သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါထိန္းခ်ဳပ္ေရး ညႊန္ၾကားခ်က္ေတြလုိက္နာဖုိ႔ က်န္းမာေရး၀န္ႀကီး သတိေပး


အိမ္တိုင္ယာေရာက္ ကိုယ္အပူခ်ိန္တိုင္းတာေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုအတြင္းတြင္ ေတြ႔ရ။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာျပည္တြင္း COVID-19 ကူးစက္မႈကုိ ထိန္းခ်ဳပ္ထားႏုိင္ဖို႔က ျပည္သူလူထုရဲ႕ လိုက္နာေဆာင္ရြက္မႈအေပၚ အေျခခံတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးက သတိေပးေျပာဆိုထားပါတယ္။ ဒီအေၾကာင္းကို ဗီြအုိေအျမန္မာပုိင္းသတင္းေထာက္ မစုစုက ေျပာျပသြားမွာပါ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ ၈ နာရီ ထုတ္ျပန္ၿပီးခ်ိန္အထိဆို ကုိဗစ္ဓာတ္ခြဲအတည္ျပဳလူနာ ၂၉၀ ရွိထားၿပီး၊ အဲဒီထဲက အေယာက္ ၂၀၀ ဟာ ေရာဂါပုိးကင္းစင္လာၿပီးေတာ့ ေသဆံုးသူကေတာ့ ၆ ဦး ရွိထားပါတယ္။

ဓာတ္ခြဲအတည္ျပဳခ်က္ေတြအရဆုိ လူနာအသစ္ေတြဟာ ျပည္ေတာ္ျပန္ေတြထဲက ျဖစ္ၿပီးေတာ့ သူတုိ႔ကုိ သီးျခားထားေစာင့္ၾကည့္ၿပီး ဒီေရာဂါရွိလာသူေတြကုိေတာ့ ေသခ်ာေဆာင္ရြက္ကုသေပးေနတယ္လို႔ သိရပါတယ္။

ကိုဗစ္ေရာဂါျဖစ္ပြားမႈဟာ ျပည္တြင္းမွာ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကုိလည္း ျပည္သူေတြလိုက္နာဖုိ႔ကုိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက သတိေပးထားပါတယ္။

“ျပည္သူေတြ ေဆာင္ရန္၊ ေရွာင္ရန္ကုိ လုိက္နာဖုိ႔က က်ေနာ္တို႔ရဲ႕စိန္ေခၚမႈပါ။ သူတုိ႔သည္သာ ေဆာင္ရန္၊ ေရွာင္ရန္လုပ္ က်ေနာ္တို႔ ပူစရာမလိုဘူး။ က်ေနာ္တို႔ဘက္ကေတာ့ အစြမ္းကုန္လုပ္သင့္လုပ္ထုိက္တာ မွန္သမွ်အားလံုးလုပ္ၿပီးပါၿပီ။ အခုပံုစံအတိုင္း လူတိုင္းလူတုိင္းသည္ ေဆာင္ရန္၊ ေရွာင္ရန္ေတြကုိသာ တိတိက်က်လုပ္ ဒီေရာဂါျပန္မတက္ေတာ့ဘူး။”

ဓါတ္ခဲြနမူနာယူျပီး ေရာဂါပိုးေတြ႔ရွိသူေတြထဲမွာ တဝက္ေက်ာ္ဟာ ေရာဂါလကၡဏာ မျပဘဲ COVID-19 ေရာဂါပိုးေတြ႕ရိွရတာေၾကာင့္ မေပါ့ဆဖို႔ကိုလည္း က်န္းမာေရးဝန္ႀကီးက သတိေပးခဲ့ပါတယ္။

ျပည္နယ္နဲ႔တုိင္းအလိုက္ ကုိဗစ္ေရာဂါေတြ႕ရွိမႈမွာေတာ့ ရန္ကုန္တုိင္း၊ အင္းစိန္ၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာ ၄၉ ဦးအထိ အမ်ားဆံုးေတြ႕ရွိခဲ့တာပါ။

ျပည္တြင္းကူးစက္ႏႈန္းတက္ေနခ်ိန္ ကာလတုန္းက လုိက္နာရမယ့္အခ်က္ေတြကုိ တိတိက်က် ေဆာင္ရြက္ခဲ့ၾကေပမယ့္ အခုခါမွာေတာ့ လိုက္နာမႈ အားနည္းလာတာကို ေတြ႕ရတယ္လို႔ အင္းစိန္၊ ရန္ကုန္တိုင္းလႊတ္ေတာ္အမတ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

“အင္းစိန္အေနနဲ႕ကေတာ့ ေလာေလာဆယ္ စားေသာက္ဆုိင္ေတြကေတာ့ ျပန္ဖြင့္ေနတဲ့အေနအထားရွိေနၿပီေပါ့ေနာ္။ တခ်ိဳ႕စားေသာက္ဆုိင္ေတြကေတာ့ ကာၿပီးေတာ့ေရာင္းခ်ေနၾကတာေပါ့ဗ်ာ။ က်န္းမာေရးဌာနညႊန္ၾကားခ်က္အတုိင္းေတာ့ သူတို႔လိုက္လုပ္ေနတာေလးေတြေတာ့ ရွိတာေပါ့။ ဒါေပမဲ့ လူအမ်ားစုကေတာ့ နည္းနည္းေလး ေပါ့ေလ်ာ့မႈအပိုင္းေလးေတြေတာ့ ရွိလာတာေပါ့။ ေပါ့ေလ်ာ့မႈအပုိင္းဆိုတာကေတာ့ Mask တပ္တဲ့အပုိင္းေလးေတြေတာ့ ေလ်ာ့ရိေလ်ာ့ရဲျဖစ္လာတာေတြေတာ့ က်ေနာ္တို႔လည္း သတိထားမိပါတယ္။”

အိမ္ျပင္မထြက္ဘဲ လူစုလူေဝးရွိတဲ့ေနရာေတြကုိ ေရွာင္ၾကဥ္ဖို႔၊ ပါးစပ္နဲ႔ႏွာေခါင္းစည္း Mask တို႔ကုိ အျပင္သြားတုိင္းတပ္ဖို႔အပါအဝင္ တဦးနဲ႔တဦး အနည္းဆံုး ၆ ေပအကြာမွာေနထုိင္ဖုိ႔နဲ႔ လက္ကုိဆပ္ျပာနဲ႔ စကၠန္႔ ၂၀ ၾကာေအာင္ေဆးေၾကာဖုိ႔။ အဲဒီလိုအေျခခံအက်ဆံုး ၄ခ်က္ကုိ မျဖစ္မေနလိုက္နာက်င့္သံုးဖို႔ က်န္းမာေရးဌာနက တုိက္တြန္းထားတာပါ။

က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြကုိ ထိန္းသိမ္းထားႏုိင္ခဲ့လို႔ ျပည္တြင္းမွာ ကိုဗစ္ပထမလႈိင္းကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ၿပီး ပုိႀကီးမားတဲ့ အခက္အခဲေတြကုိ ေက်ာ္လႊားဖို႔ ျပင္ဆင္ရမယ္ဆိုတာကုိ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ကလည္း သူရဲ႕လူမႈကြန္ယက္မွာ သတိေပးေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါထိန်းချုပ်ရေး ညွှန်ကြားချက်တွေလိုက်နာဖို့ ကျန်းမာရေးဝန်ကြီး သတိပေး

မြန်မာပြည်တွင်း COVID-19 ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ဖို့က ပြည်သူလူထုရဲ့ လိုက်နာဆောင်ရွက်မှုအပေါ် အခြေခံတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက သတိပေးပြောဆိုထားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ၈ နာရီ ထုတ်ပြန်ပြီးချိန်အထိဆို ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၂၉၀ ရှိထားပြီး၊ အဲဒီထဲက အယောက် ၂၀၀ ဟာ ရောဂါပိုးကင်းစင်လာပြီးတော့ သေဆုံးသူကတော့ ၆ ဦး ရှိထားပါတယ်။

ဓာတ်ခွဲအတည်ပြုချက်တွေအရဆို လူနာအသစ်တွေဟာ ပြည်တော်ပြန်တွေထဲက ဖြစ်ပြီးတော့ သူတို့ကို သီးခြားထားစောင့်ကြည့်ပြီး ဒီရောဂါရှိလာသူတွေကိုတော့ သေချာဆောင်ရွက်ကုသပေးနေတယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ ပြည်တွင်းမှာထိန်းချုပ်ထားနိုင်ခဲ့ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကိုလည်း ပြည်သူတွေလိုက်နာဖို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးထားပါတယ်။

“ပြည်သူတွေ ဆောင်ရန်၊ ရှောင်ရန်ကို လိုက်နာဖို့က ကျနော်တို့ရဲ့စိန်ခေါ်မှုပါ။ သူတို့သည်သာ ဆောင်ရန်၊ ရှောင်ရန်လုပ် ကျနော်တို့ ပူစရာမလိုဘူး။ ကျနော်တို့ဘက်ကတော့ အစွမ်းကုန်လုပ်သင့်လုပ်ထိုက်တာ မှန်သမျှအားလုံးလုပ်ပြီးပါပြီ။ အခုပုံစံအတိုင်း လူတိုင်းလူတိုင်းသည် ဆောင်ရန်၊ ရှောင်ရန်တွေကိုသာ တိတိကျကျလုပ် ဒီရောဂါပြန်မတက်တော့ဘူး။”

ဓါတ်ခွဲနမူနာယူပြီး ရောဂါပိုးတွေ့ရှိသူတွေထဲမှာ တဝက်ကျော်ဟာ ရောဂါလက္ခဏာ မပြဘဲ COVID-19 ရောဂါပိုးတွေ့ရှိရတာကြောင့် မပေါ့ဆဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။

ပြည်နယ်နဲ့တိုင်းအလိုက် ကိုဗစ်ရောဂါတွေ့ရှိမှုမှာတော့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာ ၄၉ ဦးအထိ အများဆုံးတွေ့ရှိခဲ့တာပါ။

ပြည်တွင်းကူးစက်နှုန်းတက်နေချိန် ကာလတုန်းက လိုက်နာရမယ့်အချက်တွေကို တိတိကျကျ ဆောင်ရွက်ခဲ့ကြပေမယ့် အခုခါမှာတော့ လိုက်နာမှုအားနည်းလာတာကို တွေ့ရတယ်လို့ အင်းစိန်၊ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

“အင်းစိန်အနေနဲ့ကတော့ လောလောဆယ် စားသောက်ဆိုင်တွေကတော့ ပြန်ဖွင့်နေတဲ့အနေအထားရှိနေပြီပေါ့နော်။ တချို့စားသောက်ဆိုင်တွေကတော့ ကာပြီးတော့ရောင်းချနေကြတာပေါ့ဗျာ။ ကျန်းမာရေးဌာနညွှန်ကြားချက်အတိုင်းတော့ သူတို့လိုက်လုပ်နေတာလေးတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ လူအများစုကတော့ နည်းနည်းလေး ပေါ့လျော့မှုအပိုင်းလေးတွေတော့ ရှိလာတာပေါ့။ ပေါ့လျော့မှုအပိုင်းဆိုတာကတော့ Mask တပ်တဲ့အပိုင်းလေးတွေတော့ လျော့ရိလျော့ရဲဖြစ်လာတာတွေတော့ ကျနော်တို့လည်း သတိထားမိပါတယ်။”

အိမ်ပြင်မထွက်ဘဲ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်ဖို့၊ ပါးစပ်နဲ့နှာခေါင်းစည်း Mask တို့ကို အပြင်သွားတိုင်းတပ်ဖို့အပါအဝင် တဦးနဲ့တဦး အနည်းဆုံး ၆ ပေအကွာမှာနေထိုင်ဖို့နဲ့ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ကြာအောင်ဆေးကြောဖို့။ အဲဒီလိုအခြေခံအကျဆုံး ၄ချက်ကို မဖြစ်မနေလိုက်နာကျင့်သုံးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားတာပါ။

ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ထိန်းသိမ်းထားနိုင်ခဲ့လို့ ပြည်တွင်းမှာ ကိုဗစ်ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပိုကြီးမားတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ ပြင်ဆင်ရမယ်ဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူရဲ့လူမှုကွန်ယက်မှာ သတိပေးရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG