သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ကုိ အထိနာေစမယ့္ကိစၥ ၂ ရပ္


သမၼတ Trump

(Zawgyi/Unicode)

အေမရိကန္ တရားရံုးခ်ဳပ္ က Deferred Action plan for Childhood Arrivals (DACA) လို႔ ေခၚတဲ့ ကေလးဘဝတုန္းက အေမရိကန္ ကို မိဘေတြ နဲ႔ အတူ စာရြက္စာတမ္းမရွိပဲေရာက္လာတဲ့ ကေလးေတြကို အေမရိကန္ မွာေနထိုင္ အလုပ္လုပ္ခြင့္ေပးတဲ့ အစီအစဥ္ ကို ထရမ့္ အစိုးရက ရပ္ဆိုင္းခဲ့တာဟာ တရားဥပေဒ နဲ႔ မညီဘူးလို႔ဆံုးျဖတ္ခဲ့ပါတယ္။ ဒါနဲ႔ ပတ္သက္ အက်ိဳးသက္ေရာက္မႈ ေတြကို ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုၿငိမ္းခ်မ္းက ဆက္သြယ္ ေမးျမန္းထားပါတယ္။

ေမး။ အန္ကယ္ေရ - တပတ္အတြင္း ထရမ့္ အစိုးရကို အသာမေပးတဲ့ ဆံုးျဖတ္ခ်က္ ၂ ခုကို တရားရံုးခ်ဳပ္က ခ်ခဲ့တဲ့အတြက္ တရားရံုးခ်ဳပ္က သူ႔ကို ၾကိဳက္တဲ့ပံုမရဘူးလို႔ သမၼတထရမ့္က twitter မွာ ေရးေနပါတယ္။ DACA အစီအစဥ္ နဲ႔ အေမရိကန္ မွာ ေနထိုင္လုပ္ကိုင္ခြင့္ရေနတဲ့ လူေတြက ၈ သိန္း ေလာက္ရွိတယ္ဆိုေတာ့ ဒီဟာ ရပ္ဆိုင္းတာကို တရားရံုးခ်ဳပ္ ဥပေဒနဲ႔ မညီဘူးလို႔ ဆံုးျဖတ္လိုက္တာဟာ ဒီကေလးေတြ အတြက္ ဘယ္လို အက်ိဳးသက္ေရာက္ မလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ဒီကေလးေတြအတြက္ေတာ့ ဘ၀ လံုၿခံဳမႈ ပိုရွိသြားတာေပါ့ ။ သူတို႔ဟာ ဒီမွာ ပညာသင္ၾကားခြင့္ရမယ္ အလုပ္အကိုင္ကို တရား၀င္လုပ္ကိုင္ခြင့္ရမယ္ စသျဖင့္ အဆင္ေျပသြားမွာျဖစ္ပါတယ္။ တကယ္ေတာ့ ဒီကိစၥကို သမၼတ အိုဘားမားက ခြင့္ျပဳခဲ့တာပါ။ ဒီကေလးေတြကို ကာကြယ္ေစာင့္ေရွာက္ၿပီးေတာ့ ဒီမွာ တရား၀င္ေနထိုင္ခြင့္ျပဳဖို႔အတြက္ အစီအစဥ္ရွိခဲ့တာျဖစ္ပါတယ္။ အဲဒါကို တရားရံုးခ်ဳပ္မွာ တရားသူၾကီး ၉ ဦးရွိတဲ့အနက္ ၅ ဦးက ကေလးေတြကို မပိတ္ပင္ဘူး ဆက္ၿပီးေတာ့ ေနခြင့္ျပဳမယ္ဆိုၿပီးေတာ့ သမၼတ Trump အလိုနဲ႔ ဆန္႔က်င္ၿပီး ဆံုးျဖတ္လိုက္တာျဖစ္ပါတယ္။ အဲဒီတရားသူႀကီးအဖြဲ႔ရဲ႕ ဥကၠ႒ျဖစ္တဲ့ တရားသူႀကီးခ်ဳပ္ ကိုယ္တိုင္ကလည္း John Roberts ကလည္း ဒီကိစၥမွာ သေဘာတူၿပီးေတာ့ အမ်ားသေဘာနဲ႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ေမး။ ။ ႏိုင္ငံေရး အရဘယ္ေလာက္ အေရးပါလဲ။ ေနာင္လာမယ့္ ေရြးေကာက္ပြဲမွာ သူႏိုင္ရင္ conservative တရားသူၾကီးကိုပဲ ေရြးခန္႔မယ္လို႔လည္း ေျပာေနတယ္။ အဲ့ဒါ နဲ႔ ပတ္သက္ၿပီး သံုးသပ္ေပးပါဦး။

ဦးေက်ာ္ဇံသာ။ ။ တကယ္ေတာ့ တရားရံုးခ်ဳပ္ တရားသူႀကီးကို သူေရြးတာက ၂ ေယာက္ရွိပါၿပီ။ Donald Trump တက္လာၿပီးေတာ့ conservative ေတြကိုေရြးတာပါပဲ ဒါေပမယ့္ အဲဒီလူေတြကလည္း conservative ေပမယ့္ ဒီမုိကရက္ေတြရဲ႕ အလိုအတိုင္း သူတို႔ ဆံုးျဖတ္သြား တာျဖစ္ပါတယ္ ။ သမၼတရဲ႕ ႏိုင္ငံေရးဆႏၵကို မလိုက္ေလ်ာတာ ေတြ႔ရပါတယ္။ ဆိုေတာ့ ဒီအမႈမွာလည္း ႏိုင္ငံေရးအရ ေတာ္ေတာ္ အေရးပါတဲ့ အမႈျဖစ္ပါတယ္။ တကယ္ေတာ့ အေမရိကန္ျပည္ေထာင္စုကို လူ၀င္မႈဆိုင္ရာ ေပၚလစီ immigration issue ဟာ သမၼတ Donald Trump 2016 ေရြးေကာက္ပြဲ ၀င္ခဲ့တုန္းက သူ႔ရဲ႕ Signature issue တခုျဖစ္ပါတယ္ ခြဲလို႔မရဘူး ။ ဒီလူ၀င္မႈ ကိစၥကို တရား၀င္ျဖစ္ေအာင္လုပ္မယ္ တားဆီးမယ္ဆိုတာ လုပ္ခဲ့ပါတယ္။ နယ္စပ္မွာ တံတိုင္းခတ္မယ့္ကိစၥေတြအပါအ၀င္ Deferred ျဖစ္မယ့္ကိစၥေတြ ဒါေပမယ့္ ဒီေနရာမွာ သူျပန္လည္ရုပ္သိမ္းဖို႔ လုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေနရာမွာ သူအေရးနိမ့္သြားၿပီလို႔ ဆိုရပါမယ္။ သို႔ေသာ္လည္း သူ႔ဘက္ကလူေတြက conservative တရားသူႀကီးက Clarence Thomas တို႔ကေတာ့ တရားရံုးခ်ဳပ္မွာ ဒီကိစၥ ဆံုးျဖတ္တာ ဆံုးျဖတ္ပိုင္ခြင့္မရွိပဲ ဆံုးျဖတ္တာျဖစ္တယ္ တကယ္ေတာ့ ဒီကိစၥဟာ ဥပေဒျပဳေရးျဖစ္တဲ့ congress လႊတ္ေတာ္နဲ႔ ဆိုင္တဲ့ကိစၥျဖစ္တယ္ ဆိုေတာ့ အခုကိစၥမွာ တရားရံုးခ်ဳပ္က ၀င္ေရာက္ဆံုးျဖတ္တာဟာ တရားရံုးခ်ဳပ္ကို ႏိုင္ငံေရး ကစားကြင္းသဖြယ္ ဖန္တီးလိုက္ခ်င္ျဖစ္တယ္ဆိုၿပီးေတာ့ ကန္႔ကြက္ေနပါတယ္။

ေမး။ အခုေနာက္ဆံုး အေမရိကန္ အမ်ိဳးသားလံုၿခံဳေရး အၾကံေပးေဟာင္း John Bolton ရဲ့ စာအုပ္ ကို ထုတ္ေဝခြင့္ ပိတ္ဖို႔ သမၼတ ထရမ့္ အစိုးရ က ၾကိဳးပမ္းေနပါတယ္။ ဘယ္လို အခ်က္ေတြ ပါတာေၾကာင့္လဲ။

ဦးေက်ာ္ဇံသာ။ ။ က်ေနာ္တို႔လည္း မဖတ္ရေသးပါဘူး ဒါေပမယ့္ မီဒီယာတခ်ိဳ႕က သူတို႔ ရရွိတဲ့အခ်က္အလက္တခ်ိဳ႕ကို အေျခခံၿပီးေတာ့ ေရးထားတာ ေတြ႔ရပါတယ္။ အေရးႀကီးတဲ့ ကိစၥကေတာ့ တခုတည္း ၿခံဳၿပီးေျပာရရင္ေတာ့ သမၼတ ထရမ့္ က သူ မဲအႏိုင္ရရွိေရး ကိစၥကို ႏို္င္ငံအက်ိဳးစီးပြားထက္ ဦးစားေပးတယ္ဆိုတဲ့ အခ်က္ပါပဲ ။ နမူနာအားျဖင့္ေျပာရမယ္ဆိုရင္ေတာ့ တရုတ္ႏိုင္ငံနဲ႔ အေထာက္အထားေတြ က်ေနာ္တို႔ ေတြ႔ရတာေပါ့ေနာ္ မီဒီယာမွာေရးတာ။ တရုတ္သမၼတ Xi Jinping နဲ႔ ေတြ႔တဲ့အခါမွာ တရုတ္သမၼတ Xi Jinping ကို “ ငါေရြးေကာက္ပြဲမွာ ငါ့ လယ္သမားေတြ ေထာက္ခံေအာင္ ခင္ဗ်ားလယ္ယာထြက္ပစၥည္းေတြ မ်ားမ်ား၀ယ္ေပးပါ။ ခင္ဗ်ားတို႔ဆီက ကုန္ပစၥည္းေတြ ဒီမွာမ်ားမ်ားေရာင္းေအာင္ လုပ္ေပးမယ္” ဆိုတဲ့ သေဘာမ်ိဳးေပါ့ေလ အဲဒီလို သူက ႏိုင္ငံေရးမွာ ေရြးေကာက္ပြဲမွာ ႏိုင္ဖို႔အတြက္ အေပးအယူ လုပ္ခဲ့တယ္ဆိုတဲ့ သေဘာမ်ိဳး ေရးသားတာကို ေတြ႔ရပါတယ္ အဲဒါကို ေထာက္ျပပါတယ္။ ဒါေပမယ့္ ေမးခြန္းထုတ္စရာက John Bolton ရဲ႕ Credibility ဘယ္ေလာက္ထိရွိသလဲဆိုတာျဖစ္ပါတယ္။ သူ႔ရဲ႕ ေရးသားလာတဲ့ ကိစၥေတြကို Republican ေတြကေတာ့ လံုး၀ ဆန္႔က်င္တာေပါ့ဗ်ာ ၊ သူတို႔ကို ဆန္႔က်င္ေျပာတယ္ဆုိၿပီးေတာ့ ၊ ေနာက္ ဒီမိုကရက္ေတြကလည္း လက္ခံသလားဆိုေတာ့ သူတို႔လည္း လက္မခံဘူး “It's little too late” တဲ့ သမၼတ Trump ကို impeachment နဲ႔ တရားစြဲဖို႔လုပ္တုန္းကေတာ့ ခင္ဗ်ား ဘာေၾကာင့္မထြက္ဆိုခဲ့သလဲ ၊ အခုက်ေတာ့ ဘာေၾကာင့္ေရးလာသလဲ ေျပာၾကေတာ့ John Bolton ဟာ သမၼတ Trump နဲ႔ အလုပ္လုပ္ခဲ့တဲ့ သူ႔အေတြ႔အၾကံဳကို ဘယ္လိုပဲေရးေသာ္လည္း ႏွစ္ဖက္ စလံုးရဲ႕ ေထာက္ခံမႈကို သူမရရွိပါဘူး။ ဆိုေတာ့ မဲဆႏၵရွင္ျပည္သူေတြရဲ႕ စိတ္ဆႏၵကိုေရာ ဒီစာအုပ္ေၾကာင့္ ေျပာင္းလဲသြားႏိုင္မလားဆိုတာလည္း ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္။

ေမး။ ။ ဟုတ္ကဲ့ ဒါကေတာ့ လာမယ့္ ေရြးေကာက္ပြဲမွာ ေစာင့္ၾကည့္ရမွာေပါ့ ။ အခုလို သံုးသပ္ေပးခဲ့တဲ့ ဦးေက်ာ္ဇံသာကို ေက်းဇူးတင္ပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ကဲ့

သမၼတ Trump ကုိ အထိနာေစမယ့္ကိစၥ ၂ ရပ္
please wait

No media source currently available

0:00 0:04:48 0:00
တိုက္႐ိုက္ လင့္ခ္

...............

သမ္မတ Trump ကို အထိနာစေမယ့်ကိစ္စ ၂ ရပ်

(Unicode)

အမေရိကန် တရားရုံးချုပ်က Deferred Action plan for Childhood Arrivals (DACA) လို့ ခေါ်တဲ့ ကလေးဘဝတုန်းက အမေရိကန် ကို မိဘတွေ နဲ့ အတူ စာရွက်စာတမ်းမရှိပဲရောက်လာတဲ့ ကလေးတွေကို အမေရိကန် မှာနေထိုင် အလုပ်လုပ်ခွင့်ပေးတဲ့ အစီအစဉ် ကို ထရမ့် အစိုးရက ရပ်ဆိုင်းခဲ့တာဟာ တရားဥပဒေ နဲ့ မညီဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက် အကျိုးသက်ရောက်မှု တွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ အန်ကယ်ရေ - တပတ်အတွင်း ထရမ့် အစိုးရကို အသာမပေးတဲ့ ဆုံးဖြတ်ချက် ၂ ခုကို တရားရုံးချုပ်က ချခဲ့တဲ့အတွက် တရားရုံးချုပ်က သူ့ကို ကြိုက်တဲ့ပုံမရဘူးလို့ သမ္မတထရမ့်က twitter မှာ ရေးနေပါတယ်။ DACA အစီအစဉ် နဲ့ အမေရိကန် မှာ နေထိုင်လုပ်ကိုင်ခွင့်ရနေတဲ့ လူတွေက ၈ သိန်း လောက်ရှိတယ်ဆိုတော့ ဒီဟာ ရပ်ဆိုင်းတာကို တရားရုံးချုပ် ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်တာဟာ ဒီကလေးတွေ အတွက် ဘယ်လို အကျိုးသက်ရောက် မလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဒီကလေးတွေအတွက်တော့ ဘ၀ လုံခြုံမှု ပိုရှိသွားတာပေါ့ ။ သူတို့ဟာ ဒီမှာ ပညာသင်ကြားခွင့်ရမယ် အလုပ်အကိုင်ကို တရားဝင်လုပ်ကိုင်ခွင့်ရမယ် စသဖြင့် အဆင်ပြေသွားမှာဖြစ်ပါတယ်။ တကယ်တော့ ဒီကိစ္စကို သမ္မတ အိုဘားမားက ခွင့်ပြုခဲ့တာပါ။ ဒီကလေးတွေကို ကာကွယ်စောင့်ရှောက်ပြီးတော့ ဒီမှာ တရားဝင်နေထိုင်ခွင့်ပြုဖို့အတွက် အစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကို တရားရုံးချုပ်မှာ တရားသူကြီး ၉ ဦးရှိတဲ့အနက် ၅ ဦးက ကလေးတွေကို မပိတ်ပင်ဘူး ဆက်ပြီးတော့ နေခွင့်ပြုမယ်ဆိုပြီးတော့ သမ္မတ Trump အလိုနဲ့ ဆန့်ကျင်ပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အဲဒီတရားသူကြီးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ တရားသူကြီးချုပ် ကိုယ်တိုင်ကလည်း John Roberts ကလည်း ဒီကိစ္စမှာ သဘောတူပြီးတော့ အများသဘောနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ နိုင်ငံရေး အရဘယ်လောက် အရေးပါလဲ။ နောင်လာမယ့် ရွေးကောက်ပွဲမှာ သူနိုင်ရင် conservative တရားသူကြီးကိုပဲ ရွေးခန့်မယ်လို့လည်း ပြောနေတယ်။ အဲ့ဒါ နဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။

ဦးကျော်ဇံသာ။ ။ တကယ်တော့ တရားရုံးချုပ် တရားသူကြီးကို သူရွေးတာက ၂ ယောက်ရှိပါပြီ။ Donald Trump တက်လာပြီးတော့ conservative တွေကိုရွေးတာပါပဲ ဒါပေမယ့် အဲဒီလူတွေကလည်း conservative ပေမယ့် ဒီမိုကရက်တွေရဲ့ အလိုအတိုင်း သူတို့ ဆုံးဖြတ်သွား တာဖြစ်ပါတယ် ။ သမ္မတရဲ့ နိုင်ငံရေးဆန္ဒကို မလိုက်လျောတာ တွေ့ရပါတယ်။ ဆိုတော့ ဒီအမှုမှာလည်း နိုင်ငံရေးအရ တော်တော် အရေးပါတဲ့ အမှုဖြစ်ပါတယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စုကို လူဝင်မှုဆိုင်ရာ ပေါ်လစီ immigration issue ဟာ သမ္မတ Donald Trump 2016 ရွေးကောက်ပွဲ ဝင်ခဲ့တုန်းက သူ့ရဲ့ Signature issue တခုဖြစ်ပါတယ် ခွဲလို့မရဘူး ။ ဒီလူဝင်မှု ကိစ္စကို တရားဝင်ဖြစ်အောင်လုပ်မယ် တားဆီးမယ်ဆိုတာ လုပ်ခဲ့ပါတယ်။ နယ်စပ်မှာ တံတိုင်းခတ်မယ့်ကိစ္စတွေအပါအဝင် Deferred ဖြစ်မယ့်ကိစ္စတွေ ဒါပေမယ့် ဒီနေရာမှာ သူပြန်လည်ရုပ်သိမ်းဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သူအရေးနိမ့်သွားပြီလို့ ဆိုရပါမယ်။ သို့သော်လည်း သူ့ဘက်ကလူတွေက conservative တရားသူကြီးက Clarence Thomas တို့ကတော့ တရားရုံးချုပ်မှာ ဒီကိစ္စ ဆုံးဖြတ်တာ ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ဆုံးဖြတ်တာဖြစ်တယ် တကယ်တော့ ဒီကိစ္စဟာ ဥပဒေပြုရေးဖြစ်တဲ့ congress လွှတ်တော်နဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ် ဆိုတော့ အခုကိစ္စမှာ တရားရုံးချုပ်က ဝင်ရောက်ဆုံးဖြတ်တာဟာ တရားရုံးချုပ်ကို နိုင်ငံရေး ကစားကွင်းသဖွယ် ဖန်တီးလိုက်ချင်ဖြစ်တယ်ဆိုပြီးတော့ ကန့်ကွက်နေပါတယ်။

မေး။ အခုနောက်ဆုံး အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း John Bolton ရဲ့ စာအုပ် ကို ထုတ်ဝေခွင့် ပိတ်ဖို့ သမ္မတ ထရမ့် အစိုးရ က ကြိုးပမ်းနေပါတယ်။ ဘယ်လို အချက်တွေ ပါတာကြောင့်လဲ။

ဦးကျော်ဇံသာ။ ။ ကျနော်တို့လည်း မဖတ်ရသေးပါဘူး ဒါပေမယ့် မီဒီယာတချို့က သူတို့ ရရှိတဲ့အချက်အလက်တချို့ကို အခြေခံပြီးတော့ ရေးထားတာ တွေ့ရပါတယ်။ အရေးကြီးတဲ့ ကိစ္စကတော့ တခုတည်း ခြုံပြီးပြောရရင်တော့ သမ္မတ ထရမ့် က သူ မဲအနိုင်ရရှိရေး ကိစ္စကို နိုင်ငံအကျိုးစီးပွားထက် ဦးစားပေးတယ်ဆိုတဲ့ အချက်ပါပဲ ။ နမူနာအားဖြင့်ပြောရမယ်ဆိုရင်တော့ တရုတ်နိုင်ငံနဲ့ အထောက်အထားတွေ ကျနော်တို့ တွေ့ရတာပေါ့နော် မီဒီယာမှာရေးတာ။ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့တဲ့အခါမှာ တရုတ်သမ္မတ Xi Jinping ကို “ ငါရွေးကောက်ပွဲမှာ ငါ့ လယ်သမားတွေ ထောက်ခံအောင် ခင်ဗျားလယ်ယာထွက်ပစ္စည်းတွေ များများဝယ်ပေးပါ။ ခင်ဗျားတို့ဆီက ကုန်ပစ္စည်းတွေ ဒီမှာများများရောင်းအောင် လုပ်ပေးမယ်” ဆိုတဲ့ သဘောမျိုးပေါ့လေ အဲဒီလို သူက နိုင်ငံရေးမှာ ရွေးကောက်ပွဲမှာ နိုင်ဖို့အတွက် အပေးအယူ လုပ်ခဲ့တယ်ဆိုတဲ့ သဘောမျိုး ရေးသားတာကို တွေ့ရပါတယ် အဲဒါကို ထောက်ပြပါတယ်။ ဒါပေမယ့် မေးခွန်းထုတ်စရာက John Bolton ရဲ့ Credibility ဘယ်လောက်ထိရှိသလဲဆိုတာဖြစ်ပါတယ်။ သူ့ရဲ့ ရေးသားလာတဲ့ ကိစ္စတွေကို Republican တွေကတော့ လုံး၀ ဆန့်ကျင်တာပေါ့ဗျာ ၊ သူတို့ကို ဆန့်ကျင်ပြောတယ်ဆိုပြီးတော့ ၊ နောက် ဒီမိုကရက်တွေကလည်း လက်ခံသလားဆိုတော့ သူတို့လည်း လက်မခံဘူး “It's little too late” တဲ့ သမ္မတ Trump ကို impeachment နဲ့ တရားစွဲဖို့လုပ်တုန်းကတော့ ခင်ဗျား ဘာကြောင့်မထွက်ဆိုခဲ့သလဲ ၊ အခုကျတော့ ဘာကြောင့်ရေးလာသလဲ ပြောကြတော့ John Bolton ဟာ သမ္မတ Trump နဲ့ အလုပ်လုပ်ခဲ့တဲ့ သူ့အတွေ့အကြုံကို ဘယ်လိုပဲရေးသော်လည်း နှစ်ဖက် စလုံးရဲ့ ထောက်ခံမှုကို သူမရရှိပါဘူး။ ဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဆန္ဒကိုရော ဒီစာအုပ်ကြောင့် ပြောင်းလဲသွားနိုင်မလားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဒါကတော့ လာမယ့် ရွေးကောက်ပွဲမှာ စောင့်ကြည့်ရမှာပေါ့ ။ အခုလို သုံးသပ်ပေးခဲ့တဲ့ ဦးကျော်ဇံသာကို ကျေးဇူးတင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG