သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုတိယေျမာက္ လူမည္းအမ်ဳိးသားေသဆံုးမႈ အေမရိကန္ ဆႏၵျပပဲြေတြ အရွိန္ျမင့္လာႏိုင္


Atlanta ၿမိဳ႕မွာ Rayshard Brooks ေသဆံုးမႈေၾကာင့္ ဆႏၵျပ

(အေမရိကန္ ေနာက္ဆံုးအေျခအေန သံုးသပ္ခ်က္အစီအစဥ္)


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ လတ္တေလာ ျဖစ္ပြားေနတဲ့ Black Lives Matter လႈပ္ရွားမႈရဲ႕ ေနာက္ဆုံး အေျခအေနနဲ႔အတူ အေမရိကန္ တရား႐ုံးခ်ဳပ္ရဲ႕ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္တရပ္အေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး ဗီြအိုေအျမန္မာပိုင္းအယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ မဂၤလာပါခင္ဗ်ာ ၊ Minnesota ျပည္နယ္မွာ လူမည္းအမ်ိဳးသား George Floyd ကို ရဲက ဖမ္းဆီးတဲ့အခါမွာ ေသဆံုးမႈ ျဖစ္ခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္း အခုတခါ Atlanta ၿမိဳ႕မွာ Rayshard Brooks ဆိုတဲ့ လူငယ္လူမည္းအမ်ိဳးသားတဦးကို ရဲကဖမ္းဆီးစဥ္ ရုန္းရင္းဆန္ခတ္ျဖစ္ၿပီးေတာ့ ရဲက ေသနတ္နဲ႔ ပစ္ၿပီးေတာ့ ေသဆံုးတာ ျဖစ္ခဲ့ပါတယ္။ အဲဒီေတာ့ ဒီကိစၥမွာ ဥပေဒေၾကာင္းအရ အျငင္းပြားဖြယ္ ေျပာဆိုေနတာေတြရွိပါတယ္။ ဒီေတာ့ ဥပေဒေၾကာင္းအရဆိုရင္ ဘယ္လိုေတြ ျဖစ္လာႏိုင္မယ္လုိ႔ သံုးသပ္ပါသလဲ။

ဦးေက်ာ္ဇံသာ။ ။ Rayshard Brooks ေသဆံုးရတဲ့ ကိစၥဟာ Black Lives Matter ဆုိတဲ့လႈပ္ရွားမႈကို ပိုၿပီး ေရွ႕ကို အရွိန္ တိုးသြား ေစပါတယ္။ Wendy စားေသာက္ဆိုင္ေရွ႕နားမွာ ေနာက္က လုိက္ပစ္တဲ့ ရဲရဲ႕ ဒဏ္ရာနဲ႔အတူ ေသဆံုးသြားခဲ့တဲ့အတြက္ေၾကာင့္ အဲဒါကို မႈခင္းဆရာ၀န္ရဲ႕ ေဆးစစ္ခ်က္ အစီရင္ခံစာ ထြက္ေပၚလာပါတယ္။ အဲဒီထဲမွာ ေဖာ္ျပတာကေတာ့ ေနာက္ကလာတဲ့ က်ည္ဆန္ ၂ ခ်က္ရဲ႕ ဒဏ္ရာေၾကာင့္ ေသဆံုးတာျဖစ္တယ္။ ဒါကို homicide ဆိုၿပီးေတာ့ သူက မွတ္ခ်က္ေရး ထားပါတယ္။ homicide ဆိုတဲ့စကားကေတာ့ ဥပေဒထဲမွာ Murder ဆုိတဲ့ လူသတ္မႈလည္း ျဖစ္ႏိုင္တယ္။ ေနာက္တခါ Man Slaughter ေခၚတဲ့ လူေသမႈလည္း ျဖစ္ႏိုင္တယ္။ ရုပ္စြအဆံုး ေ၀ဒနာ သိပ္ခံစားေနရမွာကို ပေပ်ာက္ေအာင္လို႔ ေစတနာနဲ႔ သတ္လိုက္တာ Euthanasia ဆိုတာ အဲဒါလည္းပါတာ ဆိုေတာ့ homicide ဆိုတာ သိပ္က်ယ္ျပန္႔ပါတယ္။

ဆိုေတာ့ ဒါက Murder နဲ႔ စြဲဆိုခံရမယ္ ့အလားအလာေတာ့ ရွိေနပါတယ္။ တရားစြဲဆိုတဲ့ဘက္က မနက္ျဖန္ေၾကညာဖို႔ရွိတယ္လို႔ က်ေနာ္ၾကားပါတယ္။ ခရိုင္ေရွ႕ေနခ်ဳပ္က အဲလိုေျပာတာကုိ က်ေန္ာ သတိထားမိပါတယ္။ ေနာက္တခုက အဓိက ဒီေနရာမွာ ရဲကပစ္တဲ့ကိစၥက ရဲဟာ ပစ္ဖို႔လိုအပ္သလား ၊ ရဲက ေျပးေနတုန္း ေျပးရင္းလႊားရင္း ပစ္တယ္ဆိုေတာ့ ရဲရဲ႕ အသက္အႏၱရာယ္ကို ရုတ္တရက္ ထိခိုက္သြားႏိုင္လုိ႔လား ၊ သို႔မဟုတ္ ျပင္းထန္တဲ့ ဒဏ္ရာ သူ႔အေပၚမွာ က်ေရာက္ႏိုင္လို႔လား အဲဒီအတြက္ ပစ္ရတယ္ဆိုရင္ေတာ့ ဒါဟာ အမႈမွာ အမ်ားႀကီး ေပါ့ပါးသြားႏိုင္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ ေနာက္တခုက အေမရိကန္ျပည္ေထာင္စု တရားရံုးခ်ဳပ္ ကေနၿပီးေတာ့ LGBT ေတြနဲ႔ ပတ္သက္ၿပီးေတာ့ အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္တခုကို ခ်တယ္လို႔ က်ေနာ္သိရပါတယ္။ ဒီကိစၥက ဘယ္ေလာက္အထိ အေရးပါပါသလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ အေရးပါပါတယ္ LGBT ေတြရဲ႕ အခြင့္အေရးကို ေထာက္ခံၿပီးေတာ့ အေမရိကန္ျပည္ေထာင္စု တရားရံုးခ်ဳပ္က ဆံုးျဖတ္တာျဖစ္ပါတယ္။ အရင္တုန္းက ဒီကိစၥဟာ သိပ္ၿပီးေတာ့ အျငင္းပြားေနတဲ့ ကိစၥပါ အမ်ားႀကီးပဲ။ တရားရံုးခ်ဳပ္ရဲ႕ ဖြဲ႔စည္းပံုကို ၾကည့္မယ္ဆိုရင္ မ်ားေသာအားျဖင့္ သမၼတေတြက သူတို႔လိုလားတဲ့ တရားသူႀကီးကို အစဥ္အဆက္ ခန္႔သြားခဲ့တာျဖစ္ပါတယ္။ တသက္မွာတခါ သူတို႔ခန္႔ခဲ့ၿပီးေတာ့ သူတို႔ကို ရာထူးက ျဖဳတ္လို႔ ၊ ဖယ္ရွားလို႔လည္း မရပါဘူး။ အဲလိုထားတာက လည္း သမၼတအဆက္ဆက္ ေျပာင္းလဲလာသည့္တိုင္ မူမေျပာင္းေအာင္ဆိုၿပီးေတာ့ ေတာက္ေလ်ာက္ခန္႔ထားတာျဖစ္ပါတယ္။

အဲဒီလို ခန္႔တဲ့ေနရာမွာ Republican ေတြက ခန္႔ထားခဲ့သူေတြနဲ႔ ဒီမိုကရက္ေတြက ခန္႔ခဲ့သူေတြ အင္အားၿပိဳင္ဆိုင္တဲ့ သေဘာမ်ိဳးျဖစ္ေနပါတယ္။ ေနာက္ဆံုးမွာ Donald Trump က သူလိုလားတဲ့ သူေတြကို ခန္႔လိုက္ေတာ့ Republican ေတြ၊ conservative ျဖစ္တဲ့ တရားသူႀကီးေတြ အားသာ သြားၿပီလို႔ ယူဆေနရတဲ့ ဗဟိုတရားရံုးက အခုအခါမွာ ေခတ္သစ္ Idea နဲ႔ ေတာင္းဆိုေနတဲ့ LGBT လိင္မႈကိစၥ သမာ႐ုိးက် မဟုတ္သူမ်ားေပါ့ေလ ၊ သူတို႔ရဲ႕ အခြင့္အေရးကို ကာကြယ္ၿပီးေတာ့ ဆံုးျဖတ္လိုက္တာျဖစ္တဲ့အတြက္ သိပ္ၿပီး အေရးပါတဲ့ ကိစၥလို႔ ေျပာရမွာ ျဖစ္ပါတယ္။ Donald Trump ေနာက္ဆံုးခန္႔ခဲ့တဲ့ Neil Gorsuch ကိုယ္တိုင္ ဒီဆံုးျဖတ္ခ်က္ကို သူကိုယ္တိုင္ ပါ၀င္ေရးသားၿပီးေတာ့ ဒါကို သူတို႔ အကာအကြယ္ေပးရမယ္ အလုပ္ခြင္ထဲမွာ ခြဲျခားဆက္ဆံမႈ မရွိေစရဘူး ဆိုၿပီးေတာ့ သူေရးသားလိုက္တာျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ ဒါေတြက သမၼတ Donald Trump အေပၚကို ဘယ္ေလာက္အထိ ရိုက္ခတ္မႈ ရွိေစမွာလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ခုနကေျပာသလုိပဲ ျပည္ေထာင္စု တရားရံုးခ်ဳပ္ဟာ သူ႔အလုိအတိုင္းေတာ့ မျဖစ္ဘူးေပါ့ေလ။ ေနာက္ၿပီးေတာ့ သူေရြးခ်ယ္ခန္႔အပ္လိုက္တဲ့ တရားသူႀကီးေတ ြ ကိုယ္တိုင္က သူျဖစ္ေစခ်င္တဲ့အတိုင္း မရပ္တည္ဘူးဆိုတာ ျပသတယ္ဆိုရင္ေတာ့ သူ႔အတြက္ ထိုးႏွက္ခံရမႈ တခုလို႔ အဓိက ေျပာရမွာျဖစ္ပါတယ္။ ေနာက္ သမၼတ Donald Trump ကလည္း သူ႔ executive order သမၼတ လုပ္ပိုင္ခြင့္အရ ထုတ္ျပန္တဲ့အမိန္႔ ရဲေတြကို ထိန္းခ်ဳပ္မယ္ ဘယ္လို ဘယ္လို လုပ္မယ္ ဆိုတဲ့အမိန္႔ကို မနက္ျဖန္ လက္မွတ္ထိုးဖို႔ရွိတယ္ဆိုၿပီး သတင္းထြက္ပါတယ္။ ဒါေပမယ့္ အဲဒီထဲမွာေတာ့ ရဲေတြကို စစ္အင္အားသံုးခြင့္မေပးတာေပါ့ေလ DeMilitarization of police ေပါ့ ။ အခု ရဲေတြဟာ တခ်ဳိ႕ဆိုလုိ႔ရွိရင္ အရပ္ထဲမွာ ရုန္းရင္းဆန္ခတ္ျဖစ္လို႔ ရဲေတြ ေရာက္လာရင္ ရဲက လုံၿခဳံမႈထိန္းတဲ့ ရဲနဲ႔မတူဘူး ၊ ေရွ႕တန္းထြက္လာတဲ့ စစ္သားေတြနဲ႔ တူေနတယ္ တခ်ိဳ႕ဆိုရင္ Afghanistan က စစ္သားေတြ က်ေနတာပဲ ရဲေတြကဆိုၿပီး ေျပာၾကတယ္။ အဲဒါမ်ိဳးေတြ မျဖစ္ရဘူးေပါ့ေလ စသျဖင့္ေပါ့ ။ ဒါေပမယ့္ ရဲေတြရဲ႕ လုပ္ရပ္ကို အတိအလင္းေစာင့္ၾကည့္ႏိုင္တဲ့ အေထာက္အထား ေပၚလြင္ေစမယ့္ ကိစၥမ်ိဳးကိုသာ အဓိကထားၿပီး အမိန္႔ထုတ္ မလားဆိုၿပီးေတာ့ ခန္႔မွန္းခ်က္ေတြ ရွိေနပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

ဒုတိယမြောက် လူမည်းအမျိုးသားသေဆုံးမှု အမေရိကန် ဆန္ဒပြပွဲတွေ အရှိန်မြင့်လာနိုင်
(အမေရိကန် နောက်ဆုံးအခြေအနေ သုံးသပ်ချက်အစီအစဉ်)

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ လတ်တလော ဖြစ်ပွားနေတဲ့ Black Lives Matter လှုပ်ရှားမှုရဲ့ နောက်ဆုံး အခြေအနေနဲ့အတူ အမေရိကန် တရားရုံးချုပ်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်အကြောင်းတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ မင်္ဂလာပါခင်ဗျာ ၊ Minnesota ပြည်နယ်မှာ လူမည်းအမျိုးသား George Floyd ကို ရဲက ဖမ်းဆီးတဲ့အခါမှာ သေဆုံးမှု ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အခုတခါ Atlanta မြို့မှာ Rayshard Brooks ဆိုတဲ့ လူငယ်လူမည်းအမျိုးသားတဦးကို ရဲကဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ရဲက သေနတ်နဲ့ ပစ်ပြီးတော့ သေဆုံးတာ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ဒီကိစ္စမှာ ဥပဒေကြောင်းအရ အငြင်းပွားဖွယ် ပြောဆိုနေတာတွေရှိပါတယ်။ ဒီတော့ ဥပဒေကြောင်းအရဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်မယ်လို့ သုံးသပ်ပါသလဲ။

ဦးကျော်ဇံသာ။ ။ Rayshard Brooks သေဆုံးရတဲ့ ကိစ္စဟာ Black Lives Matter ဆိုတဲ့လှုပ်ရှားမှုကို ပိုပြီး ရှေ့ကို အရှိန် တိုးသွား စေပါတယ်။ Wendy စားသောက်ဆိုင်ရှေ့နားမှာ နောက်က လိုက်ပစ်တဲ့ ရဲရဲ့ ဒဏ်ရာနဲ့အတူ သေဆုံးသွားခဲ့တဲ့အတွက်ကြောင့် အဲဒါကို မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက် အစီရင်ခံစာ ထွက်ပေါ်လာပါတယ်။ အဲဒီထဲမှာ ဖော်ပြတာကတော့ နောက်ကလာတဲ့ ကျည်ဆန် ၂ ချက်ရဲ့ ဒဏ်ရာကြောင့် သေဆုံးတာဖြစ်တယ်။ ဒါကို homicide ဆိုပြီးတော့ သူက မှတ်ချက်ရေး ထားပါတယ်။ homicide ဆိုတဲ့စကားကတော့ ဥပဒေထဲမှာ Murder ဆိုတဲ့ လူသတ်မှုလည်း ဖြစ်နိုင်တယ်။ နောက်တခါ Man Slaughter ခေါ်တဲ့ လူသေမှုလည်း ဖြစ်နိုင်တယ်။ ရုပ်စွအဆုံး ဝေဒနာ သိပ်ခံစားနေရမှာကို ပပျောက်အောင်လို့ စေတနာနဲ့ သတ်လိုက်တာ Euthanasia ဆိုတာ အဲဒါလည်းပါတာ ဆိုတော့ homicide ဆိုတာ သိပ်ကျယ်ပြန့်ပါတယ်။

ဆိုတော့ ဒါက Murder နဲ့ စွဲဆိုခံရမယ့်အလားအလာတော့ ရှိနေပါတယ်။ တရားစွဲဆိုတဲ့ဘက်က မနက်ဖြန်ကြေညာဖို့ရှိတယ်လို့ ကျနော်ကြားပါတယ်။ ခရိုင်ရှေ့နေချုပ်က အဲလိုပြောတာကို ကျနေ်ာ သတိထားမိပါတယ်။ နောက်တခုက အဓိက ဒီနေရာမှာ ရဲကပစ်တဲ့ကိစ္စက ရဲဟာ ပစ်ဖို့လိုအပ်သလား ၊ ရဲက ပြေးနေတုန်း ပြေးရင်းလွှားရင်း ပစ်တယ်ဆိုတော့ ရဲရဲ့ အသက်အန္တရာယ်ကို ရုတ်တရက် ထိခိုက်သွားနိုင်လို့လား ၊ သို့မဟုတ် ပြင်းထန်တဲ့ ဒဏ်ရာ သူ့အပေါ်မှာ ကျရောက်နိုင်လို့လား အဲဒီအတွက် ပစ်ရတယ်ဆိုရင်တော့ ဒါဟာ အမှုမှာ အများကြီး ပေါ့ပါးသွားနိုင်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ နောက်တခုက အမေရိကန်ပြည်ထောင်စု တရားရုံးချုပ် ကနေပြီးတော့ LGBT တွေနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို ချတယ်လို့ ကျနော်သိရပါတယ်။ ဒီကိစ္စက ဘယ်လောက်အထိ အရေးပါပါသလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ အရေးပါပါတယ် LGBT တွေရဲ့ အခွင့်အရေးကို ထောက်ခံပြီးတော့ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က ဆုံးဖြတ်တာဖြစ်ပါတယ်။ အရင်တုန်းက ဒီကိစ္စဟာ သိပ်ပြီးတော့ အငြင်းပွားနေတဲ့ ကိစ္စပါ အများကြီးပဲ။ တရားရုံးချုပ်ရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် များသောအားဖြင့် သမ္မတတွေက သူတို့လိုလားတဲ့ တရားသူကြီးကို အစဉ်အဆက် ခန့်သွားခဲ့တာဖြစ်ပါတယ်။ တသက်မှာတခါ သူတို့ခန့်ခဲ့ပြီးတော့ သူတို့ကို ရာထူးက ဖြုတ်လို့ ၊ ဖယ်ရှားလို့လည်း မရပါဘူး။ အဲလိုထားတာက လည်း သမ္မတအဆက်ဆက် ပြောင်းလဲလာသည့်တိုင် မူမပြောင်းအောင်ဆိုပြီးတော့ တောက်လျောက်ခန့်ထားတာဖြစ်ပါတယ်။

အဲဒီလို ခန့်တဲ့နေရာမှာ Republican တွေက ခန့်ထားခဲ့သူတွေနဲ့ ဒီမိုကရက်တွေက ခန့်ခဲ့သူတွေ အင်အားပြိုင်ဆိုင်တဲ့ သဘောမျိုးဖြစ်နေပါတယ်။ နောက်ဆုံးမှာ Donald Trump က သူလိုလားတဲ့ သူတွေကို ခန့်လိုက်တော့ Republican တွေ၊ conservative ဖြစ်တဲ့ တရားသူကြီးတွေ အားသာ သွားပြီလို့ ယူဆနေရတဲ့ ဗဟိုတရားရုံးက အခုအခါမှာ ခေတ်သစ် Idea နဲ့ တောင်းဆိုနေတဲ့ LGBT လိင်မှုကိစ္စ သမာရိုးကျ မဟုတ်သူများပေါ့လေ ၊ သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပြီးတော့ ဆုံးဖြတ်လိုက်တာဖြစ်တဲ့အတွက် သိပ်ပြီး အရေးပါတဲ့ ကိစ္စလို့ ပြောရမှာ ဖြစ်ပါတယ်။ Donald Trump နောက်ဆုံးခန့်ခဲ့တဲ့ Neil Gorsuch ကိုယ်တိုင် ဒီဆုံးဖြတ်ချက်ကို သူကိုယ်တိုင် ပါဝင်ရေးသားပြီးတော့ ဒါကို သူတို့ အကာအကွယ်ပေးရမယ် အလုပ်ခွင်ထဲမှာ ခွဲခြားဆက်ဆံမှု မရှိစေရဘူး ဆိုပြီးတော့ သူရေးသားလိုက်တာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဒါတွေက သမ္မတ Donald Trump အပေါ်ကို ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိစေမှာလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ခုနကပြောသလိုပဲ ပြည်ထောင်စု တရားရုံးချုပ်ဟာ သူ့အလိုအတိုင်းတော့ မဖြစ်ဘူးပေါ့လေ။ နောက်ပြီးတော့ သူရွေးချယ်ခန့်အပ်လိုက်တဲ့ တရားသူကြီးတေ ွ ကိုယ်တိုင်က သူဖြစ်စေချင်တဲ့အတိုင်း မရပ်တည်ဘူးဆိုတာ ပြသတယ်ဆိုရင်တော့ သူ့အတွက် ထိုးနှက်ခံရမှု တခုလို့ အဓိက ပြောရမှာဖြစ်ပါတယ်။ နောက် သမ္မတ Donald Trump ကလည်း သူ့ executive order သမ္မတ လုပ်ပိုင်ခွင့်အရ ထုတ်ပြန်တဲ့အမိန့် ရဲတွေကို ထိန်းချုပ်မယ် ဘယ်လို ဘယ်လို လုပ်မယ် ဆိုတဲ့အမိန့်ကို မနက်ဖြန် လက်မှတ်ထိုးဖို့ရှိတယ်ဆိုပြီး သတင်းထွက်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာတော့ ရဲတွေကို စစ်အင်အားသုံးခွင့်မပေးတာပေါ့လေ DeMilitarization of police ပေါ့ ။ အခု ရဲတွေဟာ တချို့ဆိုလို့ရှိရင် အရပ်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ရဲတွေ ရောက်လာရင် ရဲက လုံခြုံမှုထိန်းတဲ့ ရဲနဲ့မတူဘူး ၊ ရှေ့တန်းထွက်လာတဲ့ စစ်သားတွေနဲ့ တူနေတယ် တချို့ဆိုရင် Afghanistan က စစ်သားတွေ ကျနေတာပဲ ရဲတွေကဆိုပြီး ပြောကြတယ်။ အဲဒါမျိုးတွေ မဖြစ်ရဘူးပေါ့လေ စသဖြင့်ပေါ့ ။ ဒါပေမယ့် ရဲတွေရဲ့ လုပ်ရပ်ကို အတိအလင်းစောင့်ကြည့်နိုင်တဲ့ အထောက်အထား ပေါ်လွင်စေမယ့် ကိစ္စမျိုးကိုသာ အဓိကထားပြီး အမိန့်ထုတ် မလားဆိုပြီးတော့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ကျေးဇူးတင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG