သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID လူနာ စံခ်ိန္တင္တိုးလာတဲ့ အိႏၵိယမွာ က်န္းမာေရး၀န္ထမ္းေတြရဲ႕ ခြင့္ေတြ ပယ္ဖ်က္


မြမ္ဘုိင္းၿမိဳ႕မွာ အမ်ဳိးသမီးကို COVID-19 ကူးစက္မႈရွိမရွိ စစ္ေဆးႏုိင္ေရး လုပ္ေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇြန္ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံ ၿမိဳ႕ေတာ္ နယူးေဒလီက ေဆး႐ုံေတြမွာ ခြင့္ယူထားတဲ့ က်န္းမာေရးဝန္ထမ္းေတြအားလုံး အျမန္ဆုံး အလုပ္ျပန္ဝင္ၾကဖို႔ အစိုးရက အမိန္႔ထုတ္ျပန္ထားခ်ိန္မွာပဲ အိႏၵိယႏုိင္ငံထဲ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈကလည္း စံခ်ိန္တင္ ျမင့္တက္လာေနပါတယ္။

ခြင့္ယူထားသူေတြ အလုပ္ျပန္ဆင္းဖို႔ ညႊန္ၾကားခ်က္ထုတ္ျပန္ၿပီး ေနာက္တရက္ စေနေန႔မွာ ေရာဂါကူးစက္မႈ ၁၄,၅၁၆ ရွိခဲ့ၿပီး တရက္တည္း ကူးစက္မႈႏႈန္းလည္း စံခ်ိန္တင္သြားခဲ့ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၃၀၉,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၂,၉၀၀ ေက်ာ္ရွိလို႔ အိႏၵိယႏုိင္ငံဟာ အေမရိကန္၊ ဘရာဇီးနဲ႔ ႐ုရွားႏုိင္ငံတို႔ၿပီးရင္ ကမၻာေပၚမွာ စတုတၳေျမာက္ ေရာဂါကူးစက္မႈ အမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

နယူးေဒလီၿမိဳ႕တြင္း အစိုးရေဆး႐ုံေတြမွာ ဝန္ထမ္းေတြကို ခြင့္ခံစားခြင့္ေတြ ျပန္႐ုပ္သိမ္းဖို႔နဲ႔ မယူမျဖစ္ အေျခအေနက်မွ ခြင့္ယူဖို႔ ေဒလီၿမိဳ႕ေတာ္ အစိုးရက ေသာၾကာေန႔က အမိန္႔ထုတ္ခဲ့တာပါ။

ေဒလီနဲ႔ မြမ္ဘုိင္းၿမိဳ႕ႀကီးေတြက ေဆး႐ုံေတြမွာ မႏုိင္မနင္းျဖစ္လာတဲ့ အေျခအေနကို စိုးရိမ္တာေၾကာင့္ ကိုယ့္ႏုိင္ငံသားေတြကို အိႏၵိယထဲကေန ထြက္ခြာခိုင္းေနတဲ့ ႏုိင္ငံေတြလည္း တေန႔တျခား ပိုမ်ားလာေနပါတယ္။

အခုေနာက္ဆုံး ကယ္ဆယ္ေရးေလယာဥ္ စီစဥ္ေပးတဲ့ႏုိင္ငံက အုိင္ယာလန္ႏုိင္ငံျဖစ္ၿပီး လာမယ့္ရက္ေတြထဲ COVID-19 လူနာေတြအတြက္ေရာ တျခား က်န္းမာေရးကိစၥေတြအတြက္ပါ ေဆးကုသခံယူေရးအပိုင္းမွာ အခက္အခဲေတြ ရွိလာႏုိင္ေၾကာင္း အုိင္ယာလန္သံ႐ုံး ဒုတိယအတြင္းဝန္ Máirtín Cronin က အီးေမးလ္မွာ ေရးသားထားတယ္လို႔ ႐ုိက္တာသတင္းက ေျပာပါတယ္။

မတ္လကတည္းက ဂ်ာမနီ၊ ျပင္သစ္၊ အီတလီ၊ တ႐ုတ္၊ မေလးရွား အပါအဝင္ ႏုိင္ငံအေတာ္မ်ားမ်ားက သူတို႔ႏုိင္ငံသားေတြကို ျပန္လည္ေခၚယူဖို႔အေရး အစိုးရနဲ႔ ညႇိႏႈိင္းေဆာင္ရြက္ခဲ့ေၾကာင္း အိႏၵိယ သတင္းဌာနေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

COVID လူနာ စံချိန်တင်တိုးလာတဲ့ အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခွင့်တွေ ပယ်ဖျက်

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ဆေးရုံတွေမှာ ခွင့်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး အမြန်ဆုံး အလုပ်ပြန်ဝင်ကြဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားချိန်မှာပဲ အိန္ဒိယနိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကလည်း စံချိန်တင် မြင့်တက်လာနေပါတယ်။

ခွင့်ယူထားသူတွေ အလုပ်ပြန်ဆင်းဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး နောက်တရက် စနေနေ့မှာ ရောဂါကူးစက်မှု ၁၄,၅၁၆ ရှိခဲ့ပြီး တရက်တည်း ကူးစက်မှုနှုန်းလည်း စံချိန်တင်သွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၃၀၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၂,၉၀၀ ကျော်ရှိလို့ အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် ရောဂါကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

နယူးဒေလီမြို့တွင်း အစိုးရဆေးရုံတွေမှာ ဝန်ထမ်းတွေကို ခွင့်ခံစားခွင့်တွေ ပြန်ရုပ်သိမ်းဖို့နဲ့ မယူမဖြစ် အခြေအနေကျမှ ခွင့်ယူဖို့ ဒေလီမြို့တော် အစိုးရက သောကြာနေ့က အမိန့်ထုတ်ခဲ့တာပါ။

ဒေလီနဲ့ မွမ်ဘိုင်းမြို့ကြီးတွေက ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်လာတဲ့ အခြေအနေကို စိုးရိမ်တာကြောင့် ကိုယ့်နိုင်ငံသားတွေကို အိန္ဒိယထဲကနေ ထွက်ခွာခိုင်းနေတဲ့ နိုင်ငံတွေလည်း တနေ့တခြား ပိုများလာနေပါတယ်။

အခုနောက်ဆုံး ကယ်ဆယ်ရေးလေယာဉ် စီစဉ်ပေးတဲ့နိုင်ငံက အိုင်ယာလန်နိုင်ငံဖြစ်ပြီး လာမယ့်ရက်တွေထဲ COVID-19 လူနာတွေအတွက်ရော တခြား ကျန်းမာရေးကိစ္စတွေအတွက်ပါ ဆေးကုသခံယူရေးအပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်ကြောင်း အိုင်ယာလန်သံရုံး ဒုတိယအတွင်းဝန် Máirtín Cronin က အီးမေးလ်မှာ ရေးသားထားတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

မတ်လကတည်းက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ တရုတ်၊ မလေးရှား အပါအဝင် နိုင်ငံအတော်များများက သူတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့အရေး အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယ သတင်းဌာနတွေက ပြောပါတယ်။

XS
SM
MD
LG