သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေဆး တ႐ုတ္ႏုိင္ငံမွာ ဒုတိယအဆင့္ စမ္းသပ္


တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕မွာ ေဒသခံေတြကို ကုိ႐ိုနာဗုိင္းရပ္စ္ စမ္းသပ္စစ္ေဆးေပးေနမႈ ျမင္ကြင္း။ (ဇြန္ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ေဖာ္ထုတ္ႏုိင္ေရး လူေတြနဲ႔စမ္းသပ္မႈ ဒုတိယအဆင့္ကို စတင္လိုက္ၿပီျဖစ္ေၾကာင္း တ႐ုတ္ ေဆးပညာသိပၸံ၊ ဇီဝေဆးပညာဌာန (IMBCAMS) က တနဂၤေႏြေန႔က ေျပာပါတယ္။

ဒီအဆင့္မွာ ေဆးစြမ္း ထိေရာက္မႈနဲ႔ အႏၲရာယ္ကင္းကင္း အသုံးျပဳႏိုင္ဖို႔ကို သုေတသန ပညာရွင္ေတြ ဆက္လက္ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

အခုလက္ရွိမွာ ကပ္ေရာဂါက အႏၲရာယ္ႀကီးမားတဲ့ ေနာက္အဆင့္သစ္ကို ေရာက္ရွိလာေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီး (WHO) ကလည္း သတိေပးထားပါတယ္။

တကမာၻလုံး အတိုင္းအတာနဲ႔ လူေတြနဲ႔ စမ္းသပ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ၁၂ မ်ိဳးေလာက္ရွိေနေပမယ့္ စမ္းသပ္မႈေတြက ေနာက္ဆုံး အတည္ျပဳခ်က္ယူၿပီး ေရာင္းခ်ခြင့္ရတဲ့ တတိယဆင့္ထိေတာ့ ေအာင္ျမင္မႈ မရရွိေသးပါဘူး။

IMBCAMS က ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ဒုတိယဆင့္အေနနဲ႔ စေနေန႔က လူေတြမွာ စမ္းသပ္ ထိုးေပးခဲ့တာပါ။

လက္ရွိ တ႐ုတ္သိပၸံပညာရွင္ေတြ စမ္းသပ္ေနတဲ့ ကာကြယ္ေဆးက ၆ မ်ိဳးေလာက္ ရွိပါတယ္။ ေမလတုန္းက ပထမဆင့္ စမ္းသပ္မႈမွာ လူ ၂၀၀ ေလာက္ကို စမ္းသပ္ထိုးေပးခဲ့တာျဖစ္ေၾကာင္း တနဂၤေႏြေန႔က ေဆးပညာသိပၸံ လူမႈကြန္ရက္ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က တ႐ုတ္ႏုိင္ငံကေန စတင္ကူးစက္ ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ တကမာၻလုံး လူေပါင္း ၈ သန္းေက်ာ္ ေရာဂါကူးစက္ခံရၿပီး ၄ သိန္းခြဲေက်ာ္ ေသဆုံးခဲ့ရၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တရုတ်နိုင်ငံမှာ ဒုတိယအဆင့် စမ်းသပ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ရေး လူတွေနဲ့စမ်းသပ်မှု ဒုတိယအဆင့်ကို စတင်လိုက်ပြီဖြစ်ကြောင်း တရုတ် ဆေးပညာသိပ္ပံ၊ ဇီဝဆေးပညာဌာန (IMBCAMS) က တနင်္ဂနွေနေ့က ပြောပါတယ်။

ဒီအဆင့်မှာ ဆေးစွမ်း ထိရောက်မှုနဲ့ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ဖို့ကို သုတေသန ပညာရှင်တွေ ဆက်လက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ ကပ်ရောဂါက အန္တရာယ်ကြီးမားတဲ့ နောက်အဆင့်သစ်ကို ရောက်ရှိလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း သတိပေးထားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ လူတွေနဲ့ စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁၂ မျိုးလောက်ရှိနေပေမယ့် စမ်းသပ်မှုတွေက နောက်ဆုံး အတည်ပြုချက်ယူပြီး ရောင်းချခွင့်ရတဲ့ တတိယဆင့်ထိတော့ အောင်မြင်မှု မရရှိသေးပါဘူး။

IMBCAMS က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဒုတိယဆင့်အနေနဲ့ စနေနေ့က လူတွေမှာ စမ်းသပ် ထိုးပေးခဲ့တာပါ။

လက်ရှိ တရုတ်သိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ ကာကွယ်ဆေးက ၆ မျိုးလောက် ရှိပါတယ်။ မေလတုန်းက ပထမဆင့် စမ်းသပ်မှုမှာ လူ ၂၀၀ လောက်ကို စမ်းသပ်ထိုးပေးခဲ့တာဖြစ်ကြောင်း တနင်္ဂနွေနေ့က ဆေးပညာသိပ္ပံ လူမှုကွန်ရက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကနေ စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တကမ္ဘာလုံး လူပေါင်း ၈ သန်းကျော် ရောဂါကူးစက်ခံရပြီး ၄ သိန်းခွဲကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

XS
SM
MD
LG