[Zawgyi/Unicode]
ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ COVID-19 ေရာဂါကူးစက္ေနသူ အမ်ဳိးသားတဦးကုိ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ပဲ အတည္ျပဳလုိက္တဲ့အတြက္ ျမန္မာႏုိင္ငံမွာ စုစုေပါင္းေရာဂါကူးစက္သူ ၂၉၃ ေယာက္ ရွိသြားပါၿပီ။
ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ခရီးသြားဖူးသူ အသက္ ၂၂ ႏွစ္အရြယ္ အမ်ဳိးသားဟာ ေမာင္ေတာၿမိဳ႕မွာ အသြားအလာ ကန္႔သတ္ခံထားရသူျဖစ္တယ္လုိ႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန၊ ေဆးသုေတသနဦးစီးဌာန၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီးနဲ႔ မႏၱေလး ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနတုိ႔က ဓာတ္ခဲြနမူနာ စုစုေပါင္း ၁,၁၁၀ ကုိ စစ္ေဆးခဲ့ရာမွာ ေရာဂါပုိးရွိသူကုိ အတည္ျပဳခဲ့တာပါ။
ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္းေတြထဲမွာေတာ့ ၂ ႀကိမ္ ဆက္တိုက္ ေရာဂါပိုးမေတြ႔သူ ၄ ဦးနဲ႔ ေရာဂါပိုးကင္းစင္သူ စုစုေပါင္း ၂၀၈ ဦးရွိတယ္လုိ႔လည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ေရာဂါကင္းစင္သူေတြထဲက ၁၉၃ ဦးကုိ ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့ၿပီး အသြားအလာ ဆက္လက္ကန႔္သတ္ ေစာင့္ၾကည့္ေနတယ္လုိ႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူကေတာ့ ၆ ဦး ရွိပါတယ္။
[Unicode Version]
မောင်တောမှာ ကိုဗစ်ကူးစက်သူတဦး ထပ်တွေ့
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ COVID-19 ရောဂါကူးစက်နေသူ အမျိုးသားတဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ စုစုပေါင်းရောဂါကူးစက်သူ ၂၉၃ ယောက် ရှိသွားပါပြီ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးသွားဖူးသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားဟာ မောင်တောမြို့မှာ အသွားအလာ ကန့်သတ်ခံထားရသူဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးနဲ့ မန္တလေး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့က ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၁၁၀ ကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုးရှိသူကို အတည်ပြုခဲ့တာပါ။
ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲမှာတော့ ၂ ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့သူ ၄ ဦးနဲ့ ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၂၀၈ ဦးရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ရောဂါကင်းစင်သူတွေထဲက ၁၉၃ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြည့်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူကတော့ ၆ ဦး ရှိပါတယ်။