သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမယုျမစ္အတြင္း ေရတပ္သေဘၤာနဲ႔ AA အဖြဲ႔ၾကား ပစ္ခတ္မႈေၾကာင့္ ေဒသခံမ်ား ထြက္ေျပး


ရခိုင္ျပည္နယ္တြင္းျဖစ္ပြားခဲ့ေသာ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးရၿပီး ေစတီဝန္းထဲတြင္ ခိုလံႈေနရသည့္ ၿမိဳ တိုင္းရင္းသားတခ်ဳိ႕။ (ဇန္န၀ါရီ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္ ေမယုျမစ္အတြင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာေရတပ္သေဘၤာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့လို႔ အနီးအနား အရပ္သားေတြ တိမ္းေရွာင္ေနရတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ရေသ့ေတာင္ျမိဳ႕နယ္ ေမယုျမစ္အတြင္းက ျမန္မာေရတပ္သေဘၤာကို AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန ဒီမနက္မွာ လက္နက္ၾကီးန႔ဲ ပစ္ခတ္ခဲ့လို႔ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားေၾကာင္း ရေသ့ေတာင္ျမိဳ႕ပရဟိတအဖြဲ႔၀င္ ကိုဘကၠာကေျပာပါတယ္။

“ေမယုကမ္းရဲ႕ အေရွ႕ဘက္ကမ္းဟုတ္တယ္။ AA ဘက္ကလည္း သူတို႔လာတဲ့ လမ္းေၾကာင္းကို အဲဒီလိုမ်ိဳးပစ္တယ္လို႔ ေျပာတယ္။ ေရတပ္ကလည္း ေတာက္ေလွ်ာက္ပစ္ျပီးေတာ့ နည္းနည္း ေနာေနာမဟုတ္ဘူး ပစ္ၾကတာ။”

ဒီလိုပစ္ခတ္မႈေတြေၾကာင့္ ေမယုျမစ္အေရွ႕ဘက္ကမ္းမွာ ရွိတဲ့ရြာေတြက ရြာသားေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ ထြက္ေျပးေနရတယ္လို႔ ေရႊေလာင္းတင္ရြာသားတဦး ေျပာပါတယ္။

“ပစ္ခတ္မႈ ျဖစ္တာကေတာ့ ျမင္းဂန္းေခ်ာင္းၾကားနဲ႔ ကံျပင္ၾကားကျဖစ္တာ။ အဲဒါ အသံၾကားလို႔ ရြာသားေတြ ေၾကာက္လန္႔ ၿပီးထြက္ေျပးေနရတာ။ က်ေနာ္တို႔ ေရႊေလာင္းတင္ရယ္ ကံျပင္ရယ္ ျမင္းဂန္းေခ်ာင္းရယ္ နီးစပ္တဲ့ရြာေတြကေတာ့ ထြက္ေျပးရတာေပါ့။ ရြာသားေတြကေတာ့ ထိခိုက္မႈ မရွိဘူး။ ဒါေပမဲ့ ျမင္းဂန္းေခ်ာင္း ဘုန္းၾကီးေက်ာင္း ေရွ႕မ်က္ႏွာက လက္နက္ၾကီးက်လို႔ ျပိဳပ်က္ပ်က္စီးခဲ့တယ္။”

ဒီေန႔ နံနက္ပိုင္း ၄ နာရီ ခြဲေက်ာ္အခ်ိန္မွာ ေမယုျမစ္အတြင္းက ျမန္မာစစ္တပ္ေရယာဥ္ကို AA ဘက္က လက္နက္ၾကီးနဲ႔ ပစ္ခတ္အျပီး ေရယာဥ္ဘက္က လက္နက္ၾကီးေတြနဲ႔ ေက်းရြာဘက္ကို ျပန္လည္ပစ္ခတ္တာလို႔ ေဒသခံေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္အတြင္း ျမန္မာေရတပ္သေဘၤာ ပစ္ခတ္ခံရမႈနဲ႔ ပတ္သက္ျပီး တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းရာမွာ အခုလိုေျပာပါတယ္။

“ဒီေန႔ မနက္ ၆ နာရီမွာက်ေတာ့ ေရႊေလာင္းတင္ရြာအနားေလးမွာတဲ့ ရေသ့ေတာင္ဘက္ကပဲ ပစ္ခတ္ခံရတာရွိတယ္။ ဒီဘက္ကျပန္လည္ပစ္ခတ္တာ ရွိတယ္။ ထိခိုက္ဒဏ္ရာ ရရွိမႈေတာ့ မရွိပါဘူး။”

အလားတူ ရခိုင္လက္နက္ကိုင္ဘက္ကလည္း ဒီကေန႔ ပစ္ခတ္တိုက္ခိုက္မႈအေျခအေနနဲ႔ ပတ္သက္ျပီး သတင္းေရာက္ရွိတာ မရွိေသးဘူးလို႔ AA ေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

ျပီးခဲ့တဲ့ ဇြန္လ ၁၁ ရက္ေန႔မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကား ရေသ့ေတာင္ၿမိဳ႕နယ္ ေဆာက္ခတ္ေက်းရြာမွာ တိုက္ပြဲျဖစ္ပြားခဲ့ျပီး ရြာသား ၄၉ ဦး ပိတ္မိေနခဲ့ပါတယ္။

ဒီပိတ္မိရြာသားေတြကို သံဃာေတာ္ေတြနဲ႔ ပရဟိတအဖြဲ႔ေတြက သြားေရာက္ကယ္ထုတ္ခဲ့ၾကျပီး လက္ရွိျမိဳ႕နယ္ အားကစားရံုမွာ ယာယီေနရာခ်ထားေပးပါတယ္။

ေဆာက္ခတ္ေက်းရြာမွာ ျမန္မာစစ္တပ္ကေန ေနရာယူထားဆဲ အေျခအေနေၾကာင့္ ဒီစစ္ေရွာင္ေတြ ေနရပ္ျပန္ဖို႔ မျဖစ္နိုင္ေသးဘူးလို႔ ရေသ့ေတာင္ျမိဳ႕ ပရဟိတအဖြဲ႕၀င္ ကိုဘကၠာကေျပာပါတယ္။

“ေဆာက္ခတ္ေက်းရြာက စစ္ေရွာင္လာၾကတဲ့သူေတြကို အေရွ႕ေတာင္ရပ္ကြက္ဓမၼာရံုကို ဒီေန႔ ေျပာင္းေရႊ႕ျပီးသြားေနၾကျပီး။ ေဆာက္ခတ္တရြာလုံးက အဲဒီဘက္ကိုျပန္လို႔ မရေတာ့ဘူး။ လယ္လုပ္တဲ့လူေတြလည္း ဒီလအတြင္းမွာမွ လယ္ကို ျပတ္ေအာင္ မလုပ္လိုက္ရလို႔ရွိရင္ အဆင္မေျပေတာ့ဘူး။ အဲဒီမွာစစ္ေၾကာင္းကလည္း ရြာက မထြက္ဘူးဆိုေတာ့ မိုးတြင္းမွာ ဒီမွာမိုးခိုေနရတဲ့ အေနအထားျဖစ္သြားျပီ။”

ရေသ့ေတာင္ျမိဳ႕ေရာက္ ေဆာက္ခတ္ေက်းရြာစစ္ေရွာင္ေတြအေနနဲ႔ စားေသာက္ေရးမွာ အခက္ေတြ႔ေနတယ္လို႔ သူက ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲဆက္လက္ျဖစ္ပြါးေနဆဲျဖစ္ျပီး တပ္မေတာ္အေနနဲ႔ ရခိုင္ျပည္နယ္အတြင္း AA အဖြဲ႕တည္ရွိမႈကိုလက္မခံသလို AA ဘက္ကေတာ့ ရခိုင္ျပည္နယ္ အတြင္းအေျချပဳေရးကို ဦးတည္ေနတာေၾကာင့္ အပစ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ခက္ခဲဦးမယ့္ အေျခအေနမွာ ရွိေနပါတယ္။

၂၀၁၈ ႏွစ္ကုန္ပိုင္းကေန ၂၀၂၀ ခုႏွစ္အထိ ႏွစ္ဘက္တိုက္ပြဲစဥ္အတြင္း အရပ္သား ၂၀၀,၀၀၀ နီးပါးစစ္ေရွာင္ေနရျပီး ေသဆုံးသူ ၂၅၀ ေက်ာ္၊ ဒဏ္ရာရရွိသူ ၅၅၀ ေက်ာ္ရွိေနျပီးလို႔ ရခိုင္အဖြဲ႔အစည္းေတြက စစ္တမ္းေကာက္ယူထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မေယုမြစ်အတွင်း ရေတပ်သင်္ဘောနဲ့ AA အဖွဲ့ကြား ပစ်ခတ်မှုကြောင့် ဒေသခံများထွက်ပြေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာရေတပ်သင်္ဘော ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အနီးအနား အရပ်သားတွေ တိမ်းရှောင်နေရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းက မြန်မာရေတပ်သင်္ဘောကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဒီမနက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားကြောင်း ရသေ့တောင်မြို့ပရဟိတအဖွဲ့ဝင် ကိုဘက္ကာကပြောပါတယ်။

“မေယုကမ်းရဲ့ အရှေ့ဘက်ကမ်းဟုတ်တယ်။ AA ဘက်ကလည်း သူတို့လာတဲ့ လမ်းကြောင်းကို အဲဒီလိုမျိုးပစ်တယ်လို့ ပြောတယ်။ ရေတပ်ကလည်း တောက်လျှောက်ပစ်ပြီးတော့ နည်းနည်း နောနောမဟုတ်ဘူးပစ်ကြတာ။”

ဒီလိုပစ်ခတ်မှုတွေကြောင့် မေယုမြစ်အရှေ့ဘက်ကမ်းမှာ ရှိတဲ့ရွာတွေက ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ရွှေလောင်းတင်ရွာသားတဦး ပြောပါတယ်။

“ပစ်ခတ်မှု ဖြစ်တာကတော့ မြင်းဂန်းချောင်းကြားနဲ့ ကံပြင်ကြားကဖြစ်တာ။ အဲဒါ အသံကြားလို့ ရွာသားတွေ ကြောက်လန့် ပြီးထွက်ပြေးနေရတာ။ ကျနော်တို့ ရွှေလောင်းတင်ရယ် ကံပြင်ရယ် မြင်းဂန်းချောင်းရယ် နီးစပ်တဲ့ရွာတွေကတော့ ထွက်ပြေးရတာပေါ့။ ရွာသားတွေကတော့ ထိခိုက်မှု မရှိဘူး။ ဒါပေမဲ့ မြင်းဂန်းချောင်း ဘုန်းကြီးကျောင်း ရှေ့မျက်နှာက လက်နက်ကြီးကျလို့ ပြိုပျက်ပျက်စီးခဲ့တယ်။”

ဒီနေ့ နံနက်ပိုင်း ၄ နာရီ ခွဲကျော်အချိန်မှာ မေယုမြစ်အတွင်းက မြန်မာစစ်တပ်ရေယာဉ်ကို AA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်အပြီးရေယာဉ်ဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာဘက်ကို ပြန်လည်ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း မြန်မာရေတပ်သင်္ဘော ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“ဒီနေ့ မနက် ၆ နာရီမှာကျတော့ ရွှေလောင်းတင်ရွာအနားလေးမှာတဲ့ ရသေ့တောင်ဘက်ကပဲ ပစ်ခတ်ခံရတာရှိတယ်။ ဒီဘက်ကပြန်လည်ပစ်ခတ်တာ ရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူး။”

အလားတူ ရခိုင်လက်နက်ကိုင်ဘက်ကလည်း ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး သတင်းရောက်ရှိတာ မရှိသေးဘူးလို့ AA ပြောခွင့်ရခိုင်သုခကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသား ၄၉ ဦး ပိတ်မိနေခဲ့ပါတယ်။

ဒီပိတ်မိရွာသားတွေကို သံဃာတော်တွေနဲ့ ပရဟိတအဖွဲ့တွေက သွားရောက်ကယ်ထုတ်ခဲ့ကြပြီး လက်ရှိမြို့နယ် အားကစားရုံမှာ ယာယီနေရာချထားပေးပါတယ်။

ဆောက်ခတ်ကျေးရွာမှာ မြန်မာစစ်တပ်ကနေ နေရာယူထားဆဲ အခြေအနေကြောင့် ဒီစစ်ရှောင်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ရသေ့တောင်မြို့ ပရဟိတအဖွဲ့ဝင် ကိုဘက္ကာကပြောပါတယ်။

“ဆောက်ခတ်ကျေးရွာက စစ်ရှောင်လာကြတဲ့သူတွေကို အရှေ့တောင်ရပ်ကွက်ဓမ္မာရုံကို ဒီနေ့ ပြောင်းရွှေ့ပြီးသွားနေကြပြီး။ ဆောက်ခတ်တရွာလုံးက အဲဒီဘက်ကိုပြန်လို့ မရတော့ဘူး။ လယ်လုပ်တဲ့လူတွေလည်း ဒီလအတွင်းမှာမှ လယ်ကို ပြတ်အောင် မလုပ်လိုက်ရလို့ရှိရင် အဆင်မပြေတော့ဘူး။ အဲဒီမှာစစ်ကြောင်းကလည်း ရွာက မထွက်ဘူးဆိုတော့ မိုးတွင်းမှာ ဒီမှာမိုးခိုနေရတဲ့ အနေအထားဖြစ်သွားပြီ။”

ရသေ့တောင်မြို့ရောက် ဆောက်ခတ်ကျေးရွာစစ်ရှောင်တွေအနေနဲ့ စားသောက်ရေးမှာ အခက်တွေ့နေတယ်လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပြီး တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့တည်ရှိမှုကိုလက်မခံသလို AA ဘက်ကတော့ ရခိုင်ပြည်နယ် အတွင်းအခြေပြုရေးကို ဦးတည်နေတာကြောင့် အပစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ခက်ခဲဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ ခုနှစ်အထိ နှစ်ဘက်တိုက်ပွဲစဉ်အတွင်း အရပ်သား ၂၀၀,၀၀၀ နီးပါးစစ်ရှောင်နေရပြီး သေဆုံးသူ ၂၅၀ ကျော်၊ ဒဏ်ရာရရှိသူ ၅၅၀ ကျော်ရှိနေပြီးလို့ ရခိုင်အဖွဲ့အစည်းတွေက စစ်တမ်းကောက်ယူထားပါတယ်။

XS
SM
MD
LG