သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Atlanta က လူမည်းအမျိုးသား သေဆုံးမှု အရေးယူစွဲချက် တင်ဖို့ရှိ


လူမည်းအမျိုးသား Rayshard Brooks သေဆုံးမှုကြောင့် ဆန္ဒပြနေသူများ
လူမည်းအမျိုးသား Rayshard Brooks သေဆုံးမှုကြောင့် ဆန္ဒပြနေသူများ

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ် Atlanta မြို့မှာ လူမည်း အမျိုးသား တဦး ရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ရပြီးနောက် အဲဒီ သေနတ်နဲ့ ပစ်ခဲ့တဲ့ လူဖြူ ရဲအရာရှိကို တရားစွဲဆိုမလားဆိုတာကို ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်နိုင်ခြေရှိကြောင်း အတ္တလန္တာမြို့ အစိုးရရှေ့နေ တဦးက ပြောပါတယ်။

fast-food စားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းတုန်းက ရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးတဲ့ လူမည်း အမျိုးသားကို ရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ရတာပါ။ သမီးငယ် ၃ ယောက်ရဲ့ ဖခင် စားသောက်ဆိုင် ဝန်ထမ်း တဦးဖြစ်တဲ့ အသက် ၂၇ နှစ် အရွယ် Rayshard Brooks သေဆုံးရမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သုံးသပ်နေကြောင်းလည်း အတ္တလန္တာမြို့က အစိုးရရှေ့နေ Paul Howard က CNN ရုပ်သံကို တနင်္ဂနွေနေ့မှာ ပြောဆိုတာ ဖြစ်ပါတယ်။

အရက်သေစာ သောက်စားထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ Rayshard Brooks ကို ရဲတွေက လက်ထိပ်ခတ်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲဒီမှာဘဲ Brooks က Fast-food စားသောက်ဆိုင် Wendy’s ရဲ့ ကားရပ်နားရာနေရာကနေ ထွက်ပြေးဖို့ ကြိုးစားပြီး လူတွေကို သတိမေ့သွားစေတဲ့ လေဆာ သေနတ်ကို ရဲဆီက လုယူ၊ နောက် ရဲအရာရှိ Rolfe ကို ချိန်ရွယ်ခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ ရဲအရာရှိ Garrett Rolfe က သေနတ်နဲ့ ပစ်ခတ်တာကြောင့် Brooks သေဆုံးခဲ့ရတာလို့ အာဏာပိုင်တို့က ပြောဆိုထားပါတယ်။

သေနတ်နဲ့ ပစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် Rolfe ကိုတော့ အတ္တလန္တာ ရဲတပ်ဖွဲ့က ချက်ချင်းဘဲ အလုပ်ထုတ်ခဲ့ပါတယ်။ နောက် Brooks ကို ဖမ်းဆီးတာမှာ ပါတဲ့ နောက်ထပ် ရဲအရာရှိ Devin Brosnan ကိုတော့ ဒီကိစ္စ စုံစမ်းနေဆဲ ကာလအတွင်း လစာနဲ့ ခွင့်ပေးထားပါတယ်။

Atlanta က လူမည်းအမျိုးသား သေဆုံးမှု အရေးယူစွဲချက် တင်ဖို့ရှိ
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်


...............



(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG