သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Rayshad Brooks ေသဆုံးမႈမွာ တာ၀န္ရွိတဲ့ရဲကုိ လူသတ္မႈနဲ႔ တရားစြဲ


Fluton နယ္ေျမတရားရံုးက အစိုးရေရွ႕ေန Attorney Paul Howard သတင္းစာရွင္းလင္းေနစဥ္

(Zawgyi/Unicode)

Georgia ျပည္နယ္ Atlanta ၿမိဳ႕ မွာ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက Wendy စားေသာက္ဆိုင္ ကားရပ္တဲ့ ေနရာမွာ လူမည္းအမ်ိဳးသား Rayshard Brooks ေသနတ္နဲ႔အပစ္ခံရၿပီး ေသဆံုးခဲ့မႈ အတြက္္ အလုပ္အထုတ္ခံခဲ့ရတဲ့ လူျဖဴရဲအရာရွိ Garrett Rolfe ကို ႀကီးေလးေသာ လူသတ္မႈ (felony murder) နဲ႔ တရားစြဲဆိုလိုက္တယ္လို႔ ေဂ်ာ္ဂ်ီယာ ေကာင္တီ အစိုးရေရွ႕ေနက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ အာဖရိကန္ အေမရိကန္အမ်ိဳးသား ေနာက္တဦး ျဖစ္တဲ့ Brooks ေသဆံုးရတာဟာ အေမရိကန္ႏုိင္ငံတလႊား ခြဲျခားဆက္ဆံမႈနဲ႔ ရဲေတြရဲ႕ ဆိုးဝါးတဲ့ ကိုင္တြယ္မႈေတြကို ျပဳျပင္ဖုိ႔ေတာင္းဆို ဆႏၵျပမႈေတြ ပိုၿပီး အရွိန္ျမင့္လာမွာကို စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

ဇြန္လ ၁၂ ရက္ေန႔က Brooks ကို ေသနတ္နဲ႔ ပစ္ခဲ့တဲ့ လူျဖဴရဲအရာရွိ Garrett Rolfe ဟာ ေနာက္တေန႔မွာပဲ အလုပ္က အထုတ္ခံခဲ့ရတာ ျဖစ္ၿပီး အခု ႀကီးေလးေသာ လူသတ္မႈနဲ႔ လူေသေစတဲ့ လက္နက္နဲ႔ပစ္ခတ္မႈ အပါအဝင္ အမႈေပါင္း ၁၁ မႈနဲ႔ စြဲခ်က္တင္ခံေနရ တယ္လို႔ Fluton နယ္ေျမတရားရံုးက အစိုးရေရွ႕ေန Attorney Paul Howard က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒီအမႈေတြ အတြက္ Rolfe ဟာ တသက္တကၽြန္း က်တာ ဒါမွမဟုတ္ သူတကယ္တမ္း က်ဴးလြန္ရင္ ေသဒဏ္အထိ က်ခံရႏိုင္ဖြယ္ရွိတယ္လို႔လည္း ေျပာပါတယ္။ အခင္းျဖစ္ပြားစဥ္မွာ အတူရွိေနတဲ့ ေနာက္ လူျဖဴရဲအရာရွိ Devin Brosnan ကိုေတာ့ အျပင္းအထန္ ထိခိုက္နာက်င္ေစေသာ လက္ေရာက္မႈ နဲ႔ ရဲအရာရွိ က်င့္ဝတ္ေဖာက္ဖ်က္မႈေတြနဲ႔ တရားစြဲဆိုထားၿပီး အစိုးရေရွ႕ေနေတြရဲ႕ ေမးျမန္းခ်က္ေတြအတြက္ ပူးေပါင္းလုပ္ေဆာင္ ဖို႔ ခြင့္ေပးထားတယ္လို႔လည္း Howard ကေျပာပါတယ္။

ေမလ ၂၅ ရက္ေန႔က Minneapolis ၿမိဳ႕မွာ အာဖရိကန္ အေမရိကန္ အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆံုးခဲ့ရတာနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ကမာၻတလႊား ခြဲျခားဆက္ဆံမႈနဲ႔ တရားမ ွ်တမႈအတြက္ ေတာင္းဆိုမႈေတြ ဆက္လက္ ျဖစ္ပြားေနၿပီး ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရး အတြက္ လုပ္ေဆာင္ေနၾကခ်ိန္မွာ အခုလို Brooks အသတ္ခံရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

Rayshad Brooks သေဆုံးမှုမှာတာဝန်ရှိတဲ့ရဲကို လူသတ်မှုနဲ့ တရားစွဲ

(Unicode)

Georgia ပြည်နယ် Atlanta မြို့ မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Wendy စားသောက်ဆိုင်ကားရပ်တဲ့ နေရာမှာ လူမည်းအမျိုးသား Rayshard Brooks သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့မှု အတွက် အလုပ်အထုတ်ခံခဲ့ရတဲ့ လူဖြူရဲအရာရှိ Garrett Rolfe ကို ကြီးလေးသော လူသတ်မှု (felony murder) နဲ့ တရားစွဲဆိုလိုက်တယ်လို့ ဂျော်ဂျီယာ ကောင်တီ အစိုးရရှေ့နေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် အာဖရိကန် အမေရိကန်အမျိုးသား နောက်တဦး ဖြစ်တဲ့ Brooks သေဆုံးရတာဟာ အမေရိကန်နိုင်ငံတလွှား ခွဲခြားဆက်ဆံမှုနဲ့ ရဲတွေရဲ့ ဆိုးဝါးတဲ့ ကိုင်တွယ်မှုတွေကို ပြုပြင်ဖို့တောင်းဆို ဆန္ဒပြမှုတွေ ပိုပြီး အရှိန်မြင့်လာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့က Brooks ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ လူဖြူရဲအရာရှိ Garrett Rolfe ဟာ နောက်တနေ့မှာပဲ အလုပ်က အထုတ်ခံခဲ့ရတာ ဖြစ်ပြီး အခု ကြီးလေးသော လူသတ်မှုနဲ့ လူသေစေတဲ့ လက်နက်နဲ့ပစ်ခတ်မှု အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ စွဲချက်တင်ခံနေရ တယ်လို့ Fluton နယ်မြေတရားရုံးက အစိုးရရှေ့နေ Attorney Paul Howard က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီအမှုတွေ အတွက် Rolfe ဟာ တသက်တကျွန်း ကျတာ ဒါမှမဟုတ် သူတကယ်တမ်း ကျူးလွန်ရင် သေဒဏ်အထိ ကျခံရနိုင်ဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။ အခင်းဖြစ်ပွားစဉ်မှာ အတူရှိနေတဲ့ နောက် လူဖြူရဲအရာရှိ Devin Brosnan ကိုတော့ အပြင်းအထန် ထိခိုက်နာကျင်စေသော လက်ရောက်မှု နဲ့ ရဲအရာရှိ ကျင့်ဝတ်ဖောက်ဖျက်မှုတွေနဲ့ တရားစွဲဆိုထားပြီး အစိုးရရှေ့နေတွေရဲ့ မေးမြန်းချက်တွေအတွက် ပူးပေါင်းလုပ်ဆောင် ဖို့ ခွင့်ပေးထားတယ်လို့လည်း Howard ကပြောပါတယ်။

မေလ ၂၅ ရက်နေ့က Minneapolis မြို့မှာ အာဖရိကန် အမေရိကန် အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ကမ္ဘာတလွှား ခွဲခြားဆက်ဆံမှုနဲ့ တရားမ ျှတမှုအတွက် တောင်းဆိုမှုတွေ ဆက်လက် ဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အတွက် လုပ်ဆောင်နေကြချိန်မှာ အခုလို Brooks အသတ်ခံရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG