[Zawgyi/Unicode]
ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ သြားလာလႈပ္ရွားမႈ ကန္႔သတ္တားျမစ္ခ်က္ေတြကုိ ေျဖေလွ်ာ့ေပးေနခ်ိန္မွာပဲ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္တုိးလာေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ကေျပာပါတယ္။
ႏုိင္ငံႀကီးေတာ္ေတာ္မ်ားမ်ားမွာ ေရာဂါကူးစက္မႈေတြ အျမင့္ဆုံးအဆင့္ကုိ ေရာက္ေနတာ၊ ဒါမွမဟုတ္ အျမင့္ဆုံးအေျခအေနကုိ ဦးတည္ေနတာေတြ ေတြ႔ျမင္ေနရေၾကာင္း WHO အေရးေပၚလုပ္ငန္း အႀကီးအကဲ Dr. Michael Ryan က သတိေပးခ့ဲတာပါ။
ဂ်ာမနီ၊ ေတာင္အာဖရိကနဲ႔ အိႏၵိယ အပါအ၀င္ ေန႔စဥ္ COVID-19 အတည္ျပဳလူနာ ၁၅,၀၀၀ ခဲြေလာက္ရွိေနတဲ့ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ အေရးေပၚကာလ ကန္႔သတ္ခ်က္ေတြ ျပန္လည္ထုတ္ျပန္ဖု႔ိ စီစဥ္ေနသလုိ ေနာက္ထပ္တုိးလာတဲ့ လူနာေတြကုိ ကုသဖုိ႔လည္း ျပင္ဆင္ေနရပါတယ္။
အေစာပိုင္းက ကမာၻတ၀န္း ေရာဂါကူးစက္မႈ ၁,၀၀၀,၀၀၀ ျပည့္ဖုိ႔ ၃ လၾကာခဲ့ေပမဲ့ မၾကာေသးခင္ကေတာ့ ၁,၀၀၀,၀၀၀ ျပည့္ဖုိ႔ ၈ ရက္သာ ၾကာခဲ့တယ္လုိ႔လည္း WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က သတိေပးခဲ့တာပါ။
အႀကီးမားဆုံး ရင္ဆုိင္ေနရတဲ့ ၿခိမ္းေျခာက္မႈက ဗုိင္းရပ္စ္ပုိးမဟုတ္ဘဲ ကမာၻႀကီးမွာ ညီညႊတ္မႈနဲ႔ ဦးေဆာင္မႈ အားနည္းခ်က္ ျဖစ္တယ္လုိ႔လည္း ဘယ္ႏုိင္ငံ၊ ဘယ္ေခါင္းေဆာင္ဆုိတာကုိ တိတိက်က် ရည္ညႊန္းတာမ်ဳိး မရွိဘဲ မွတ္ခ်က္ေပးခဲ့ပါတယ္။
အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသုိလ္ရဲ႕ စာရင္းေတြအရ ကမာၻတ၀န္းမွာ ေသဆုံးသူ ၄၇၄,၀၀၀ အပါအ၀င္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၉,၀၀၀,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္။
[Unicode Version]
နိုင်ငံအများအပြား COVID-19 ကူးစက်မှု ဆက်တိုးလာနေကြောင်း WHO သတိပေး
နိုင်ငံတော်တော်များများမှာ သွားလာလှုပ်ရှားမှု ကန့်သတ်တားမြစ်ချက်တွေကို ဖြေလျှော့ပေးနေချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်တိုးလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။
နိုင်ငံကြီးတော်တော်များများမှာ ရောဂါကူးစက်မှုတွေ အမြင့်ဆုံးအဆင့်ကို ရောက်နေတာ၊ ဒါမှမဟုတ် အမြင့်ဆုံးအခြေအနေကို ဦးတည်နေတာတွေ တွေ့မြင်နေရကြောင်း WHO အရေးပေါ်လုပ်ငန်း အကြီးအကဲ Dr. Michael Ryan က သတိပေးခဲ့တာပါ။
ဂျာမနီ၊ တောင်အာဖရိကနဲ့ အိန္ဒိယ အပါအဝင် နေ့စဉ် COVID-19 အတည်ပြုလူနာ ၁၅,၀၀၀ ခွဲလောက်ရှိနေတဲ့ နိုင်ငံတော်တော်များများမှာတော့ အရေးပေါ်ကာလ ကန့်သတ်ချက်တွေ ပြန်လည်ထုတ်ပြန်ဖု့ိ စီစဉ်နေသလို နောက်ထပ်တိုးလာတဲ့ လူနာတွေကို ကုသဖို့လည်း ပြင်ဆင်နေရပါတယ်။
အစောပိုင်းက ကမ္ဘာတဝန်း ရောဂါကူးစက်မှု ၁,၀၀၀,၀၀၀ ပြည့်ဖို့ ၃ လကြာခဲ့ပေမဲ့ မကြာသေးခင်ကတော့ ၁,၀၀၀,၀၀၀ ပြည့်ဖို့ ၈ ရက်သာ ကြာခဲ့တယ်လို့လည်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတိပေးခဲ့တာပါ။
အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုက ဗိုင်းရပ်စ်ပိုးမဟုတ်ဘဲ ကမ္ဘာကြီးမှာ ညီညွှတ်မှုနဲ့ ဦးဆောင်မှု အားနည်းချက် ဖြစ်တယ်လို့လည်း ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်ဆိုတာကို တိတိကျကျ ရည်ညွှန်းတာမျိုး မရှိဘဲ မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရ ကမ္ဘာတဝန်းမှာ သေဆုံးသူ ၄၇၄,၀၀၀ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉,၀၀၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။