမ်းကျသွားခဲ့ပါတယ်။ လဲကျနေတဲ့ Brooks ဆီကို လူနာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိချိန် ရဲအရာရှိ Rolfe ကို အခြားရဲတွေက ဝိုင်းဝန်းနှစ်သိမ့်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။ ဆေးရုံရောက်ချိန်မှာတော့ Brooks သေဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အခုလို ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် စနေနေ့မှာ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပြီး အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မြို့ရဲ့ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့သလို Brooks ကို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့နေရာ Wendy စားသောက်ဆိုင်ကိုလည်း ပြာကျသွားတဲ့အထိ မီးရှို့ခဲ့ကြပါတယ်။

ဒီလို အကြမ်းဖက် ဆန္ဒပြပွဲကြောင့် လူပေါင်း ၃၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး စားသောက်ဆိုင်ကို စတင်မီးရှို့ခဲ့သူလို့ သံသယရှိနေတဲ့လူကို ဖမ်းဆီးဖို့ ရဲတွေက ရှာဖွေနေပါတယ်။

XS
SM
MD
LG