သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္ေျမရွင္းလင္းေရး သတိေပးခ်က္ေၾကာင့္ ရေသ့ေတာင္ေဒသခံ ေထာင္ခ်ီ တိမ္းေရွာင္


ေျမာက္ဦးၿမိဳ႕ ဒုကၡသည္စခန္းတခုထဲမွာ ေတြ႔ရတဲ့ ရခုိင္ စစ္ေျပးဒုကၡသည္တခ်ဳိ႕။ (ေအာက္တိုဘာ ၂၈၊ ၂၀၁၂)

(Zawgyi / Unicode)

စစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ေနတ့ဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက အေျခအေနနဲ႔ ကူညီလုပ္ေဆာင္ေပးေနသူေတြက ဘယ္လိုပန္ၾကားၾကသလဲဆိုတာ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

နယ္ေျမရွင္းလင္းေရး လုပ္မယ့္အေၾကာင္း ရခုိင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္။
နယ္ေျမရွင္းလင္းေရး လုပ္မယ့္အေၾကာင္း ရခုိင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္။


ရခိုင္လက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား တိုက္ပြဲေတြ ျပင္းထန္လာတာ ႏွစ္ခ်ီလာေပမယ့္ အခုအခ်ိန္ထိ စစ္ေရးတင္းမာေနဆဲျဖစ္ၿပီး လတ္တေလာမွာကို ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ထဲ တပ္စစ္ေၾကာင္းေတြက နယ္ေျမရွင္းလင္းေရး လုပ္မွာျဖစ္လို႔ ေက်းရြာေတြမွာ မေနဘဲ ေခတၱေရွာင္တိမ္းေနၾကဖို႔ ရခိုင္ျပည္နယ္အစိုးရ လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးက ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြကို အေၾကာင္းၾကားထားၿပီးတဲ့ေနာက္မွာ ေဒသခံျပည္သူ ေထာင္ခ်ီ တိမ္းေရွာင္ ထြက္ေျပးေနၾကရပါတယ္။

အခုအခ်ိန္ထိ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်းရြာအုပ္စု ေက်းရြာေပါင္း ၄၃ ရြာထဲက ရြာသူရြာသားေတြ တိမ္းေရွာင္ ထြက္ေျပးလာေနၾကၿပီး သူတို႔လိုအပ္ခ်က္ေတြကို လိုက္လံကူညီေပးေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက အေျခအေနကို ေျပာျပပါတယ္။

“အခုတုိက္ပြဲျဖစ္တဲ့ ေနရာေတြကေန ေတာ္ေတာ္မ်ားမ်ား ထြက္ေျပးလာေနၾကတာေတြကို ေတြ႔ေနရပါတယ္။ ဥပမာ နီးစပ္ရာ ေက်းရြာေတြဆီ ေျပးၾကတယ္၊ ေနာက္ ရေသ့ေတာင္ၿမိဳ႕ေပၚကို ေျပးၾကတယ္။ ေနာက္ စစ္ေတြၿမိဳ႕ေပၚအထိကို ေျပးၾကတာ ေတြ႔ရတယ္။ အခုလို အစိုးရဘက္က နယ္ေျမရွင္းလင္းမယ္လို႔ တရားဝင္ထုတ္လိုက္တဲ့ စာအတြက္ အနီးအနားမွာရွိတဲ့ ေက်းရြာတိုင္းလိုလိုက အကုန္လံုး ထြက္လာၾကၿပီးေတာ့ အကုန္ထြက္ေျပးလာၾကတာ ေတြ႔ရပါတယ္။ ဘယ္သူမဆိုေပါ့ေနာ္ တုိက္ပြဲေတြၾကားမွာ ညပ္ၿပီးေတာ့ ဒဏ္ရာရမွာကို အားလံုးက စိုးရိမ္ၾကတယ္။ စားဝတ္ေနေရး အခက္အခဲေတြ ျဖစ္ေနတဲ့ၾကားထဲမွာ ေနရတဲ့ ေက်းရြာသူ ေက်းရြာသားေတြဟာ အခုဆိုရင္ ေျမစာပင္အျဖစ္ ဒုကၡေတြအမ်ားႀကီးကို ရင္ဆိုင္ၿပီး ဒုကၡေရာက္ေနၾကရတယ္။

“ဒီစာထုတ္လိုက္တဲ့ အတြက္ေၾကာင့္ ႏုိင္ငံေတာ္အေနနဲ႔လည္း ဥပမာ ျပည္နယ္အစိုးရေပါ့ ဒါဟာ သူတို႔ တရားဝင္ထုတ္ျပန္တဲ့စာအရ ေဒသခံ ေက်းရြာသူ ေက်းရြာသားေတြ ထြက္ေျပးလာၾကမယ္ ဆုိတာလည္း သူတို႔ ႀကိဳတင္သိၿပီးသားပါ။ အဲ့ဒီ့အတြက္ သူတို႔ရဲ႕ သြားေရးလာေရး လံုၿခံဳေရးကို အစိုးရတရပ္အေနနဲ႔ တာဝန္ယူသင့္တယ္လို႔ က်မေျပာခ်င္ပါတယ္။”

လတ္တေလာမွာေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္တြင္း တိမ္းေရွာင္ ထြက္ေျပးလာတဲ့သူေတြ၊ ရြာေတြထဲမွာ သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးငယ္ေတြ ပိတ္မိေနတဲ့သူေတြကို သြားေရာက္ေခၚေဆာင္ႏုိင္ေအာင္ ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြက ဝိုင္းဝန္းႀကိဳးပမ္းေနၾကတယ္လို႔ အေနာက္တံခါးေဒသ ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ေခါင္းေဆာင္ ဦးေအာင္ေဌးက ေျပာျပပါတယ္။

“ေလာေလာဆယ္ အ့ဲဒီ့ ႀကိမ္သာဆိုတဲ့ရြာမွာ မီး႐ႈိ႕ခံရလို႔ ပိတ္မိေနတဲ့သူ အေယာက္ ၃၀ ေလာက္ ပိတ္ေနတာရွိတယ္လို႔ ေဒသခံေတြက အေၾကာင္းၾကားလို႔ က်ေနာ္တို႔ ဒီ ရေသ့ေတာင္မွာက ေမယုေဒသဖြံ႔ၿဖိဳးေရးအဖြဲ႔ ဆိုတာရွိတယ္။ အဲဒီ ေမယုေဒသဖြံ႔ၿဖိဳးေရး ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြက ဦးေဆာင္ၿပီးေတာ့ သြားၿပီး ကယ္ထုတ္ေနတယ္။ ဒီေန႔မနက္ သြားၾကတယ္။ အမွန္တကယ္ အဲဒီမွာ ေနလို႔မရဘူးလို႔ စာထုတ္ရင္ ေနလို႔ရမယ့္ေနရာ စီစဥ္ေပးရမယ္ ဆုိတဲ့ဟာကို ေဝဖန္ေနၾကတယ္ေပါ့ေနာ္။ အခုက ခ်က္ခ်င္းဖယ္ခုိင္းတယ္၊ ခ်က္ခ်င္း ဝင္တုိက္တယ္ ဆိုေတာ့။ အဓိက အခက္အခဲကေတာ့ ေနေရးေပါ့ေနာ္။ အခုက သူတို႔က ရတဲ့ေနရာေတြမွာ ျဖစ္သလိုေနေနရတဲ့ အေျခအေနမ်ိဳး ျဖစ္ေနတယ္။ အခုအခ်ိန္မွာက ရခုိင္မွာက မိုးကလည္း အရမ္းရြာေနတာ။”

ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား
ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား


ရခိုင္ျပည္နယ္တြင္း စစ္မီးေတြၿငိမ္းႏုိင္ဖို႔ အလားအလာ ေမွ်ာ္လင့္ခ်က္၊ ႏုိင္ငံေရး နည္းလမ္းေတြနဲ႔ ေျဖရွင္းႏိုင္ပါ့မလား ဆိုတဲ့အေပၚမွာေတာ့ ရခိုင္အမ်ိဳးသားေကာင္စီ (ANC) ရဲ႕ အတြင္းေရးမွဴး ဦးထြန္းေဇာ္က အခုလို သံုးသပ္ပါတယ္။

“အခု ရေသ့ေတာင္ၿမိဳ႕နယ္မွာ ရခိုင္ျပည္နယ္ အစိုးရရဲ႕ နယ္လံုဝန္ႀကီးက ေနၿပီးေတာ့ စာထုတ္ၿပီး လုပ္တဲ့ကိစၥကေတာ့ သူတို႔က်ဴးလြန္တဲ့ ျဖတ္ ၄ ျဖတ္ မဟာဗ်ဴဟာ စီမံကိန္းေအာက္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ စစ္ရာဇဝတ္မႈေတြ၊ ေနာက္ လူသားျဖစ္တည္မႈကို ၿခိမ္းေျခာက္ေနတဲ့ ရာဇဝတ္မႈေတြကို အကာအကြယ္ယူလိုတဲ့ သေဘာနဲ႔ လုပ္တယ္လို႔ က်ေနာ္တို႔ျမင္တယ္။ ေနာက္ၿပီးေတာ့ ၂၀၀၈ အေျခခံဥပေဒကို သူက ကာကြယ္ရတယ္ဆိုတဲ့ အေျခခံေအာက္မွာ သူလုပ္တာျဖစ္တယ္။

“ဒီေန႔ ဘာေၾကာင့္ စစ္ျဖစ္လဲဆိုတဲ့ အေၾကာင္းရင္းခံကေတာ့ ႐ုိး႐ုိးရွင္းရွင္းေလးပါပဲ။ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အေျဖရွာၾကတဲ့အခါ တန္းတူညီတူ ဂုဏ္သိကၡာရွိမႈအေပၚ အေျခခံၿပီးလုပ္တာ မဟုတ္တဲ့အတြက္ ဒီလိုမ်ိဳး ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာတာေပါ့ေနာ္။ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းေတြကို တပ္မေတာ္ဘက္က တန္းတူညီတူ ဂုဏ္သိကၡာရွိစြာနဲ႔ ဆက္ဆံတဲ့ ျပဳမူတဲ့ အျပဳအမူမ်ိဳး မလုပ္တဲ့အတြက္ ဒီေန႔ က်ေနာ္တို႔ စစ္ပြဲဆိုတဲ့ သံသရာမွာ လည္ေနၾကရတယ္။ ဆိုေတာ့ တပ္မေတာ္ရဲ႕ ႏုိင္ငံေရးဆႏၵ တကယ္ရွိတယ္ဆိုရင္ ဒီစစ္ေရးျပႆနာကေနၿပီးေတာ့ ေန႔ခ်င္းညခ်င္း ေျဖရွင္းလို႔ရတဲ့ ျပႆနာလို႔ ျမင္ပါတယ္။”

ရခုိင္ျပည္နယ္တြင္းက စစ္ေရးျပႆနာေတြကို လႊတ္ေတာ္ကေနတဆင့္ ေျဖရွင္းႏုိင္ေအာင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္ကလည္း ႀကိဳးစားသြားမယ္လို႔ ရခိုင္အမတ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“အခု က်မတို႔ လႊတ္ေတာ္သက္တမ္းမွာလည္း အေရးႀကံဳလာတယ္ဆိုရင္ က်မတို႔ ရခိုင္အမ်ိဳးသားပါတီ အေနနဲ႔ေရာ လႊတ္ေတာ္အေနနဲ႔ေရာ က်မတို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔ေရာ သူတို႔ကို ဘယ္လိုကူညီရမလဲ ဆိုတာကိုေတာ့ က်မတို႔ အစီအစဥ္ခ်ဖို႔ေတာ့ ရွိပါတယ္ရွင့္။ ေနာက္တခ်က္ကလည္း ဒီလိုစာထုတ္တဲ့အေပၚကို က်မတို႔ဘက္က ေတာ္ေတာ္ေလး စိတ္မေကာင္း ျဖစ္မိတယ္။ အဲဒီအတြက္ ျပည္သူနဲ႔ထပ္တူ ခံစားရပါတယ္။

“အဲဒီအတြက္ေၾကာင့္ က်မတို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္က ၿငိမ္းခ်မ္းေရးကို အျမန္ဆံုးလုပ္ၾကပါ၊ တုိက္ပြဲေတြကို အျမန္ဆံုးရပ္ဆုိင္းေပးပါ၊ အခုခ်ိန္ထိ COVID-19 ေရာဂါကလည္း ျဖစ္ေနပါတယ္။ ေနာက္တခါ အခု ေရြးေကာက္ပြဲကလည္း နီးေနၿပီျဖစ္တဲ့အတြက္ ဒါေတြကို ႏွစ္ဦးႏွစ္ဖက္က ေတြ႔ဆံုညိႇႏိႈင္း အေျဖတခုရွာၿပီးေတာ့ က်မတို႔ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းေရးဘက္ကို ဦးတည္ၿပီးသြားဖို႔အတြက္ က်မအေနနဲ႔ ဒီေနရာကေန တိုက္တြန္းလိုပါတယ္ရွင္။”

ရခုိင္ျပည္နယ္တြင္း စစ္ျဖစ္ေနတဲ့ ၿမိဳ႕နယ္ေတြမွာ ဇြန္လအေစာပိုင္းအထိ စစ္ေရွာင္ျပည္သူေပါင္း ၁၀၆,၄၀၀ ေက်ာ္အထိ ရွိခဲ့သလို လတ္တေလာ AA နဲ႔ ျမန္မာအစိုးရတပ္ၾကား တိုက္ပြဲေတြအျပင္ နယ္ျခားေစာင့္ ရဲစခန္းေတြကို တုိက္ခုိက္တာေတြလည္း ရွိထားပါတယ္။ ခုခ်ိန္ထိကေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း လက္နက္ကိုင္ပဋိပကၡ အရွိန္ေလ်ာ့သြားမယ့္ အရိပ္လကၡဏာ မေတြ႔ရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

-------------------------------------

(Unicode)

စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေနဲ့ ကူညီလုပ်ဆောင်ပေးနေသူတွေက ဘယ်လိုပန်ကြားကြသလဲဆိုတာ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတာ နှစ်ချီလာပေမယ့် အခုအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လတ်တလောမှာကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲ တပ်စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေး လုပ်မှာဖြစ်လို့ ကျေးရွာတွေမှာ မနေဘဲ ခေတ္တရှောင်တိမ်းနေကြဖို့ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားပြီးတဲ့နောက်မှာ ဒေသခံပြည်သူ ထောင်ချီ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။

ရခုိင္ျပည္နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံတခ်ဳိ႕။ (ဇန္နဝါရီ ၄၊ ၂၀၁၉)
ရခုိင္ျပည္နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံတခ်ဳိ႕။ (ဇန္နဝါရီ ၄၊ ၂၀၁၉)


အခုအချိန်ထိ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ကျေးရွာပေါင်း ၄၃ ရွာထဲက ရွာသူရွာသားတွေ တိမ်းရှောင် ထွက်ပြေးလာနေကြပြီး သူတို့လိုအပ်ချက်တွေကို လိုက်လံကူညီပေးနေတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခြေအနေကို ပြောပြပါတယ်။

“အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေကနေ တော်တော်များများ ထွက်ပြေးလာနေကြတာတွေကို တွေ့နေရပါတယ်။ ဥပမာ နီးစပ်ရာ ကျေးရွာတွေဆီ ပြေးကြတယ်၊ နောက် ရသေ့တောင်မြို့ပေါ်ကို ပြေးကြတယ်။ နောက် စစ်တွေမြို့ပေါ်အထိကို ပြေးကြတာ တွေ့ရတယ်။ အခုလို အစိုးရဘက်က နယ်မြေရှင်းလင်းမယ်လို့ တရားဝင်ထုတ်လိုက်တဲ့ စာအတွက် အနီးအနားမှာရှိတဲ့ ကျေးရွာတိုင်းလိုလိုက အကုန်လုံး ထွက်လာကြပြီးတော့ အကုန်ထွက်ပြေးလာကြတာ တွေ့ရပါတယ်။ ဘယ်သူမဆိုပေါ့နော် တိုက်ပွဲတွေကြားမှာ ညပ်ပြီးတော့ ဒဏ်ရာရမှာကို အားလုံးက စိုးရိမ်ကြတယ်။ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတဲ့ကြားထဲမှာ နေရတဲ့ ကျေးရွာသူ ကျေးရွာသားတွေဟာ အခုဆိုရင် မြေစာပင်အဖြစ် ဒုက္ခတွေအများကြီးကို ရင်ဆိုင်ပြီး ဒုက္ခရောက်နေကြရတယ်။

“ဒီစာထုတ်လိုက်တဲ့ အတွက်ကြောင့် နိုင်ငံတော်အနေနဲ့လည်း ဥပမာ ပြည်နယ်အစိုးရပေါ့ ဒါဟာ သူတို့ တရားဝင်ထုတ်ပြန်တဲ့စာအရ ဒေသခံ ကျေးရွာသူ ကျေးရွာသားတွေ ထွက်ပြေးလာကြမယ် ဆိုတာလည်း သူတို့ ကြိုတင်သိပြီးသားပါ။ အဲ့ဒီ့အတွက် သူတို့ရဲ့ သွားရေးလာရေး လုံခြုံရေးကို အစိုးရတရပ်အနေနဲ့ တာဝန်ယူသင့်တယ်လို့ ကျမပြောချင်ပါတယ်။”

လတ်တလောမှာတော့ ရသေ့တောင်မြို့နယ်တွင်း တိမ်းရှောင် ထွက်ပြေးလာတဲ့သူတွေ၊ ရွာတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပိတ်မိနေတဲ့သူတွေကို သွားရောက်ခေါ်ဆောင်နိုင်အောင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ဌေးက ပြောပြပါတယ်။

“လောလောဆယ် အဲ့ဒီ့ ကြိမ်သာဆိုတဲ့ရွာမှာ မီးရှို့ခံရလို့ ပိတ်မိနေတဲ့သူ အယောက် ၃၀ လောက် ပိတ်နေတာရှိတယ်လို့ ဒေသခံတွေက အကြောင်းကြားလို့ ကျနော်တို့ ဒီ ရသေ့တောင်မှာက မေယုဒေသဖွံ့ဖြိုးရေးအဖွဲ့ ဆိုတာရှိတယ်။ အဲဒီ မေယုဒေသဖွံ့ဖြိုးရေး ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဦးဆောင်ပြီးတော့ သွားပြီး ကယ်ထုတ်နေတယ်။ ဒီနေ့မနက် သွားကြတယ်။ အမှန်တကယ် အဲဒီမှာ နေလို့မရဘူးလို့ စာထုတ်ရင် နေလို့ရမယ့်နေရာ စီစဉ်ပေးရမယ် ဆိုတဲ့ဟာကို ဝေဖန်နေကြတယ်ပေါ့နော်။ အခုက ချက်ချင်းဖယ်ခိုင်းတယ်၊ ချက်ချင်း ဝင်တိုက်တယ် ဆိုတော့။ အဓိက အခက်အခဲကတော့ နေရေးပေါ့နော်။ အခုက သူတို့က ရတဲ့နေရာတွေမှာ ဖြစ်သလိုနေနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အခုအချိန်မှာက ရခိုင်မှာက မိုးကလည်း အရမ်းရွာနေတာ။”

ရခိုင်ပြည်နယ်တွင်း စစ်မီးတွေငြိမ်းနိုင်ဖို့ အလားအလာ မျှော်လင့်ချက်၊ နိုင်ငံရေး နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါ့မလား ဆိုတဲ့အပေါ်မှာတော့ ရခိုင်အမျိုးသားကောင်စီ (ANC) ရဲ့ အတွင်းရေးမှူး ဦးထွန်းဇော်က အခုလို သုံးသပ်ပါတယ်။

“အခု ရသေ့တောင်မြို့နယ်မှာ ရခိုင်ပြည်နယ် အစိုးရရဲ့ နယ်လုံဝန်ကြီးက နေပြီးတော့ စာထုတ်ပြီး လုပ်တဲ့ကိစ္စကတော့ သူတို့ကျူးလွန်တဲ့ ဖြတ် ၄ ဖြတ် မဟာဗျူဟာ စီမံကိန်းအောက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ နောက် လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နေတဲ့ ရာဇဝတ်မှုတွေကို အကာအကွယ်ယူလိုတဲ့ သဘောနဲ့ လုပ်တယ်လို့ ကျနော်တို့မြင်တယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို သူက ကာကွယ်ရတယ်ဆိုတဲ့ အခြေခံအောက်မှာ သူလုပ်တာဖြစ်တယ်။

“ဒီနေ့ ဘာကြောင့် စစ်ဖြစ်လဲဆိုတဲ့ အကြောင်းရင်းခံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြတဲ့အခါ တန်းတူညီတူ ဂုဏ်သိက္ခာရှိမှုအပေါ် အခြေခံပြီးလုပ်တာ မဟုတ်တဲ့အတွက် ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတာပေါ့နော်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို တပ်မတော်ဘက်က တန်းတူညီတူ ဂုဏ်သိက္ခာရှိစွာနဲ့ ဆက်ဆံတဲ့ ပြုမူတဲ့ အပြုအမူမျိုး မလုပ်တဲ့အတွက် ဒီနေ့ ကျနော်တို့ စစ်ပွဲဆိုတဲ့ သံသရာမှာ လည်နေကြရတယ်။ ဆိုတော့ တပ်မတော်ရဲ့ နိုင်ငံရေးဆန္ဒ တကယ်ရှိတယ်ဆိုရင် ဒီစစ်ရေးပြဿနာကနေပြီးတော့ နေ့ချင်းညချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာလို့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက စစ်ရေးပြဿနာတွေကို လွှတ်တော်ကနေတဆင့် ဖြေရှင်းနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း ကြိုးစားသွားမယ်လို့ ရခိုင်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“အခု ကျမတို့ လွှတ်တော်သက်တမ်းမှာလည်း အရေးကြုံလာတယ်ဆိုရင် ကျမတို့ ရခိုင်အမျိုးသားပါတီ အနေနဲ့ရော လွှတ်တော်အနေနဲ့ရော ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ရော သူတို့ကို ဘယ်လိုကူညီရမလဲ ဆိုတာကိုတော့ ကျမတို့ အစီအစဉ်ချဖို့တော့ ရှိပါတယ်ရှင့်။ နောက်တချက်ကလည်းဒီလိုစာထုတ်တဲ့အပေါ်ကို ကျမတို့ဘက်က တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။ အဲဒီအတွက် ပြည်သူနဲ့ထပ်တူ ခံစားရပါတယ်။

“အဲဒီအတွက်ကြောင့် ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ငြိမ်းချမ်းရေးကို အမြန်ဆုံးလုပ်ကြပါ၊ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းပေးပါ၊ အခုချိန်ထိ COVID-19 ရောဂါကလည်း ဖြစ်နေပါတယ်။ နောက်တခါ အခု ရွေးကောက်ပွဲကလည်း နီးနေပြီဖြစ်တဲ့အတွက် ဒါတွေကို နှစ်ဦးနှစ်ဖက်က တွေ့ဆုံညှိနှိုင်း အဖြေတခုရှာပြီးတော့ ကျမတို့ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီးသွားဖို့အတွက် ကျမအနေနဲ့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်ရှင်။”

ရခိုင်ပြည်နယ်တွင်း စစ်ဖြစ်နေတဲ့ မြို့နယ်တွေမှာ ဇွန်လအစောပိုင်းအထိ စစ်ရှောင်ပြည်သူပေါင်း ၁၀၆,၄၀၀ ကျော်အထိ ရှိခဲ့သလို လတ်တလော AA နဲ့ မြန်မာအစိုးရတပ်ကြား တိုက်ပွဲတွေအပြင် နယ်ခြားစောင့် ရဲစခန်းတွေကို တိုက်ခိုက်တာတွေလည်း ရှိထားပါတယ်။ ခုချိန်ထိကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ အရှိန်လျော့သွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG