သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္က တပ္မိသားစုဝင္ ၃ ဦး AA ဖမ္းဆီးထား


ရခိုင္ျပည္နယ္ ေပါက္ေတာ၀ရြာအနီးမွာ ေတြ႔ရတဲ့ ျမန္မာစစ္တပ္က တပ္ဖဲြ႔၀င္တခ်ိဳ႕။ (ေအာက္တိုဘာ ၀၃၊ ၂၀၁၃)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ နယ္ေျမခံတပ္ရင္းက တပ္မိသားစုဝင္ သံုး ဦးကို AA တပ္ဖြဲ႕ဝင္ေတြ ဖမ္းဆီးသြားၿပီး ရေသ့ေတာင္ၿမိဳ႕နယ္ ေဒသခံေတြ လုံျခံဳေရးစိုးရိမ္ေနရတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ နယ္ေျမခံတပ္ရင္းမွ တပ္မိသားစုဝင္ သံုး ဦးကို AA ရခိုင္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးသြားေၾကာင္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“သူတို႔ သံုးေယာက္ကို ဖမ္းဆီးသြားျပီး၊ ဖမ္းဆီးထားျပီးေတာ့ က်ေနာ္တို႔ ဒီတပ္မေတာ္စစ္ေၾကာင္းကေန သူတို႔ကို လိုက္လံရွာေဖြခဲ့တယ္။ ယေန႔အထိေတာ့ လိုက္စုံစမ္းဆဲပဲ။ တပ္ရင္းနာမည္ေတာ့ မေျပာေတာ့ဘူး။ ရေသ့ေတာင္မွာ ရွိတဲ့ တပ္ရင္း တရင္းကပဲ။ AA အေနနဲ႔ေတာ့ ဒီလိုမ်ိဳး ဖမ္းဆီးသြားျပီး တပ္ကလည္း လိုက္လာမယ္ျဖစ္တဲ့အတြက္ လာမယ့္ လမ္းမွာ မိုင္းေထာင္ထားတယ္။ မိုင္းေထာင္မိုင္းဆြဲတိုက္ခိုက္ခဲ့တဲ့ အျဖစ္ေတြ။”

အဖမ္းခံရသူ သံုး ဦးကို တပ္မေတာ္က လိုက္လံရွာေဖြရင္း ရေသ့ေတာင္ျမိဳ႕အနီးမွာ AA ဘက္က မိုင္းဆြဲတိုက္ခိုက္တာခံခဲ့ရတယ္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

အဖမ္းခံရသူ သံုးဦးဟာ မေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ၾကိမ္သာရြာဘက္ သြားေရာက္ရာမွာ AA အဖြဲ႕နဲ႔ အမာခံေတြကေန မေန႔မြန္းလႊဲပိုင္းမွာ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ဒီကေန႔မွာ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

တပ္မိသားစုဝင္ သံုး ဦးကို ဖမ္းဆီးထားေၾကာင္း AA ဘက္အတည္ျပဳခဲ့ျပီး ဖမ္းဆီးရတဲ့အေျခအေနကိုေတာ့ AA ေျပာခြင့္ရ ခိုင္သုခက အခုလိုေျပာပါတယ္။

“ဒီရေသ့ေတာင္ဘက္မွာ ျမန္မာစစ္တပ္ရဲ႕တပ္မိသားစု၀င္ သံုး ေယာက္ကို က်ေနာ္တို႔ ထိန္းသိမ္း စစ္ေဆးေနတာရွိတယ္။ အခုကေတာ့ စစ္ေဆးေနတုန္းပဲ မၾကာခင္ေတာ့ျပည့္ျပည့္စုံစုံ ထုတ္ျပန္ေပးသြားဖို႔ေတာ့ ရွိတယ္။ ျမန္မာစစ္တပ္ဟာ သူတို႔ တပ္ထဲမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ရခိုင္လူမ်ိဳးေတြနဲ႔ သူတို႔ မိသားစု၀င္ေတြကို အသုံးခ်ျပီးေတာ့မွ သတင္းစုံစမ္းတာေတြ ေနာက္ကင္းေထာက္လုပ္ငန္းေတြေပါ့ေနာ္။ အထူးသျဖင့္ စစ္ေထာက္လွမ္းေရးလုပ္ငန္းေတြကို သူတို႔လုပ္ေနတာ ေတြရွိတယ္ဗ်။ ေနာက္ျပီးလို႔ရွိရင္ မူဆလင္ေတြနဲ႔ ရခိုင္ေတြအၾကားမွာ ျပႆနာေတြျဖစ္ေအာင္ ဖန္တီးဖို႔ ၾကိဳးစားေနတာေတြလည္း ရွိတယ္။”

ရေသ့ေတာင္ၿမိဳ႕မွာ ခမရ (၅၃၆)၊ (၅၃၇)၊ (၅၃၈) တပ္ရင္းသံုးခု႐ွိၿပီး ယခုဖမ္းဆီးခံရသူေတြဟာ ဘယ္တပ္ရင္းကဆိုတာ ရွင္းရွင္းလင္းလင္း ထုတ္ေဖၚတာ မရွိပါဘူး။

ၾကိမ္သာရြာဟာ ရေသ့ေတာင္ၿမိဳ႕နဲ႔ ၇ မိုင္ေလာက္ေ၀းျပီး တပ္မိသားစုဝင္ ၃ ဦး အဲဒီရြာကိုသြားတဲ့အေပၚ ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ ရေသ့ေတာင္ျမိဳ႕ခံ တဦးကဆိုပါတယ္။

“ၾကိမ္သာရြာဆိုတာ ရေသ့ေတာင္နဲ႔ ေတာ္ေတာ္ေလးေ၀းတယ္။ ၇ မိုင္ေလာက္ေ၀းတယ္။ တပ္မေတာ္မိသားစု၀င္ သံုး ေယာက္က အဲဒီရြာကို ဘာလုပ္ဖို႔ သြားတာလဲ။ တပ္ထဲကမိသားစုေတြက ျမိဳ႕ေပၚကို ေစ်းလာ၀ယ္တာေတာင္ လုံျခံဳေရး ယူနီေဖာင္း လက္နက္က်ည္ အျပည့္ အဲဒီလိုရံျပီးေတာ့မွ ၀င္တာဗ်။ အဲဒီၾကိမ္သာဘက္သြားဖို႕ဆိုရင္ သူတို႔ဘာ ဘယ္လို ျဖစ္ခ်င္တာလည္း က်ေနာ္ မသိဘူး။ ဆိုေတာ့ က်ေနာ္ေမးခ်င္တာေလ။”

ဖမ္းဆီးခံရတဲ့သူေတြရဲ႕သတင္း စုံစမ္းလို႔ မရေသးသလို ေဒသခံၾကိမ္ေခ်ာင္းရြာသားေတြနဲ႔ အနီး၀န္းက်င္ရြာက ရြာသားေတြ ေနရပ္ကေန တိမ္းေရွာင္ေနၾကတယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာပါတယ္။

“အဲတာစုံစမ္းလို႔ မရေသးဘူး။ အဲဒီရြာမွာလည္း ရွိတယ္။ အခု စစ္ေၾကာင္းေလ။ ဒါေပမဲ့ အဲဒီတရြာလုံးက ထြက္ေျပးသြားျပီ။ ထြက္ေျပးတဲ့ရြာကို ဖုန္းဆက္ဖို႔ ေတာ္ေတာ္ေလးခက္တာ။ အခုေျပးေနတာက အကုန္လုံး ၁၀ ရြာေလာက္ရွိတယ္။”

လက္႐ွိမွာ နယ္ေျမခံလံုၿခံဳေရးတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးေခၚေဆာင္ခံရတဲ့ တပ္မိသားစုဝင္ သံုး ဦးကို ႐ွာေဖြေနဆဲလို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္ စစ္ေရးတင္းမာဆဲအေျခအေနမွာ ျမန္မာစစ္တပ္ဘက္ကေရာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကပါ သကၤာမကင္းျဖစ္သူေတြကို အျပန္အလွန္ဖမ္းဆီးေနၾကပါတယ္။

လက္ရွိ ရေသ့ေတာင္ျမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ျပီး ျမိဳ႕ခံေတြအပါ၀င္ ေက်းရြာသား အမ်ားျပား စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ဒါ့အျပင္ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းနယ္ေျမမွာ တပ္မေတာ္မွ နယ္ေျမရွင္းလင္းမွာမို႔ ျပည္သူေတြအေနနဲ႕ ေက်းရြာကေန ေခတၱေရွာင္တိမ္းေနထိုင္ၾကဖို႔ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကေန အမိန္႔ထုတ္ျပန္ထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ တပ္မေတာ္ဘက္က အင္အားျဖည့္တင္းထားသလို ေဒသႏၱရအမိန္႔ ထုတ္ျပန္ထားတဲ့ အေျခအေနေတြေၾကာင့္ ႏွစ္ဘက္တိုက္ပြဲျပင္းထန္မယ့္ အေျခအေနရွိေနပါတယ္။

ရေသ့ေတာင္က တပ္မိသားစုဝင္ ၃ ဦး AA ဖမ္းဆီးထား
please wait

No media source currently available

0:00 0:03:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်က တပ်မိသားစုဝင် ၃ ဦး AA ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းက တပ်မိသားစုဝင် သုံး ဦးကို AA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားပြီး ရသေ့တောင်မြို့နယ် ဒေသခံတွေ လုံခြုံရေးစိုးရိမ်နေရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင် သုံး ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“သူတို့ သုံးယောက်ကို ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးထားပြီးတော့ ကျနော်တို့ ဒီတပ်မတော်စစ်ကြောင်းကနေ သူတို့ကို လိုက်လံရှာဖွေခဲ့တယ်။ ယနေ့အထိတော့ လိုက်စုံစမ်းဆဲပဲ။ တပ်ရင်းနာမည်တော့ မပြောတော့ဘူး။ ရသေ့တောင်မှာ ရှိတဲ့ တပ်ရင်း တရင်းကပဲ။ AA အနေနဲ့တော့ ဒီလိုမျိုး ဖမ်းဆီးသွားပြီး တပ်ကလည်း လိုက်လာမယ်ဖြစ်တဲ့အတွက် လာမယ့် လမ်းမှာ မိုင်းထောင်ထားတယ်။ မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ အဖြစ်တွေ။”

အဖမ်းခံရသူ သုံး ဦးကို တပ်မတော်က လိုက်လံရှာဖွေရင်း ရသေ့တောင်မြို့အနီးမှာ AA ဘက်က မိုင်းဆွဲတိုက်ခိုက်တာခံခဲ့ရတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အဖမ်းခံရသူ သုံးဦးဟာ မနေ့က ရသေ့တောင်မြို့နယ် ကြိမ်သာရွာဘက် သွားရောက်ရာမှာ AA အဖွဲ့နဲ့ အမာခံတွေကနေ မနေ့မွန်းလွှဲပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီကနေ့မှာ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မိသားစုဝင် သုံး ဦးကို ဖမ်းဆီးထားကြောင်း AA ဘက်အတည်ပြုခဲ့ပြီး ဖမ်းဆီးရတဲ့အခြေအနေကိုတော့ AA ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“ဒီရသေ့တောင်ဘက်မှာ မြန်မာစစ်တပ်ရဲ့တပ်မိသားစုဝင် သုံး ယောက်ကို ကျနော်တို့ ထိန်းသိမ်း စစ်ဆေးနေတာရှိတယ်။ အခုကတော့ စစ်ဆေးနေတုန်းပဲ မကြာခင်တော့ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးသွားဖို့တော့ ရှိတယ်။ မြန်မာစစ်တပ်ဟာ သူတို့ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုးတွေနဲ့ သူတို့ မိသားစုဝင်တွေကို အသုံးချပြီးတော့မှ သတင်းစုံစမ်းတာတွေ နောက်ကင်းထောက်လုပ်ငန်းတွေပေါ့နော်။ အထူးသဖြင့် စစ်ထောက်လှမ်းရေးလုပ်ငန်းတွေကို သူတို့လုပ်နေတာ တွေရှိတယ်ဗျ။ နောက်ပြီးလို့ရှိရင် မူဆလင်တွေနဲ့ ရခိုင်တွေအကြားမှာ ပြဿနာတွေဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေတာတွေလည်း ရှိတယ်။”

ရသေ့တောင်မြို့မှာ ခမရ (၅၃၆)၊ (၅၃၇)၊ (၅၃၈)တပ်ရင်းသုံးခုရှိပြီး ယခုဖမ်းဆီးခံရသူတွေဟာ ဘယ်တပ်ရင်းကဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်တာ မရှိပါဘူး။

ကြိမ်သာရွာဟာ ရသေ့တောင်မြို့နဲ့ ၇ မိုင်လောက်ဝေးပြီး တပ်မိသားစုဝင် ၃ ဦး အဲဒီရွာကိုသွားတဲ့အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ရသေ့တောင်မြို့ခံ တဦးကဆိုပါတယ်။

“ကြိမ်သာရွာဆိုတာ ရသေ့တောင်နဲ့ တော်တော်လေးဝေးတယ်။ ၇ မိုင်လောက်ဝေးတယ်။ တပ်မတော်မိသားစုဝင် သုံး ယောက်က အဲဒီရွာကို ဘာလုပ်ဖို့ သွားတာလဲ။ တပ်ထဲကမိသားစုတွေက မြို့ပေါ်ကို ဈေးလာဝယ်တာတောင် လုံခြုံရေး ယူနီဖောင်း လက်နက်ကျည် အပြည့် အဲဒီလိုရံပြီးတော့မှ ဝင်တာဗျ။ အဲဒီကြိမ်သာဘက်သွားဖို့ဆိုရင် သူတို့ဘာ ဘယ်လို ဖြစ်ချင်တာလည်း ကျနော် မသိဘူး။ ဆိုတော့ ကျနော်မေးချင်တာလေ။”

ဖမ်းဆီးခံရတဲ့သူတွေရဲ့သတင်း စုံစမ်းလို့ မရသေးသလို ဒေသခံကြိမ်ချောင်းရွာသားတွေနဲ့ အနီးဝန်းကျင်ရွာက ရွာသားတွေ နေရပ်ကနေ တိမ်းရှောင်နေကြတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“အဲတာစုံစမ်းလို့ မရသေးဘူး။ အဲဒီရွာမှာလည်း ရှိတယ်။ အခု စစ်ကြောင်းလေ။ ဒါပေမဲ့ အဲဒီတရွာလုံးက ထွက်ပြေးသွားပြီ။ ထွက်ပြေးတဲ့ရွာကို ဖုန်းဆက်ဖို့ တော်တော်လေးခက်တာ။ အခုပြေးနေတာက အကုန်လုံး ၁၀ ရွာလောက်ရှိတယ်။”

လက်ရှိမှာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ တပ်မိသားစုဝင် သုံး ဦးကို ရှာဖွေနေဆဲလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးတင်းမာဆဲအခြေအနေမှာ မြန်မာစစ်တပ်ဘက်ကရော ရခိုင်လက်နက်ကိုင် AA အဖွဲ့ကပါ သင်္ကာမကင်းဖြစ်သူတွေကို အပြန်အလှန်ဖမ်းဆီးနေကြပါတယ်။

လက်ရှိ ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး မြို့ခံတွေအပါဝင် ကျေးရွာသား အများပြား စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင်ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှာ တပ်မတော်မှ နယ်မြေရှင်းလင်းမှာမို့ ပြည်သူတွေအနေနဲ့ ကျေးရွာကနေ ခေတ္တရှောင်တိမ်းနေထိုင်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ အမိန့်ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်မြို့နယ်ဘက်မှာ တပ်မတော်ဘက်က အင်အားဖြည့်တင်းထားသလို ဒေသန္တရအမိန့် ထုတ်ပြန်ထားတဲ့ အခြေအနေတွေကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်မယ့် အခြေအနေရှိနေပါတယ်။

XS
SM
MD
LG