(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု အရီဇိုးနားျပည္နယ္မွာရွိတဲ့ Tyson ၾကက္သားထုတ္စက္႐ုံမွာ ဝန္ထမ္းေတြ ကိုဗစ္ကူးစက္ထားတာေၾကာင့္ အဲဒီစက္႐ုံထုတ္ ၾကက္သားတင္သြင္းမႈကို ရပ္ဆိုင္ထားေၾကာင္း တ႐ုတ္အစိုးရက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လို႔ ၾကက္သားစက္႐ုံဘက္က တစုံတရာ မွတ္ခ်က္ေပး ေျပာတာမ်ိဳး မရွိေသးပါဘူး။
အခုဆိုရင္ ကိုဗစ္ကူးစက္မႈ အသစ္ေတြရွိလာတာေၾကာင့္ ေဘဂ်င္းၿမိဳ႕ေတာ္ တစိတ္တပိုင္းကို အျပင္မထြက္ရ Lockdown လုပ္ထားၿပီး ျပည္ပ သြင္းကုန္ေတြအေပၚမွာပါ အရင္ထက္ ပိုတင္းက်ပ္ စိစစ္လာပါတယ္။
အရင္ကလည္း အမေရိကန္ ၾကက္သားၾကက္ဥ တင္သြင္းမႈ ၅ ႏွစ္တာ တားျမစ္ထားခဲ့တာကို ၂၀၁၉ ႏိုဝင္ဘာလတုန္းက ျပန္႐ုပ္သိမ္းခဲ့တာပါ။
ကိုဗစ္ကူးစက္မႈ အသစ္ေတြအေပၚ စိုးရိမ္တာေၾကာင့္ ေဘဂ်င္းၿမိဳ႕ေတာ္က Pepsi အေမရိကန္ အခ်ိဳရည္စက္႐ုံကိုလည္း ပိတ္ထားဖို႔ တ႐ုတ္အာဏာပိုင္ေတြ ႐ုတ္တရက္ ဆုံးျဖတ္ခဲ့ပါတယ္။ အဲဒီစက္႐ုံက ဝန္ထမ္းအေတာ္မ်ားမ်ားမွာ ကိုဗစ္ပိုး ကူးစက္တာေတြ ရွိခဲ့ၿပီးေနာက္ အခုလို ပိတ္လိုက္တာျဖစ္တယ္လို႔ ကုမၸဏီတာဝန္ရွိသူက ေျပာပါတယ္။
ေဘဂ်င္းၿမိဳ႕ေတာ္က ကူးစက္မႈအသစ္အရ လူ ၂၂၀ ေက်ာ္ကို ကိုဗစ္ပိုး ကူးစက္ထားတာ ေတြ႔ရွိထားပါတယ္။ ကူးစက္မႈဟာ ၿမိဳ႕ေတာ္ရဲ႕ Xinfadi ေဈးမွာ ႏိုင္ငံျခားကတင္သြင္းတဲ့ ေဆာ္လမြန္ငါးေတြခုတ္တဲ့ စဥ္းတီတုံးကတဆင့္ ကူးစက္တာလို႔ ဆိုပါတယ္။
ၿမိဳ႕ေတာ္တြင္း သား၊ ငါး ၇၀ ရာခိုင္ႏႈန္းေလာက္ကို ျဖန္႔ခ်ိေပးေနတဲ့ အဲဒီေစ်းကို ပိတ္ထားၿပီး ၿမိဳ႕ခံေတြကို Xinfadi ေဈးက ဝယ္ယူတဲ့ ေအးခဲထားတဲ့ ပင္လယ္စာေတြနဲ႔ ပဲမ်ိဳးစုံကို မစားသုံးၾကဖို႔ အာဏာပိုင္ေတြက သတိေပးထားပါတယ္။
-------------------------------
(Unicode)
COVID ကပ်ဘေးကြောင့် အမေရိကန်ကြက်သား တင်သွင်းမှုတချို့ တရုတ်ပိတ်ပင်
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာရှိတဲ့ Tyson ကြက်သားထုတ်စက်ရုံမှာ ဝန်ထမ်းတွေ ကိုဗစ်ကူးစက်ထားတာကြောင့် အဲဒီစက်ရုံထုတ် ကြက်သားတင်သွင်းမှုကို ရပ်ဆိုင်ထားကြောင်း တရုတ်အစိုးရက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကြက်သားစက်ရုံဘက်က တစုံတရာ မှတ်ချက်ပေး ပြောတာမျိုး မရှိသေးပါဘူး။
အခုဆိုရင် ကိုဗစ်ကူးစက်မှု အသစ်တွေရှိလာတာကြောင့် ဘေဂျင်းမြို့တော် တစိတ်တပိုင်းကို အပြင်မထွက်ရ Lockdown လုပ်ထားပြီး ပြည်ပ သွင်းကုန်တွေအပေါ်မှာပါ အရင်ထက် ပိုတင်းကျပ် စိစစ်လာပါတယ်။
အရင်ကလည်း အမရေိကန် ကြက်သားကြက်ဥ တင်သွင်းမှု ၅ နှစ်တာ တားမြစ်ထားခဲ့တာကို ၂၀၁၉ နိုဝင်ဘာလတုန်းက ပြန်ရုပ်သိမ်းခဲ့တာပါ။
ကိုဗစ်ကူးစက်မှု အသစ်တွေအပေါ် စိုးရိမ်တာကြောင့် ဘေဂျင်းမြို့တော်က Pepsi အမေရိကန် အချိုရည်စက်ရုံကိုလည်း ပိတ်ထားဖို့ တရုတ်အာဏာပိုင်တွေ ရုတ်တရက် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီစက်ရုံက ဝန်ထမ်းအတော်များများမှာ ကိုဗစ်ပိုး ကူးစက်တာတွေ ရှိခဲ့ပြီးနောက် အခုလို ပိတ်လိုက်တာဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
ဘေဂျင်းမြို့တော်က ကူးစက်မှုအသစ်အရ လူ ၂၂၀ ကျော်ကို ကိုဗစ်ပိုး ကူးစက်ထားတာ တွေ့ရှိထားပါတယ်။ ကူးစက်မှုဟာ မြို့တော်ရဲ့ Xinfadi ဈေးမှာ နိုင်ငံခြားကတင်သွင်းတဲ့ ဆော်လမွန်ငါးတွေခုတ်တဲ့ စဉ်းတီတုံးကတဆင့် ကူးစက်တာလို့ ဆိုပါတယ်။
မြို့တော်တွင်း သား၊ ငါး ၇၀ ရာခိုင်နှုန်းလောက်ကို ဖြန့်ချိပေးနေတဲ့ အဲဒီဈေးကို ပိတ်ထားပြီး မြို့ခံတွေကို Xinfadi ဈေးက ဝယ်ယူတဲ့ အေးခဲထားတဲ့ ပင်လယ်စာတွေနဲ့ ပဲမျိုးစုံကို မစားသုံးကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။