သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ရဲတပ္ဖြဲ႔ျပဳျပင္ေရး ရီပတ္ဘလီကန္နဲ႔ ဒီမုိကရက္အမတ္ေတြၾကား သေဘာထားကြဲ


Republican အမတ္ Tim Scott က သတင္းေထာက္ေတြကို ေျဖၾကားေန

(Zawgyi/Unicode)

လူမည္းအမ်ဳိးသား Geroge Floyd ရဲလက္ထဲ ေသဆံုးသြားၿပီးတဲ့ေနာက္ပိုင္း အေမရိကန္ ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြ ျဖစ္ပြားၿပီး အေမရိကန္ အစိုးရ အေနနဲ႔ ရဲတပ္ဖြဲ႔ ျပုျပင္ေျပာင္းလဲေရးကို လုပ္ေဆာင္လာရပါတယ္။ အဂၤါေန႔တုန္းကလည္း ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရးအတြက္ သမၼတအမိန္႔ တရပ္ကို အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ၿပီး ဗုဒၶဟူးေန႔မွာေတာ့ အေမရိကန္ အထက္လႊတ္ေတာ္ ရီပါဗလစ္ကန္အမတ္ေတြ ဦးေဆာင္ေရးဆြဲတဲ့ ရဲတပ္ဖြဲ႔ ျပုျပင္ေျပာင္းလဲေရး ဥပေဒၾကမ္းကို ထုတ္ျပန္ခဲ့ပါတယ္။ ဒီဥပေဒၾကမ္း နဲ႔ ပတ္သက္ၿပီးေနာက္ဆံုး အေျခအေနေတြကို ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကို ၿငိမ္းခ်မ္း ဆက္သြယ္ေမးျမန္းထားပါတယ္။

ကို ၿငိမ္းခ်မ္း။ ။ အန္ကယ္ေရ ရီပတ္ဘလီကန္အမတ္ေတြ ဦးေဆာင္ေရးဆြဲတဲ့ ဒီမူၾကမ္းကိုဒီမိုကရက္ေတြကလည္း ခ်က္ခ်င္း ေဝဖန္ေနၾကေတာ့ သူတို႔ေအာက္လႊတ္ေတာ္ မွာ တင္သြင္းခဲ့တဲ့ မူၾကမ္း နဲ႔ ဘာေတြ ကြာလဲ ခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ဗုဒၶဟူးေန႔မနက္က တင္သြင္းတဲ့ အထက္လႊတ္ေတာ္ဆိုင္ရာ Republican အမတ္ Tim Scott က လူမည္းအမ်ိဳးသားေပါ့ေလ သူဦးေဆာင္ၿပီးေတာ့ ေရးဆြဲတဲ့ ဥပေဒၾကမ္းလို႔ဆိုပါတယ္။ အဓိကေတာ့ သူတုိ႔လည္း ရဲျပဳျပင္ေရးပါပဲ၊ အဓိက အေသးစိတ္ကြာျခားမႈကို နမူနာ ေျပာမယ္ဆိုရင္ေတာ့ choke hold လို႔ေခၚတဲ့ လည္ပင္းညစ္ၿပီးဖမ္းတဲ့ ကိစၥ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေတြကေတာ့ ဒါကို လံုး၀ တားျမစ္ပိတ္ပင္လိုက္မယ္လို႔ ဆိုတယ္ ။ အထက္လႊတ္ေတာ္ကေတာ့ မလႊဲမေရွာင္သာ လိုအပ္တဲ့အခါ သံုးခြင့္ေပးမယ္ ။ ဆိုေတာ့ အဲလိုပဲ ရဲေတြရဲ႕ လုပ္ရက္ကို ဟိုဘက္က အတင္းအက်ပ္ တားျမစ္လိုက္ခ်င္တယ္ သူတို႔ေျပာတဲ့အတိုင္း မလိုက္နာဘူးဆိုရင္ ဗဟိုက ေပးေနတဲ့ ေငြေၾကးကို ျဖတ္ေတာက္မယ္ဆိုတဲ့အထိ လုပ္တယ္ ။

ဒီဘက္ကေတာ့ အဲဒီလိုမလုပ္ဘူး သူတို႔ အယူအဆကေတာ့ မစၥတာ Tim Scott သူတို႔ ဥပေဒၾကမ္းဟာ Law Enforcement လုိ႔ေခၚတဲ့ ရဲတပ္ဖြဲ႔၀င္ေတြနဲ႔ Black community အေသြးအေရာင္ရွိတဲ့ လူမႈအသိုင္းအ၀ိုင္းေတြၾကားမွာ ေပါင္းကူးလုပ္ေပးမယ့္ bridge သာျဖစ္တယ္ ဆိုတဲ့သေဘာမ်ိဳးေျပာပါတယ္။ ဆိုေတာ့ ၂ ဘက္ကလံုးက ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရးေတြကို လုပ္ၾကတာပါပဲ အျပင္းအထန္ကြာတယ္ေတာ့ မဟုတ္ဘူးေပါ့ေနာ္ က်ေနာ့္သံုးသပ္ခ်က္ကို ေျပာရရင္ေတာ့ ဒါေပမယ့္ ကပ္ၿပီးေတာ့ ေျပာတာ သူဟာပိုေကာင္းတယ္ ၊ ငါ့ဟာပိုေကာင္းတယ္ ဆိုၿပီး လုပ္ေနၾကတ့ဲ့သေဘာလို႔ ေတြ႔ရပါတယ္။

ကို ၿငိမ္းခ်မ္း။ ။ အေမရိကန္မွာ ဥပေဒတစ္ခု ျဖစ္လာဖို႔ဆိုတာ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ ညွိႏိႈင္းၿပီးမွ ဥေပဒ တခု ျဖစ္လာႏိုင္တာမ်ိဳးမလား။ အဲ့ဒီေတာ့ သူတို႔ဘယ္လို ဆက္လုပ္ဖို႔ရွိမလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ႏွစ္ဖက္လံုးကေတာ့ ေနာက္အပတ္ အထူးသျဖင့္ ဗုဒၶဟူးေန႔မွာ တင္သြင္းမယ္ထင္တယ္ သူတို႔ အထက္လႊတ္ေတာ္ဆိုရင္လည္း အထက္လႊတ္ေတာ္တခုလံုးရဲ႕ အဆံုးအျဖတ္ကို ခံယူမယ္ ဒါကို မဲေပးမယ္ သူတို႔က Pass လုပ္မယ္ အထက္လႊတ္ေတာ္မွာလည္း Republican ေတြရွိတာကို ။ ထိုနည္းလည္းေကာင္း ေအာက္လႊတ္ေတာ္ကလည္း ေနာက္အပတ္မွာ ေအာက္လႊတ္ေတာ္မွာ Pass လုပ္လိမ့္မယ္။ ဆိုေတာ့ အဲဒီ ၂ ခု Pass လုပ္ၿပီးတဲ့အခါမွာေတာ့ သူတို႔ ေစာေစာကလို အေသးစိတ္ေတြကိုေတာ့ ညိွရမွာေပါ့ ။

ႏွစ္ဖက္လံုးကေတာ့ ရဲတပ္ဖြဲ႔ကို ျပဳျပင္ေစခ်င္တယ္။ ျပည္သူက လက္ခံလာေအာင္ သူတို႔ ျဖစ္လာေစခ်င္တာပဲ ဒါကို အေသးစိတ္ ညိွတဲ့အခါမွာ ႏိုင္ငံေရးအားျဖင့္ သူသာ ကိုယ္သာေပါ့ေလ အခုက ေရြးေကာက္ပြဲလည္း နီးလာၿပီဆိုေတာ့ ႏိုင္ငံေရးအားျဖင့္ ငါတို႔လုပ္တာ သာသြားတယ္၊ ေကာင္းသြားတယ္ ဆိုတာမ်ိဳးလည္း လိုခ်င္ေနတဲ့သေဘာျဖစ္ပါတယ္ ဆိုေတာ့ ေရြးေကာက္ပြဲ မတိုင္ခင္ေတာ့ ေတာ္ေတာ္ေလး ခဲရာခဲဆစ္ ညိွႏိႈင္းၾကရလိမ့္မယ္ ၊ ညိွႏိႈင္းလို႔ ရပါ့မလား ဆိုတာကေတာ့ ေမးခြန္းထုတ္စရာပါပဲ။

ကို ၿငိမ္းခ်မ္း။ ။ အခုလို ႏိုင္ငံေရး အေျခအေနေပါ့။ ေရြးေကာက္ပြဲလည္း ရွိေနခ်ိန္မွာအဲ့ဒါနဲ႔ ဆက္စပ္ၿပီး အခုတေလာမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ၾကီ္း Mike Pompeo နဲ႔တရုတ္အစိုးရ တာဝန္ရွိသူေတြ နဲ႔ေတြ႔ဖို႔ရွိတယ္လို႔ၾကားတယ္ခင္ဗ်ာ။ ကိုရိုနာဗိုင္းရပ္စ္ အေရး၊ ေဟာင္ေကာင္အေရးေတြ မွာ တရုတ္ ကို တင္းတင္းမာမာေျပာဆိုထားတာေတြ ရွိတယ္ဆိုေတာ့ ဒီေတြ႔ဆံုမႈက ဘယ္ေလာက္ အေရးၾကီးလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ သိပ္အေရးပါတဲ့ကိစၥပါ ဒါဟာ ႏိုင္ငံတကာ ဆက္ဆံေရးအေနနဲ႔ ၾကည့္ရင္လည္း ေစာေစာက ကိုရိုနာ ကိစၥ တေယာက္နဲ႔ တေယာက္ အျပစ္တင္တာအျပင္ ေဟာင္ေကာင္ကိစၥ ဆိုရင္ ေဟာင္ေကာင္မွာ ရရွိေနတဲ့ ဒီမိုကေရစီအခြင့္အေရးေတြကို တရုတ္က လံုး၀ပိတ္ပင္တဲ့ သေဘာလုပ္လာတဲ့ အတြက္ေၾကာင့္ အေမရိကန္က သူတို႔ကို ေဟာင္ေကာင္အတြက္ ခြင့္ျပဳထားတဲ့ အထူးကုန္သြယ္မႈအခြင့္အေရးကို ရုပ္သိမ္းေတာ့မယ္ဆိုေတာ့ ဒါက အေရးတႀကီးညိွရပါလိမ့္မယ္။

ထို႔အတူ ေတာင္တရုတ္ပင္လယ္ကိစၥတို႔လည္း အမ်ားႀကီးရွိေနပါတယ္။ ေနာက္ပိုၿပီးအေရးႀကီတာက တရုတ္နဲ႔ဆက္ဆံေရးမွာ သူအသာစီးရတယ္ဆိုတာဟာ သူ႔ေရြးေကာက္ပဲြႏိုင္ဖို႔အတြက္ အေရးႀကီးတဲ့ issue ျဖစ္ေနပါတယ္ တရုတ္ကုိ ငါတို႔ စီးပြားေရးအရ အသာစီးရတယ္ ၊ တရုတ္ရဲ႕ အႏိုင္က်င့္ေနတဲ့ စီးပြားေရးကို ဘယ္လို တြန္းလွန္ႏိုင္ခဲ့တယ္၊ ဘယ္လို ကိုင္တြယ္ႏိုင္ခဲ့တယ္ဆိုတာ Donald Trump အေနနဲ႔ ျပသဖို႔လိုမယ္ထင္ပါတယ္။ ဒါက သူ ေရႊးေကာက္ပြဲအတြက္ မဲဆြယ္မယ့္ အေၾကာင္းအခ်က္ တခုအျဖစ္နဲ႔ သူတို႔ ယူဆထားတာပါ ဒါေၾကာင့္ ဒီကိစၥဟာ တကယ္တမ္း သူတို႔ အခ်င္းခ်င္း သေဘာတူညီမႈ ရသည္ျဖစ္ေစေပါ့ေလ နားလည္မႈ တစံုတရာရဖို႔ဆိုရင္လည္း တရုတ္ရဲ႕ သေဘာတူညီမႈ ျဖစ္လိမ့္မယ္ ဒါေၾကာင့္ ဒီေတြ႔ဆံုမႈကို သူတို႔ တရား၀င္ထုတ္ျပန္တာ သူတို႔မေတြ႔ရပါဘူး ။ အဲဒီေတာ့ အေရးႀကီးတဲ့ပြဲျဖစ္တယ္။ ညိွရမယ္ ဒီဘက္ကလည္း အႏိုင္ရတယ္ဆိုတာလည္း လူထုသိေအာင္ ျပသဖို႔ လိုပါလိမ့္မယ္ Donald Trump ဘက္က။

ကို ၿငိမ္းခ်မ္း။ ။ အခုလို သုံးသပ္ေပးတဲ့ အန္ကယ္ ဦးေက်ာ္ဇံသာကို ေက်းဇူးတင္ပါတယ္။

ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကို ၿငိမ္းခ်မ္း ဆက္သြယ္ေမးျမန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကန် ရဲတပ်ဖွဲ့ပြုပြင်ရေး ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်အမတ်တွေကြား သဘောထားကွဲ
(Unicode)

လူမည်းအမျိုးသား Geroge Floyd ရဲလက်ထဲ သေဆုံးသွားပြီးတဲ့နောက်ပိုင်း အမေရိကန် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အမေရိကန် အစိုးရ အနေနဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လာရပါတယ်။ အင်္ဂါနေ့တုန်းကလည်း ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတအမိန့် တရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် အထက်လွှတ်တော် ရီပါဗလစ်ကန်အမတ်တွေ ဦးဆောင်ရေးဆွဲတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေကြမ်း နဲ့ ပတ်သက်ပြီးနောက်ဆုံး အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ကို ငြိမ်းချမ်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကို ငြိမ်းချမ်း။ ။ အန်ကယ်ရေ ရီပတ်ဘလီကန်အမတ်တွေ ဦးဆောင်ရေးဆွဲတဲ့ ဒီမူကြမ်းကိုဒီမိုကရက်တွေကလည်း ချက်ချင်း ဝေဖန်နေကြတော့ သူတို့အောက်လွှတ်တော် မှာ တင်သွင်းခဲ့တဲ့ မူကြမ်း နဲ့ ဘာတွေ ကွာလဲ ခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဗုဒ္ဓဟူးနေ့မနက်က တင်သွင်းတဲ့ အထက်လွှတ်တော်ဆိုင်ရာ Republican အမတ် Tim Scott က လူမည်းအမျိုးသားပေါ့လေ သူဦးဆောင်ပြီးတော့ ရေးဆွဲတဲ့ ဥပဒေကြမ်းလို့ဆိုပါတယ်။ အဓိကတော့ သူတို့လည်း ရဲပြုပြင်ရေးပါပဲ၊ အဓိက အသေးစိတ်ကွာခြားမှုကို နမူနာ ပြောမယ်ဆိုရင်တော့ choke hold လို့ခေါ်တဲ့ လည်ပင်းညစ်ပြီးဖမ်းတဲ့ ကိစ္စ အဲဒါနဲ့ ပတ်သက်ပြီးတော့ အောက်လွှတ်တော် ဒီမိုကရက်တွေကတော့ ဒါကို လုံး၀ တားမြစ်ပိတ်ပင်လိုက်မယ်လို့ ဆိုတယ် ။ အထက်လွှတ်တော်ကတော့ မလွှဲမရှောင်သာ လိုအပ်တဲ့အခါ သုံးခွင့်ပေးမယ် ။ ဆိုတော့ အဲလိုပဲ ရဲတွေရဲ့ လုပ်ရက်ကို ဟိုဘက်က အတင်းအကျပ် တားမြစ်လိုက်ချင်တယ် သူတို့ပြောတဲ့အတိုင်း မလိုက်နာဘူးဆိုရင် ဗဟိုက ပေးနေတဲ့ ငွေကြေးကို ဖြတ်တောက်မယ်ဆိုတဲ့အထိ လုပ်တယ် ။

ဒီဘက်ကတော့ အဲဒီလိုမလုပ်ဘူး သူတို့ အယူအဆကတော့ မစ္စတာ Tim Scott သူတို့ ဥပဒေကြမ်းဟာ Law Enforcement လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ Black community အသွေးအရောင်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကြားမှာ ပေါင်းကူးလုပ်ပေးမယ့် bridge သာဖြစ်တယ် ဆိုတဲ့သဘောမျိုးပြောပါတယ်။ ဆိုတော့ ၂ ဘက်ကလုံးက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကြတာပါပဲ အပြင်းအထန်ကွာတယ်တော့ မဟုတ်ဘူးပေါ့နော် ကျနော့်သုံးသပ်ချက်ကို ပြောရရင်တော့ ဒါပေမယ့် ကပ်ပြီးတော့ ပြောတာ သူဟာပိုကောင်းတယ် ၊ ငါ့ဟာပိုကောင်းတယ် ဆိုပြီး လုပ်နေကြတဲ့သဘောလို့ တွေ့ရပါတယ်။

ကို ငြိမ်းချမ်း။ ။ အမေရိကန်မှာ ဥပဒေတစ်ခု ဖြစ်လာဖို့ဆိုတာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ညှိနှိုင်းပြီးမှ ဥပေဒ တခု ဖြစ်လာနိုင်တာမျိုးမလား။ အဲ့ဒီတော့ သူတို့ဘယ်လို ဆက်လုပ်ဖို့ရှိမလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ နှစ်ဖက်လုံးကတော့ နောက်အပတ် အထူးသဖြင့် ဗုဒ္ဓဟူးနေ့မှာ တင်သွင်းမယ်ထင်တယ် သူတို့ အထက်လွှတ်တော်ဆိုရင်လည်း အထက်လွှတ်တော်တခုလုံးရဲ့ အဆုံးအဖြတ်ကို ခံယူမယ် ဒါကို မဲပေးမယ် သူတို့က Pass လုပ်မယ် အထက်လွှတ်တော်မှာလည်း Republican တွေရှိတာကို ။ ထိုနည်းလည်းကောင်း အောက်လွှတ်တော်ကလည်း နောက်အပတ်မှာ အောက်လွှတ်တော်မှာ Pass လုပ်လိမ့်မယ်။ ဆိုတော့ အဲဒီ ၂ ခု Pass လုပ်ပြီးတဲ့အခါမှာတော့ သူတို့ စောစောကလို အသေးစိတ်တွေကိုတော့ ညှိရမှာပေါ့ ။

နှစ်ဖက်လုံးကတော့ ရဲတပ်ဖွဲ့ကို ပြုပြင်စေချင်တယ်။ ပြည်သူက လက်ခံလာအောင် သူတို့ ဖြစ်လာစေချင်တာပဲ ဒါကို အသေးစိတ် ညှိတဲ့အခါမှာ နိုင်ငံရေးအားဖြင့် သူသာ ကိုယ်သာပေါ့လေ အခုက ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ နိုင်ငံရေးအားဖြင့် ငါတို့လုပ်တာ သာသွားတယ်၊ ကောင်းသွားတယ် ဆိုတာမျိုးလည်း လိုချင်နေတဲ့သဘောဖြစ်ပါတယ် ဆိုတော့ ရွေးကောက်ပွဲ မတိုင်ခင်တော့ တော်တော်လေး ခဲရာခဲဆစ် ညှိနှိုင်းကြရလိမ့်မယ် ၊ ညှိနှိုင်းလို့ ရပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။

ကို ငြိမ်းချမ်း။ ။ အခုလို နိုင်ငံရေး အခြေအနေပေါ့။ ရွေးကောက်ပွဲလည်း ရှိနေချိန်မှာအဲ့ဒါနဲ့ ဆက်စပ်ပြီး အခုတလောမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီ်း Mike Pompeo နဲ့တရုတ်အစိုးရ တာဝန်ရှိသူတွေ နဲ့တွေ့ဖို့ရှိတယ်လို့ကြားတယ်ခင်ဗျာ။ ကိုရိုနာဗိုင်းရပ်စ် အရေး၊ ဟောင်ကောင်အရေးတွေ မှာ တရုတ် ကို တင်းတင်းမာမာပြောဆိုထားတာတွေ ရှိတယ်ဆိုတော့ ဒီတွေ့ဆုံမှုက ဘယ်လောက် အရေးကြီးလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ သိပ်အရေးပါတဲ့ကိစ္စပါ ဒါဟာ နိုင်ငံတကာ ဆက်ဆံရေးအနေနဲ့ ကြည့်ရင်လည်း စောစောက ကိုရိုနာ ကိစ္စ တယောက်နဲ့ တယောက် အပြစ်တင်တာအပြင် ဟောင်ကောင်ကိစ္စ ဆိုရင် ဟောင်ကောင်မှာ ရရှိနေတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို တရုတ်က လုံးဝပိတ်ပင်တဲ့ သဘောလုပ်လာတဲ့ အတွက်ကြောင့် အမေရိကန်က သူတို့ကို ဟောင်ကောင်အတွက် ခွင့်ပြုထားတဲ့ အထူးကုန်သွယ်မှုအခွင့်အရေးကို ရုပ်သိမ်းတော့မယ်ဆိုတော့ ဒါက အရေးတကြီးညှိရပါလိမ့်မယ်။

ထို့အတူ တောင်တရုတ်ပင်လယ်ကိစ္စတို့လည်း အများကြီးရှိနေပါတယ်။ နောက်ပိုပြီးအရေးကြီတာက တရုတ်နဲ့ဆက်ဆံရေးမှာ သူအသာစီးရတယ်ဆိုတာဟာ သူ့ရွေးကောက်ပွဲနိုင်ဖို့အတွက် အရေးကြီးတဲ့ issue ဖြစ်နေပါတယ် တရုတ်ကို ငါတို့ စီးပွားရေးအရ အသာစီးရတယ် ၊ တရုတ်ရဲ့ အနိုင်ကျင့်နေတဲ့ စီးပွားရေးကို ဘယ်လို တွန်းလှန်နိုင်ခဲ့တယ်၊ ဘယ်လို ကိုင်တွယ်နိုင်ခဲ့တယ်ဆိုတာ Donald Trump အနေနဲ့ ပြသဖို့လိုမယ်ထင်ပါတယ်။ ဒါက သူ ရွှေးကောက်ပွဲအတွက် မဲဆွယ်မယ့် အကြောင်းအချက် တခုအဖြစ်နဲ့ သူတို့ ယူဆထားတာပါ ဒါကြောင့် ဒီကိစ္စဟာ တကယ်တမ်း သူတို့ အချင်းချင်း သဘောတူညီမှု ရသည်ဖြစ်စေပေါ့လေ နားလည်မှု တစုံတရာရဖို့ဆိုရင်လည်း တရုတ်ရဲ့ သဘောတူညီမှု ဖြစ်လိမ့်မယ် ဒါကြောင့် ဒီတွေ့ဆုံမှုကို သူတို့ တရားဝင်ထုတ်ပြန်တာ သူတို့မတွေ့ရပါဘူး ။ အဲဒီတော့ အရေးကြီးတဲ့ပွဲဖြစ်တယ်။ ညှိရမယ် ဒီဘက်ကလည်း အနိုင်ရတယ်ဆိုတာလည်း လူထုသိအောင် ပြသဖို့ လိုပါလိမ့်မယ် Donald Trump ဘက်က။

ကို ငြိမ်းချမ်း။ ။ အခုလို သုံးသပ်ပေးတဲ့ အန်ကယ် ဦးကျော်ဇံသာကို ကျေးဇူးတင်ပါတယ်။

ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ကို ငြိမ်းချမ်း ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG