သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္က စစ္တပ္နယ္ေျမရွင္းလင္းေရးလုပ္ရပ္ အစုိးရမွာလည္း တာ၀န္ရွိေၾကာင္း ကန္ ေရာက္ တုိင္းရင္းသားေတြေျပာ


ရခိုင္တိုက္ပြဲေတြေၾကာင့္ စစ္ေတြဘက္ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ေဒသခံမ်ား

(Zawgyi/Unicode)

ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ စဲြခ်က္ရင္ဆိုင္ေနရတဲ့ ျမန္မာစစ္တပ္ဟာ သံုးႏွစ္အၾကာမွာ ရခိုင္ရြာေတြကိုပါ နယ္ေျမရွင္းလင္းရွင္းေရး ထပ္လုပ္လာတာဟာ တရားမဲ့လြန္ၿပီး ျမန္မာအစိုးရမွာ တာ၀န္ရွိေနေၾကာင္း ႏိုင္ငံတကာေရာက္ ျမန္မာတိုင္းရင္းသားအဖဲြ႕ေတြက ဗီြအိုေအကို ေျပာပါတယ္။

AA ရခိုင္လက္နက္ကိုင္အဖဲြ႕ကို ေခ်မႈန္းဖို႔ ရခိုင္ေျမာက္ပိုင္းမွာ နယ္ေျမရွင္းလင္းေရး လုပ္ဖို႔ရွိတယ္ဆိုတဲ့ စစ္တပ္ရဲ႕ညြန္ၾကားခ်က္ကို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္ အစိုးရဘက္က ျပန္လည္ ရုပ္သိမ္းခဲ့ပါတယ္။ ဒါေပမဲ့လည္း စစ္ဆင္ေရးေတြဆက္ၿပီးရွိေနတာေၾကာင့္ ရခိုင္ျပည္နယ္တ၀ွမ္း အရပ္သားေတြ ေသဆံုး၊ ထိခိုက္ၿပီး အစုလိုက္အၿပံဳလိုက္ ထြက္ေျပးေနရဆဲျဖစ္ပါတယ္။

အေၾကာင္းစံုကို မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

အရပ္သားေတြ ေသေၾက ထိခိုက္ဒဏ္ရာရေနတဲ့ ရခိုင္ျပည္နယ္တ၀ွမ္း တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရး လႈပ္ရွားမႈေတြကို ျမန္မာအစိုးရ အေနနဲ႔ ရပ္တန္႔ဖို႔ လိုအပ္ေနေၾကာင္း အေမရိကန္-ရခိုင္လူမႈအဖဲြ႔အစည္း ဒုဥကၠဌ ဦးသိန္းထြန္းဇံ က ဗီြအိုေအကို ေျပာပါတယ္။

" အစိုးရအေနနဲ႔ စစ္တပ္ကို အခုလို လုပ္ေနတဲ့ နယ္ေျမရွင္းလင္းေရးေတြကို ရပ္တန္႔ဖို႔အတြက္ ေျပာသင့္တယ္။ သို႔မဟုတ္ရင္ေတာင္ သူတို႔ သေဘာမတူဘူးဆိုတဲ့အေၾကာင္း၊ ဒီလိုလုပ္တာမ်ဳိးဟာ ျပင္းထန္လြန္းတယ္ဆိုတာမ်ဳိး သတင္းမီဒီယာေတြကတဆင့္ အသိေပးတာမ်ဳိး လုပ္သင့္ပါတယ္။"

ျမန္မာစစ္တပ္ကေတာ့ သူတို႔ရဲ႕ စစ္ဆင္ေရးေတြဟာ AA ရခိုင္လက္နက္ကိုင္အဖဲြ႕က ရခိုင္ရြာေတြထဲ ၀င္ေရာက္လႈပ္ရွားလာတဲ့အတြက္ တန္ျပန္ေခ်မႈန္းတာျဖစ္တယ္လို႔ သတင္းမီဒီယာေတြကို ျပန္ၿပီး တံု႔ျပန္ေျပာဆိုထားပါတယ္။

၂၀၁၇ ခုနွစ္က ရခိုင္ေျမာက္ပိုင္း နယ္ေျမရွင္းလင္းေရးမွာလည္း ရိုဟင္ဂ်ာအစြန္းေရာက္အဖဲြ႕ကို တန္ျပန္ႏွိမ္းနင္းေရးျဖစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရိုဟင္ဂ်ာ ၇ သိန္းေက်ာ္ကို အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ အတင္းအက်ပ္ ေမာင္းထုတ္ခဲ့တဲ့ပံုစံမ်ဳိး ရခိုင္လူမ်ဳိးေတြကိုလည္း အလားတူ လုပ္ေဆာင္ေနတယ္လို႔ ျမင္ေၾကာင္း ဦးသိန္းထြန္းဇံက ေျပာပါတယ္။

"အခု ပံုစံက ၂၀၁၆၊ ၂၀၁၇ ခုႏွစ္က မြတ္စလင္ေတြကို ရွင္းလင္းခဲ့တဲ့ ပံုစံမ်ဳိးဆက္လက္ လုပ္ေနတာ ေတြ႕ရပါတယ္။ ဒါဆိုရင္ အစိုးရေရာ စစ္တပ္ပါ တခ်ိန္မွာ ICJ လို ႏိုင္ငံတကာ တရားရံုးေတြေရွ႕ေမွာက္ ရင္ဆိုင္ေျဖရွင္းရမယ့္ အျဖစ္မ်ဳိးေရာက္လာပါလိမ့္မယ္။"

ပဋိပကၡေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ စစ္တပ္ရဲ႕ လုပ္ရပ္က မွန္ေနတယ္လို႕ ယူဆရင္ ဒါမွမဟုတ္ ဘယ္သူေတြ ဘယ္ေလာက္ထိ ျပင္းျပင္းထန္ထန္ ျပစ္မႈက်ဴးလြန္ေနတယ္ဆိုတာ ျပည္သူေတြ မွန္မွန္ကန္ကန္ သိရဖို႔ သတင္းလြတ္လပ္စြာယူခြင့္ေပးပါလို႔ ျမန္မာအစိုးရကို အေမရိကန္အေျခစိုက္ ကခ်င္မဟာမိတ္ ဥကၠဌ Gum San NSang က တိုက္တြန္းလိုက္ပါတယ္။

" လြတ္လပ္စြာ သတင္းရယူႏိုင္ခြင့္ပဲ ဖြင့္ေပးလိုက္ပါ။ တကယ္ ပစ္မပစ္က အကုန္လံုး သိသြားပါလိမ့္မယ္။ ေနာက္တခုက ဒီလုိ ဒုကၡေရာက္ေနသူေတြကို ကူညီေထာက္ပံ့ဖို႔ လိုေနပါတယ္။ က်ေနာ္တို႔ ကခ်င္ျပည္နယ္မွာလိုမ်ဳိး ရခိုင္ျပည္နယ္မွာ ျဖစ္ေနတာပါ။အရင္တုန္းကလုပ္သလို ျဖတ္ေလးျဖတ္ပံုစံမ်ဳိးပဲ လုပ္ေနတာပါ။"

ဒါအျပင္ ရခိုင္ပဋိပကၡအေရး ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အစိုးရက အခ်ိန္မွီမေျဖရွင္းႏိုင္ဘူးဆိုရင္ ရခိုင္တိုင္းရင္းသားနဲ႔ ဗမာတိုင္းရင္းသားေတြအၾကား ယံုၾကည္မႈ တည္ေဆာက္ေရး အလွမ္းေ၀းဖို႔ပဲ ရွိေၾကာင္း Gum San NSang က ေျပာပါတယ္။

" ပိုဆိုးတာက အကုန္လံုးထင္တာတဲ့ ျမန္မာ့အက်ဳိးစီးပြားအတြက္ ဗမာေတြအတြက္ လူမ်ဳိးစဲြ၀ါဒီေတြ ရွိေနတဲ့ သေဘာသက္ေရာက္ေနပါတယ္။ အဲေတာ့ အစိုးရက ဒီလူမ်ဳိးႀကီး ၀ါဒကို ေထာက္ခံေနတဲ့ သေဘာျပေနတယ္လို႔ က်ေနာ္တို႔ ခံစားရပါတယ္။"

လူမ်ဳိးတုံးသတ္ျဖတ္မႈက်ဴးလြန္ေၾကာင္း စြပ္စဲြခ်က္နဲ႔ ႏုိင္ငံတကာတရားရံုးေတြရဲ႕ စံုစမ္းစစ္ေဆးမႈေတြကို ရင္ဆိုင္ေနရတဲ့ ျမန္မာ့တပ္မေတာ္ဟာ အခု ရခိုင္လူမ်ဳိးေတြရဲ႕ ေဒသေတြမွာ ေနာက္ထပ္စစ္ဆင္ေရးလုပ္လာတာ၊ လုပ္ဖို႔ရွိေနတဲ့အေျခအေနေတြဟာ ျမန္မာအစိုးရဘက္ အေတာ္ေလးတာ၀န္မဲ့တဲ့ လုပ္ရပ္လို႔ျမင္ေၾကာင္း

ၿဗိတိန္အေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားမႈကြန္ယက္ BHRN အမႈေဆာင္ၫြန္ၾကားေရးမႉး ဦးေက်ာ္ဝင္းက ဗီြအိုေအကို ေျပာပါတယ္။

" သံုး ေလးႏွစ္အတြင္းမွာပဲ ဒီလိုမ်ဳိးပဲ ျပန္ၿပီး ဒီေဒသမွာပဲ ျပန္ၿပီးေတာ့ နယ္ေျမရွင္းလင္းေရး ျပန္လုပ္မယ္ဆိုတာ ေတာ္ေတာ္ေလး တာ၀န္မဲ့လြန္ရာက်ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီစစ္တပ္က တခ်ိန္က ဂ်ီနိုဆိုက္ က်ဴးလြန္ခဲ့တယ္ဆိုတာ အင္မတန္မွ လူမဆန္တဲ့ လုပ္ရပ္ေတြကို က်ဴးလြန္ခဲ့တာ။ အခုက်ေနာ္တို႔ ၾကားသိေနရတဲ့ သတင္းေတြအရဆိုရင္ ရြာသားေတြကို ဖမ္းၿပီးစစ္ေဆးေနတာပါ။ စစ္ေဆးေနတယ္ဆိုတဲ့ ေနရာမွာလည္း သူတို႔ကို ညွဥ္းပမ္းႏွိပ္စက္တာေတြပါတယ္။ က်ေနာ္တို႔ ရတဲ့ ဓါတ္ပံုအေထာက္အထားေတြမွာ အရပ္သားတေယာက္ဆိုရင္ စႏိုက္ပါနဲ႔ ပစ္သတ္ခံရတာ၊ ဘူးသီးေတာင္ဘက္မွာလည္း အသက္ ၁၁ လအရြယ္ ရိုဟင္ဂ်ာ ကေလးေလးတေယာက္ဆိုရင္ ဗံုးက်ည္ထိၿပီး ေသသြားတာ၊ ဒါမ်ဳိး အရပ္သားေတြ ထိခိုက္ေသဆံုးတာေတြ အေတာ္ေလး မ်ားလာေနၿပီ။"

ဒါအျပင္ အစိုးရဘက္ကေန ထိခိုက္ဒဏ္ရာရတဲ့ အရပ္သားေတြ၊ စစ္ေဘးဒုကၡသည္ေတြအတြက္ အကာအကြယ္ေပးေစာင့္ေရွာက္တာမ်ဳိး မေတြ႕ရဘူးလို႕ ဦးေက်ာ္၀င္းက ဆိုပါတယ္။

" အစိုးရက တဖက္မွာက်ေတာ့ စစ္တပ္ကေန စစ္ဆင္ေရးလုပ္မယ့္ဟာကို ခြင့္ျပဳတယ္၊ ႏိုင္ငံတကာတရားရံုးမွာေတာင္ ရင္ဆိုင္ေနရတဲ့ စစ္တပ္ရဲ႕ က်ဴးလြန္မႈကို ထပ္ၿပီးခြင့္ျပဳတယ္။ တဖက္မွာက်ေတာ့ ဒုကၡေရာက္ေနတဲ့ အရပ္သားေတြကို ကူညီဖို႔ ပ်က္ကြက္တယ္

ဆိုတာမ်ဳိးက်ေတာ့ က်ေနာ္တို႔ ျပန္စဥ္းစားရင္ စစ္တပ္နဲ႕ လက္ရွိ အာဏာရ အစိုးရက တဂိုဏ္းတည္းပံုစံမ်ဳိး ျမင္မိတယ္၊ တဖက္မွာက်ေတာ့ တိုင္းရင္းသားေတြ၊ လူနည္းစုေတြကို ႏွိပ္စက္ၿပီး ေသြးခဲြအုပ္ခ်ဳပ္တာ ေတာ္ေတာ္ေလး ထင္ရွားေနပါတယ္။"

ရိုဟင္ဂ်ာ အသံုးအႏႈန္းကို အသိအမွတ္ျပဳမထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေဒသတခုလံုးပါ ရိုက္ခတ္လာေနတဲ့ ရခိုင္ အၾကမ္းဖက္ ပဋိပကၡေျဖရွင္းေရး အာဆီယံနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဗီြဒီယိုကြန္ဖရင့္နဲ႔ ျပဳလုပ္တဲ့ အာဆီယံထိပ္သီးအစည္းအေ၀းမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရခိုင်က စစ်တပ်နယ်မြေရှင်းလင်းရေးလုပ်ရပ် အစိုးရမှာလည်းတာဝန်ရှိကြောင်း ကန် ရောက် တိုင်းရင်းသားတွေပြော

(Unicode)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ သုံးနှစ်အကြာမှာ ရခိုင်ရွာတွေကိုပါ နယ်မြေရှင်းလင်းရှင်းရေး ထပ်လုပ်လာတာဟာ တရားမဲ့လွန်ပြီး မြန်မာအစိုးရမှာ တာဝန်ရှိနေကြောင်း နိုင်ငံတကာရောက် မြန်မာတိုင်းရင်းသားအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းဖို့ ရခိုင်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး လုပ်ဖို့ရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ညွန်ကြားချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အစိုးရဘက်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်ဆင်ရေးတွေဆက်ပြီးရှိနေတာကြောင့် ရခိုင်ပြည်နယ်တဝှမ်း အရပ်သားတွေ သေဆုံး၊ ထိခိုက်ပြီး အစုလိုက်အပြုံလိုက် ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

အရပ်သားတွေ သေကြေ ထိခိုက်ဒဏ်ရာရနေတဲ့ ရခိုင်ပြည်နယ်တဝှမ်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုတွေကို မြန်မာအစိုးရ အနေနဲ့ ရပ်တန့်ဖို့ လိုအပ်နေကြောင်း အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်း ဒုဥက္ကဌ ဦးသိန်းထွန်းဇံ က ဗွီအိုအေကို ပြောပါတယ်။

" အစိုးရအနေနဲ့ စစ်တပ်ကို အခုလို လုပ်နေတဲ့ နယ်မြေရှင်းလင်းရေးတွေကို ရပ်တန့်ဖို့အတွက် ပြောသင့်တယ်။ သို့မဟုတ်ရင်တောင် သူတို့ သဘောမတူဘူးဆိုတဲ့အကြောင်း၊ ဒီလိုလုပ်တာမျိုးဟာ ပြင်းထန်လွန်းတယ်ဆိုတာမျိုး သတင်းမီဒီယာတွေကတဆင့် အသိပေးတာမျိုး လုပ်သင့်ပါတယ်။"

မြန်မာစစ်တပ်ကတော့ သူတို့ရဲ့ စစ်ဆင်ရေးတွေဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ရွာတွေထဲ ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် တန်ပြန်ချေမှုန်းတာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြန်ပြီး တုံ့ပြန်ပြောဆိုထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာလည်း ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ကို တန်ပြန်နှိမ်းနင်းရေးဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အတင်းအကျပ် မောင်းထုတ်ခဲ့တဲ့ပုံစံမျိုး ရခိုင်လူမျိုးတွေကိုလည်း အလားတူ လုပ်ဆောင်နေတယ်လို့ မြင်ကြောင်း ဦးသိန်းထွန်းဇံက ပြောပါတယ်။

"အခု ပုံစံက ၂၀၁၆၊ ၂၀၁၇ ခုနှစ်က မွတ်စလင်တွေကို ရှင်းလင်းခဲ့တဲ့ ပုံစံမျိုးဆက်လက် လုပ်နေတာ တွေ့ရပါတယ်။ ဒါဆိုရင် အစိုးရရော စစ်တပ်ပါ တချိန်မှာ ICJ လို နိုင်ငံတကာ တရားရုံးတွေရှေ့မှောက် ရင်ဆိုင်ဖြေရှင်းရမယ့် အဖြစ်မျိုးရောက်လာပါလိမ့်မယ်။"

ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လုပ်ရပ်က မှန်နေတယ်လို့ ယူဆရင် ဒါမှမဟုတ် ဘယ်သူတွေ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ပြစ်မှုကျူးလွန်နေတယ်ဆိုတာ ပြည်သူတွေ မှန်မှန်ကန်ကန် သိရဖို့ သတင်းလွတ်လပ်စွာယူခွင့်ပေးပါလို့ မြန်မာအစိုးရကို အမေရိကန်အခြေစိုက် ကချင်မဟာမိတ် ဥက္ကဌ Gum San NSang က တိုက်တွန်းလိုက်ပါတယ်။

" လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်ပဲ ဖွင့်ပေးလိုက်ပါ။ တကယ် ပစ်မပစ်က အကုန်လုံး သိသွားပါလိမ့်မယ်။ နောက်တခုက ဒီလို ဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့ လိုနေပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာလိုမျိုး ရခိုင်ပြည်နယ်မှာ ဖြစ်နေတာပါ။အရင်တုန်းကလုပ်သလို ဖြတ်လေးဖြတ်ပုံစံမျိုးပဲ လုပ်နေတာပါ။"

ဒါအပြင် ရခိုင်ပဋိပက္ခအရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရက အချိန်မှီမဖြေရှင်းနိုင်ဘူးဆိုရင် ရခိုင်တိုင်းရင်းသားနဲ့ ဗမာတိုင်းရင်းသားတွေအကြား ယုံကြည်မှု တည်ဆောက်ရေး အလှမ်းဝေးဖို့ပဲ ရှိကြောင်း Gum San NSang က ပြောပါတယ်။

" ပိုဆိုးတာက အကုန်လုံးထင်တာတဲ့ မြန်မာ့အကျိုးစီးပွားအတွက် ဗမာတွေအတွက် လူမျိုးစွဲဝါဒီတွေ ရှိနေတဲ့ သဘောသက်ရောက်နေပါတယ်။ အဲတော့ အစိုးရက ဒီလူမျိုးကြီး ဝါဒကို ထောက်ခံနေတဲ့ သဘောပြနေတယ်လို့ ကျနော်တို့ ခံစားရပါတယ်။"

လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံးတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်ဟာ အခု ရခိုင်လူမျိုးတွေရဲ့ ဒေသတွေမှာ နောက်ထပ်စစ်ဆင်ရေးလုပ်လာတာ၊ လုပ်ဖို့ရှိနေတဲ့အခြေအနေတွေဟာ မြန်မာအစိုးရဘက် အတော်လေးတာဝန်မဲ့တဲ့ လုပ်ရပ်လို့မြင်ကြောင်း

ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုကွန်ယက် BHRN အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" သုံး လေးနှစ်အတွင်းမှာပဲ ဒီလိုမျိုးပဲ ပြန်ပြီး ဒီဒေသမှာပဲ ပြန်ပြီးတော့ နယ်မြေရှင်းလင်းရေး ပြန်လုပ်မယ်ဆိုတာ တော်တော်လေး တာဝန်မဲ့လွန်ရာကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစစ်တပ်က တချိန်က ဂျီနိုဆိုက် ကျူးလွန်ခဲ့တယ်ဆိုတာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာ။ အခုကျနော်တို့ ကြားသိနေရတဲ့ သတင်းတွေအရဆိုရင် ရွာသားတွေကို ဖမ်းပြီးစစ်ဆေးနေတာပါ။ စစ်ဆေးနေတယ်ဆိုတဲ့ နေရာမှာလည်း သူတို့ကို ညှဉ်းပမ်းနှိပ်စက်တာတွေပါတယ်။ ကျနော်တို့ ရတဲ့ ဓါတ်ပုံအထောက်အထားတွေမှာ အရပ်သားတယောက်ဆိုရင် စနိုက်ပါနဲ့ ပစ်သတ်ခံရတာ၊ ဘူးသီးတောင်ဘက်မှာလည်း အသက် ၁၁ လအရွယ် ရိုဟင်ဂျာ ကလေးလေးတယောက်ဆိုရင် ဗုံးကျည်ထိပြီး သေသွားတာ၊ ဒါမျိုး အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ အတော်လေး များလာနေပြီ။"

ဒါအပြင် အစိုးရဘက်ကနေ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေ၊ စစ်ဘေးဒုက္ခသည်တွေအတွက် အကာအကွယ်ပေးစောင့်ရှောက်တာမျိုး မတွေ့ရဘူးလို့ ဦးကျော်ဝင်းက ဆိုပါတယ်။

" အစိုးရက တဖက်မှာကျတော့ စစ်တပ်ကနေ စစ်ဆင်ရေးလုပ်မယ့်ဟာကို ခွင့်ပြုတယ်၊ နိုင်ငံတကာတရားရုံးမှာတောင် ရင်ဆိုင်နေရတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုကို ထပ်ပြီးခွင့်ပြုတယ်။ တဖက်မှာကျတော့ ဒုက္ခရောက်နေတဲ့ အရပ်သားတွေကို ကူညီဖို့ ပျက်ကွက်တယ်

ဆိုတာမျိုးကျတော့ ကျနော်တို့ ပြန်စဉ်းစားရင် စစ်တပ်နဲ့ လက်ရှိ အာဏာရ အစိုးရက တဂိုဏ်းတည်းပုံစံမျိုး မြင်မိတယ်၊ တဖက်မှာကျတော့ တိုင်းရင်းသားတွေ၊ လူနည်းစုတွေကို နှိပ်စက်ပြီး သွေးခွဲအုပ်ချုပ်တာ တော်တော်လေး ထင်ရှားနေပါတယ်။"

ရိုဟင်ဂျာ အသုံးအနှုန်းကို အသိအမှတ်ပြုမထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒေသတခုလုံးပါ ရိုက်ခတ်လာနေတဲ့ ရခိုင် အကြမ်းဖက် ပဋိပက္ခဖြေရှင်းရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ဗွီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG