(Zawgyi/Unicode)
အေမရိကန္ဗဟို အစိုးရ၀န္ထမ္းမ်ားဆိုင္ရာ ဥပေဒ ေတြဟာ LGBTQ - လို႔ အတိုေကာက္ေခၚတဲ႔ လိင္စိတ္ကဲြျပားသူ ၀န္ထမ္းေတြကို ခြဲျခားဆက္ဆံ မခံရေအာင္ အကာအကြယ္ေပးတယ္လို႔ ႏိုင္ငံေတာ္ တရားရံုးခ်ဳပ္ က တနလာၤေန႔မွာ စီရင္ခ်က္ ခ်မွတ္လိုက္ပါတယ္။ ဒီစီရင္ခ်က္ဟာဆိုရင္ လတ္တေလာ ႏွစ္ပိုင္းေတြ အတြင္း သူတို႔ရဲ႕ အခြင့္အေရးေတြ ဆုတ္ယုတ္လာတယ္ဆိုၿပီး စိုးရိမ္ေနၾကတဲ႔ LGBTQ အသိုင္းအ၀ိုင္း အတြက္ေတာ့ ေအာင္ျမင္မႈႀကီး တခုျဖစ္ပါတယ္။
Gay လိင္တူစံုမက္သူ ဒါမွမဟုတ္လည္း Transgender လိင္ေျပာင္းထားသူ ျဖစ္လို႔ ၀န္ထမ္း တေယာက္ကို အလုပ္က ထုတ္တယ္ဆိုရင္ေတာ့ ဒါဟာ ၁၉၆၄ ခုႏွစ္ ျပည္သူ႔အခြင့္အေရး ဥပေဒ ရဲ႕ အခန္း ၇ ပါ ျပဌာန္းခ်က္ကို ခ်ိဳးေဖာက္မႈ ျဖစ္တယ္လို႔ ကြန္ဆာေဗးတစ္ ႀကီးစိုးတဲ႔ တရားရံုးခ်ဳပ္မွာ ေထာက္ခံမဲ ၆ မဲ ကန္႔ကြက္မဲ ၃ မဲနဲ႔ သမိုင္း၀င္ ဆံုးျဖတ္ခဲ႔တာပါ။ တရားရံုးခ်ဳပ္က ကြန္ဆာေဗးတစ္ တရားသူႀကီးခ်ဳပ္ John Roberts ၊ ေနာက္ ၂၀၁၇ ခုႏွစ္က သမၼတ Donald Trump ေရြးခ်ယ္ခန္႔အပ္ခဲ႔တဲ႔ တရားရံုးခ်ဳပ္ တရားသူႀကီး Neil Gorsuch တို႔က အမ်ားစု ျဖစ္တ႔ဲ ေထာက္ခံမဲေပးသူေတြထဲမွာ ပါ၀င္ခဲ႔ပါတယ္။
သမၼတ Trump ဘဲ ေရြးခ်ယ္ ခန္႔အပ္ခဲ႔တဲ႔ တရားသူႀကီး Brett Kavanaugh ကေတာ့ ဒီကိစၥကို ဥပေဒျပဳေရးဘက္က ေဆာင္ရြက္သင့္တယ္လုိ႔ ေခ်ပေျပာဆိုၿပီး ကန္႔ကြက္ဆံုးျဖတ္ခ်က္ ေပးသူ ၃ ဦးထဲမွာ ပါ၀င္ခဲ႔ပါတယ္။ တရားရံုးခ်ဳပ္မွာ ကြန္ဆာေဗးတစ္ တရားသူႀကီး ၅ ဦးနဲ႔ အမ်ားစု ႀကီးစိုးထားတာေၾကာင့္ LGBTQ - (lesbian, gay, bisexual, transgender, questioning) ဆိုတဲ႔ လိင္စိတ္ကဲြျပားသူေတြ အပါအ၀င္ လူနည္းစုေတြ အတြက္ ဥပေဒ အရ အကာအကြယ္ေပးမႈကို လက္ခံမွာ မဟုတ္ဘူးဆိုၿပီး စိုးရိမ္ေနၾကတဲ႔ ၾကားမွာဘဲ အခုလို သမိုင္း၀င္ ဆံုးျဖတ္ခ်က္ ထြက္ေပၚလာတာဘဲ ျဖစ္ပါတယ္။
............
အမေရိကန်ဗဟို တရားရုံးချုပ် ဆုံးဖြတ်ချက် LGBTQ ဝန်ထမ်းများအတွက် အဓိကအောင်ပွဲ
(Unicode)
အမေရိကန်ဗဟို အစိုးရဝန်ထမ်းများဆိုင်ရာ ဥပဒေ တွေဟာ LGBTQ - လို့ အတိုကောက်ခေါ်တဲ့ လိင်စိတ်ကွဲပြားသူ ဝန်ထမ်းတွေကို ခွဲခြားဆက်ဆံ မခံရအောင် အကာအကွယ်ပေးတယ်လို့ နိုင်ငံတော် တရားရုံးချုပ် က တနလာၤနေ့မှာ စီရင်ချက် ချမှတ်လိုက်ပါတယ်။ ဒီစီရင်ချက်ဟာဆိုရင် လတ်တလော နှစ်ပိုင်းတွေ အတွင်း သူတို့ရဲ့ အခွင့်အရေးတွေ ဆုတ်ယုတ်လာတယ်ဆိုပြီး စိုးရိမ်နေကြတဲ့ LGBTQ အသိုင်းအဝိုင်း အတွက်တော့ အောင်မြင်မှုကြီး တခုဖြစ်ပါတယ်။
Gay လိင်တူစုံမက်သူ ဒါမှမဟုတ်လည်း Transgender လိင်ပြောင်းထားသူ ဖြစ်လို့ ဝန်ထမ်း တယောက်ကို အလုပ်က ထုတ်တယ်ဆိုရင်တော့ ဒါဟာ ၁၉၆၄ ခုနှစ် ပြည်သူ့အခွင့်အရေး ဥပဒေ ရဲ့ အခန်း ၇ ပါ ပြဌာန်းချက်ကို ချိုးဖောက်မှု ဖြစ်တယ်လို့ ကွန်ဆာဗေးတစ် ကြီးစိုးတဲ့ တရားရုံးချုပ်မှာ ထောက်ခံမဲ ၆ မဲ ကန့်ကွက်မဲ ၃ မဲနဲ့ သမိုင်းဝင် ဆုံးဖြတ်ခဲ့တာပါ။ တရားရုံးချုပ်က ကွန်ဆာဗေးတစ် တရားသူကြီးချုပ် John Roberts ၊ နောက် ၂၀၁၇ ခုနှစ်က သမ္မတ Donald Trump ရွေးချယ်ခန့်အပ်ခဲ့တဲ့ တရားရုံးချုပ် တရားသူကြီး Neil Gorsuch တို့က အများစု ဖြစ်တဲ့ ထောက်ခံမဲပေးသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
သမ္မတ Trump ဘဲ ရွေးချယ် ခန့်အပ်ခဲ့တဲ့ တရားသူကြီး Brett Kavanaugh ကတော့ ဒီကိစ္စကို ဥပဒေပြုရေးဘက်က ဆောင်ရွက်သင့်တယ်လို့ ချေပပြောဆိုပြီး ကန့်ကွက်ဆုံးဖြတ်ချက် ပေးသူ ၃ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။ တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ် တရားသူကြီး ၅ ဦးနဲ့ အများစု ကြီးစိုးထားတာကြောင့် LGBTQ - (lesbian, gay, bisexual, transgender, questioning) ဆိုတဲ့ လိင်စိတ်ကွဲပြားသူတွေ အပါအဝင် လူနည်းစုတွေ အတွက် ဥပဒေ အရ အကာအကွယ်ပေးမှုကို လက်ခံမှာ မဟုတ်ဘူးဆိုပြီး စိုးရိမ်နေကြတဲ့ ကြားမှာဘဲ အခုလို သမိုင်းဝင် ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဘဲ ဖြစ်ပါတယ်။