သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္သားေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ ကာကြယ္ေရး ခ်က္ခ်င္းေဆာင္ရြက္ဖို႔ ကုလသမဂၢ ေတာင္းဆို


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်းရြာအုပ္စုတ၀ိုက္ စစ္ေရးတင္းမာေနတယ္ဆိုတဲ့ သတင္းေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ ပဋိပကၡေတြၾကားက အရပ္သားေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ကို အကာအကြယ္ေပးေရးအတြက္ အေရးတႀကီး ေဆာင္ရြက္ဖို႔ ကုလသမဂၢက တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

ရခိုင္ျပည္နယ္ ရေသ႔ေတာင္ၿမိဳ႕နယ္တြင္းမွာ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရး သတိေပးခ်က္ေၾကာင့္ ေဒသခံေထာင္ခ်ီၿပီး တိမ္းေရွာင္ေနၾကခ်ိန္မွာပဲ ကုလသမဂၢက အခုလို ေၾကညာခ်က္ထုတ္ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

ပဋိပကၡမွာ ပါ၀င္ပတ္သက္သူေတြ အားလံုးအေနနဲ႔ ႏုိင္ငံတကာ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ဥပေဒကို ေလးစားလိုက္နာၾကၿပီး တာ၀န္ယူမႈ တာ၀န္ခံမႈရွိၾကဖို႔၊ ေနာက္ အရပ္သားေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ကို အကာအကြယ္ေပးေရး အေရးတယူ ေဆာင္ရြက္ဖို႔ ကုလသမဂၢက ေတာင္းဆိုပါတယ္။

ထြက္ေျပး တိမ္းေရွာင္လာသူေတြ၊ ရြာေတြမွာ ပိတ္မိေနသူေတြနဲ႔ ပဋိပကၡရဲ႕ ႐ုိက္ခတ္ သက္ေရာက္ခံရသူ အားလံုးကို ကူညီကယ္ဆယ္ေရး လုပ္ေဆာင္ဖို႔လည္း တိုက္တြန္းထားပါတယ္။

COVID-19 ကမၻာ့ကပ္ေရာဂါကို ကာကြယ္ တံု႔ျပန္ေဆာင္ရြက္ေရး ထိထိေရာက္ေရာက္ အားထည့္ေဆာင္ရြက္ႏုိင္ဖို႔ ကမၻာတလႊား ပစ္ခတ္တုိက္ခိုက္မႈေတြ ရပ္စဲေရး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္ကိုလည္း ျမန္မာ့ပဋိပကၡမွာ ပတ္သက္သူအားလံုး အေရးတယူ ရွိၾကဖို႔လည္း ကုလသမဂၢက ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။

ၿပီးခ့ဲတဲ့ သီတင္းပတ္အတြင္း ရေသ့ေတာင္ၿမိဳ႕နယ္တြင္း ေဒသေတြမွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးလုပ္မယ္လို႔ ေဒသဆိုင္ရာ အာဏာပိုင္တို႔က သတိေပးခဲ့ၿပီးေနာက္ ေဒသခံ ေထာင္ခ်ီၿပီး တိမ္းေရွာင္ေနၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ နယ္ေျမရွင္းလင္းေရး သတိေပးခ်က္ ဆိုတာကို ျပန္႐ုပ္သိမ္းေၾကာင္း၊ နယ္ေျမရွင္းလင္းေရးဆိုတဲ့ စကားအသံုးအႏႈန္းက မွားယြင္းေၾကာင္း၊ ဒါေပမယ့္ သတိေပးခ်က္ ထုတ္ခဲ့တဲ့ ရြာတခ်ိဳ႕မွာေတာ့ စစ္ေရးလႈပ္ရွားမႈရွိေၾကာင္း စစ္ဘက္ အရပ္ဘက္ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္တြင္းက ေက်းရြာ ၄၀ ေက်ာ္မွာ စစ္ဆင္ေရး သတိေပးခ်က္ ရရွိခဲ့ၿပီးေနာက္ ေဒသခံေတြကေတာ့ ဆက္လက္တိမ္းေရွာင္ေနၾကဆဲ ျဖစ္ၿပီး အခုအခ်ိန္ထိေတာ့ ေနရပ္ရင္းကို မျပန္ႏုိင္ေသးပါဘူး။

၂၀၁၇ ခုႏွစ္ ရခုိင္ေျမာက္ပိုင္း ပဋိပကၡတြင္းမွာ လူေပါင္း သိန္းခ်ီၿပီး ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးရတဲ့ အဓိက အေၾကာင္းရင္းတခုက ျမန္မာ လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ အင္အား အလြန္အကြ်ံသံုးၿပီး နယ္ေျမရွင္းလင္း ေဆာင္ရြက္ခ်က္ေတြေၾကာင့္လို႔ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာက ေထာက္ျပ ေ၀ဖန္ထားတာ ျဖစ္ပါတယ္။

---------------------------------

(Unicode)

အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ တောင်းဆို

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုတဝိုက် စစ်ရေးတင်းမာနေတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ပဋိပက္ခတွေကြားက အရပ်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးရေးအတွက် အရေးတကြီး ဆောင်ရွက်ဖို့ ကုလသမဂ္ဂက တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး သတိပေးချက်ကြောင့် ဒေသခံထောင်ချီပြီး တိမ်းရှောင်နေကြချိန်မှာပဲ ကုလသမဂ္ဂက အခုလို ကြေညာချက်ထုတ် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာကြပြီး တာဝန်ယူမှု တာဝန်ခံမှုရှိကြဖို့၊ နောက် အရပ်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးရေး အရေးတယူ ဆောင်ရွက်ဖို့ ကုလသမဂ္ဂက တောင်းဆိုပါတယ်။

ထွက်ပြေး တိမ်းရှောင်လာသူတွေ၊ ရွာတွေမှာ ပိတ်မိနေသူတွေနဲ့ ပဋိပက္ခရဲ့ ရိုက်ခတ် သက်ရောက်ခံရသူ အားလုံးကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကို ကာကွယ် တုံ့ပြန်ဆောင်ရွက်ရေး ထိထိရောက်ရောက် အားထည့်ဆောင်ရွက်နိုင်ဖို့ ကမ္ဘာတလွှား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကိုလည်း မြန်မာ့ပဋိပက္ခမှာ ပတ်သက်သူအားလုံး အရေးတယူ ရှိကြဖို့လည်း ကုလသမဂ္ဂက ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရသေ့တောင်မြို့နယ်တွင်း ဒေသတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးလုပ်မယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တို့က သတိပေးခဲ့ပြီးနောက် ဒေသခံ ထောင်ချီပြီး တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နယ်မြေရှင်းလင်းရေး သတိပေးချက် ဆိုတာကို ပြန်ရုပ်သိမ်းကြောင်း၊ နယ်မြေရှင်းလင်းရေးဆိုတဲ့ စကားအသုံးအနှုန်းက မှားယွင်းကြောင်း၊ ဒါပေမယ့် သတိပေးချက် ထုတ်ခဲ့တဲ့ ရွာတချို့မှာတော့ စစ်ရေးလှုပ်ရှားမှုရှိကြောင်း စစ်ဘက် အရပ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်တွင်းက ကျေးရွာ ၄၀ ကျော်မှာ စစ်ဆင်ရေး သတိပေးချက် ရရှိခဲ့ပြီးနောက် ဒေသခံတွေကတော့ ဆက်လက်တိမ်းရှောင်နေကြဆဲ ဖြစ်ပြီး အခုအချိန်ထိတော့ နေရပ်ရင်းကို မပြန်နိုင်သေးပါဘူး။

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း ပဋိပက္ခတွင်းမှာ လူပေါင်း သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရတဲ့ အဓိက အကြောင်းရင်းတခုက မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အား အလွန်အကျွံသုံးပြီး နယ်မြေရှင်းလင်း ဆောင်ရွက်ချက်တွေကြောင့်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထောက်ပြ ဝေဖန်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG