[Zawgyi/Unicode]
ရခိုင္ျပည္နယ္တြင္း လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ကေလးသူငယ္ေတြ အသက္ ဆုံးရႈံးမႈနဲ႔ ထိခိုက္ ဒဏ္ရာရၿပီး ကိုယ္လက္အဂၤါ ဆုံးရႈံးတဲ့ႏႈန္းက ျမင့္တက္လာေနတယ္လို႔ ကေလးသူငယ္မ်ား ေစာင့္ေရွာက္ေရးအဖြဲ႕ Save the Children အဖဲြ႔က သတိေပးလုိက္ပါတယ္။
ကပ္ေရာဂါကာလ အပစ္ရပ္ဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေမတၱာရပ္ခံထားတဲ့ ၾကားက ဆက္လက္ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္တြင္းက တိုက္ပြဲေတြေၾကာင့္ ဒီႏွစ္ ပထမသုံးလကာလ ကေလးေတြ ထိခိုက္ေသဆုံးႏႈန္းက ၿပီးခဲ့တဲ့ႏွစ္ ေႏွာင္းပိုင္း သုံးလတာကာလထက္ ၆ ဆ ျမင့္တက္လာ ခဲ့တယ္လို႔ ၿဗိတိန္အေျခစုိက္ Save the Children အဖြဲ႕က ေျပာပါတယ္။
ဒီႏွစ္ ဇန္နဝါရီလက မတ္လအတြင္း ရခိုင္ျပည္နယ္ အလယ္ပိုင္း တေနရာတည္းမွာပဲ ကေလး ၁၈ ေယာက္ ေသဆုံးခဲ့ၿပီး ၇၁ ေယာက္ ကိုယ္လက္အဂၤါ ထိခိုက္ဒဏ္ရာရခဲ့သလုိ၊ မႏွစ္ ေအာက္တိုဘာလက ဒီဇင္ဘာလအတြင္းမွာေတာ့ ကေလး ၃ ေယာက္ အသက္ဆုံးရႈံးၿပီး ၁၂ ေယာက္ ထိခိုက္ ဒဏ္ရာရရွိခဲ့တယ္လုိ႔လည္း ေျပာပါတယ္။
၂၀၁၈ ခုႏွစ္ ေႏွာင္းပိုင္းက စတင္ျဖစ္ပြားခဲတဲ့ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA အၾကား တိုက္ပြဲေတြက ဒီႏွစ္ထဲ ပိုၿပီး ျပင္းထန္လာခဲ့တာပါ။
ရခိုင္ျပည္နယ္ အလယ္ပိုင္းမွာ အခုလို ကေလးေတြအေပၚ အၾကမ္းဖက္က်ဴးလြန္မႈေတြ ျမင့္တက္လာေနေပမဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာေတာ့ မႏွစ္ေအာက္တိုဘာက ဒီႏွစ္ မတ္လအတြင္း ကေလးေတြ ထိခိုက္ ေသဆုံးမႈႏႈန္း သိသိသာသာ က်ဆင္းခဲ့တယ္လို႔ Save the Children အဖြဲ႕က ေျပာပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံအတြင္း ပဋိပကၡေတြမွာ ထိခိုက္ ေသဆုံး ဒဏ္ရာရသူအားလုံးရဲ႕ ၃၅ ရာခိုင္ႏႈန္းက ကေလးသူငယ္ေတြ ျဖစ္ေနတယ္လို႔လည္း ဆိုပါတယ္။
ၿပီးခဲ့တဲ့ အပတ္က ထုတ္ျပန္တဲ့ ကုလသမဂၢရဲ႕ ကေလးသူငယ္မ်ားနဲ႔ လက္နက္ကိုင္ ပဋိပကၡဆိုင္ရာ ၂၀၁၉ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံထဲ ကေလးသူငယ္ေတြအေပၚ က်ဴးလြန္တဲ့ အၾကမ္းဖက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေပၚေနေၾကာင္း ေဖာ္ျပထားတာေၾကာင့္ ျမန္မာႏိုင္ငံထဲက လက္နက္ကိုင္တပ္ဖြဲ႕ေတြအေနနဲ႔ ကေလးေတြကို အကာအကြယ္ေပးဖို႔ အေရးယူမႈေတြ အလ်င္အျမန္ ေဆာင္႐ြက္ၾကဖို႔ Save the Children အဖြဲ႕က တိုက္တြန္း ထားပါတယ္ ရွင္။
[Unicode Version]
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ကလေးငယ်တွေ ထိခိုက်သေဆုံးမှု ၆ ဆတိုး
ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ အသက် ဆုံးရှုံးမှုနဲ့ ထိခိုက် ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့နှုန်းက မြင့်တက်လာနေတယ်လို့ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ Save the Children အဖွဲ့က သတိပေးလိုက်ပါတယ်။
ကပ်ရောဂါ ကာလ အပစ်ရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မေတ္တာရပ်ခံထားတဲ့ ကြားက ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ဒီနှစ် ပထမသုံးလကာလ ကလေးတွေ ထိခိုက်သေဆုံးနှုန်းက ပြီးခဲ့တဲ့နှစ် နှောင်းပိုင်း သုံးလတာကာလထက် ၆ ဆ မြင့်တက်လာ ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Save the Children အဖွဲ့က ပြောပါတယ်။
ဒီနှစ် ဇန်နဝါရီလက မတ်လအတွင်း ရခိုင်ပြည်နယ် အလယ်ပိုင်း တနေရာတည်းမှာပဲ ကလေး ၁၈ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရခဲ့သလို၊ မနှစ် အောက်တိုဘာလက ဒီဇင်ဘာလအတွင်းမှာတော့ ကလေး ၃ ယောက် အသက်ဆုံးရှုံးပြီး ၁၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
၂၀၁၈ ခုနှစ် နှောင်းပိုင်းက စတင်ဖြစ်ပွားခဲတဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား တိုက်ပွဲတွေက ဒီနှစ်ထဲ ပိုပြီး ပြင်းထန်လာခဲ့တာပါ။
ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ အခုလို ကလေးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ မြင့်တက်လာနေပေမဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မနှစ်အောက်တိုဘာက ဒီနှစ် မတ်လအတွင်း ကလေးတွေ ထိခိုက် သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းခဲ့တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေမှာ ထိခိုက် သေဆုံး ဒဏ်ရာရသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းက ကလေးသူငယ်တွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ၂၀၁၉ အစီရင်ခံစာမှာ မြန်မာနိုင်ငံထဲ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း ဖော်ပြထားတာကြောင့် မြန်မာနိုင်ငံထဲက လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ အရေးယူမှုတွေ အလျင်အမြန် ဆောင်ရွက်ကြဖို့ Save the Children အဖွဲ့က တိုက်တွန်း ထားပါတယ် ရှင်။