သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒုိနီးရွားမွာ ယာယီထိန္းသိမ္းခံထားရတဲ့ ရုိဟင္ဂ်ာေတြကုိ IOM ကူညီေပးေန


(Zawgyi/Unicode)

အင္ဒိုနီးရွားနိုင္ငံ၊ Aceh ျပည္နယ္ ကမ္းေျခတစ္ခုကို စက္ေလွနဲ႔ ေရာက္ရွိသြားၿပီးတဲ့ေနာက္ မၾကာခင္ ရက္ပိုင္းကပဲ ကမ္းကပ္ခြင့္ရခဲ့တဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ ၉၉ ဦးကို နာရီနဲ႔အမၽွ အကူအညီေတြ ေပးအပ္ ေနတယ္လို႔ အင္ဒိုနီးရွားမွာ ရွိတဲ့ ကုလသမဂၢ လက္ေအာက္ခံ နိုင္ငံ တကာ ေရႊ႕ေျပာင္းသူအေျခခ်ေနထိုင္သူမ်ား အကူအညီေပးေရးအဖြဲ႕ (IOM) က ေျပာပါတယ္။

Aceh ျပည္နယ္ထဲ ဒုကၡသည္ေတြကို ေနရာခ်ထားေပးတဲ့ေနရာမွာ အကူအညီေပးေနတဲ့ IOM အဖြဲ႕မွာ သူနာျပဳတေယာက္၊ စကားျပန္တေယာက္နဲ႔ တစ္ျခား ဝန္ထမ္းေတြ ပါဝင္တယ္လို႔ IOM အဖြဲ႕က ေျပာပါတယ္။ ေရနဲ႔ အစားအစာေတြ ေထာက္ပံ့ေပးထားတဲ့အျပင္ ေရတိုင္ကီေတြနဲ႔ တကိုယ္ေရ သန္႔ရွင္း ေရး အသုံးအေဆာင္ေတြကို ေပးအပ္ထားၿပီး COVID-19 ေရာဂါ သိေကာင္းစရာ သတင္းအခ်က္အလက္ေတြကို ရွင္းျပထားတယ္လို႔ ေျပာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ပင္လယ္ထဲမွာ ရွိေနဆဲျဖစ္တဲ့ ခန္႔မွန္းေျခ ရိုဟင္ဂ်ာ အေယာက္ ၅၀၀ အတြက္ အင္ဒိုနီးရွားနိုင္ငံ အာဏာပိုင္ေတြက စိုးရိမ္ပူပန္ေနတယ္လို႔လည္း IOM အဖြဲ႕က ေျပာပါတယ္။ အနည္းဆုံး လူ အေယာက္ ၃၀၀ ေလာက္ လိုက္ပါလာတဲ့ စက္ေလွတစ္စီး ထိုင္းနိုင္ငံ၊ Koh Adang ကၽြန္းအနား ေရာက္ရွိေနတယ္လို႔ မေလးရွားအာဏာပိုင္ေတြက ေျပာထားတာပါ။

စက္ေလွစီး ဒုကၡသည္ေတြရဲ့ အေျခအေန အေသးစိတ္ကို ေနာက္ထပ္ မသိရေသးေပမဲ့ ၂၀၂၀ ျပည့္ႏွစ္ထဲ အၾကမ္းဖ်င္း ရိုဟင္ဂ်ာ ဒုကၡ သည္ ၁၄၀၀ ေလာက္ ပင္လယ္ထဲ စက္ေလွေတြနဲ႔ ေမ်ာေနခဲ့ၿပီး အခုအခ်ိန္အထိ အနည္းဆုံး လူ ၁၃၀ ေလာက္ ေသဆုံးခဲ့ရတယ္လို႔ IOM အဖြဲ႕က ေျပာပါတယ္။

ရက္ေပါင္း ၁၂၀ ၾကာ ပင္လယ္ထဲ ျဖတ္သန္းၿပီး Aceh ကို ေရာက္လာတဲ့ ဒုကၡသည္ေတြထဲ မိသားစု ၂၃ စု ပါဝင္သလို တေယာက္တည္းသမားေတြနဲ႔ အုပ္ထိန္းသူ မပါတဲ့ ကေလးငယ္ ၂ ဦးလည္း ပါဝင္ပါတယ္။ အင္ဒိုနီးရွားနိုင္ငံက ဘဂၤလားေဒ့ရွ္နိုင္ငံသားနဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ ၁၈၀၀ ေက်ာ္ကို လက္ခံဖို႔ သေဘာတူခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းကလည္း IOM အဖြဲ႕က အခုလို အကူအညီေပးခဲ့ဖူးပါတယ္။

ရုိဟင္ဂ်ာလုိ႔ ေခၚဆုိတာကုိ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ ျမန္မာႏုိင္ငံကထြက္ေျပးသြားၾကသူေတြ ေနရပ္ျပန္ႏုိင္ေရးအတြက္ ဘဂၤလားေဒ့ရွ္အပါအ၀င္ ႏုိင္ငံတကာအသုိင္း၀ုိင္းနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အင်ဒိုနီးရှားမှာ ယာယီထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို IOM ကူညီပေးနေ


(Unicode)

အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ် ကမ်းခြေတစ်ခုကို စက်လှေနဲ့ ရောက်ရှိသွားပြီးတဲ့နောက် မကြာခင် ရက်ပိုင်းကပဲ ကမ်းကပ်ခွင့်ရခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၉ ဦးကို နာရီနဲ့အမျှ အကူအညီတွေ ပေးအပ် နေတယ်လို့ အင်ဒိုနီးရှားမှာ ရှိတဲ့ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံ တကာ ရွှေ့ပြောင်းသူအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ (IOM) က ပြောပါတယ်။

Aceh ပြည်နယ်ထဲ ဒုက္ခသည်တွေကို နေရာချထားပေးတဲ့နေရာမှာ အကူအညီပေးနေတဲ့ IOM အဖွဲ့မှာ သူနာပြုတယောက်၊ စကားပြန်တယောက်နဲ့ တစ်ခြား ဝန်ထမ်းတွေ ပါဝင်တယ်လို့ IOM အဖွဲ့က ပြောပါတယ်။ ရေနဲ့ အစားအစာတွေ ထောက်ပံ့ပေးထားတဲ့အပြင် ရေတိုင်ကီတွေနဲ့ တကိုယ်ရေ သန့်ရှင်း ရေး အသုံးအဆောင်တွေကို ပေးအပ်ထားပြီး COVID-19 ရောဂါ သိကောင်းစရာ သတင်းအချက်အလက်တွေကို ရှင်းပြထားတယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ပင်လယ်ထဲမှာ ရှိနေဆဲဖြစ်တဲ့ ခန့်မှန်းခြေ ရိုဟင်ဂျာ အယောက် ၅၀၀ အတွက် အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်တွေက စိုးရိမ်ပူပန်နေတယ်လို့လည်း IOM အဖွဲ့က ပြောပါတယ်။ အနည်းဆုံး လူ အယောက် ၃၀၀ လောက် လိုက်ပါလာတဲ့ စက်လှေတစ်စီး ထိုင်းနိုင်ငံ၊ Koh Adang ကျွန်းအနား ရောက်ရှိနေတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောထားတာပါ။

စက်လှေစီး ဒုက္ခသည်တွေရဲ့ အခြေအနေ အသေးစိတ်ကို နောက်ထပ် မသိရသေးပေမဲ့ ၂၀၂၀ ပြည့်နှစ်ထဲ အကြမ်းဖျင်း ရိုဟင်ဂျာ ဒုက္ခ သည် ၁၄၀၀ လောက် ပင်လယ်ထဲ စက်လှေတွေနဲ့ မျောနေခဲ့ပြီး အခုအချိန်အထိ အနည်းဆုံး လူ ၁၃၀ လောက် သေဆုံးခဲ့ရတယ်လို့ IOM အဖွဲ့က ပြောပါတယ်။

ရက်ပေါင်း ၁၂၀ ကြာ ပင်လယ်ထဲ ဖြတ်သန်းပြီး Aceh ကို ရောက်လာတဲ့ ဒုက္ခသည်တွေထဲ မိသားစု ၂၃ စု ပါဝင်သလို တယောက်တည်းသမားတွေနဲ့ အုပ်ထိန်းသူ မပါတဲ့ ကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀၀ ကျော်ကို လက်ခံဖို့ သဘောတူခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း IOM အဖွဲ့က အခုလို အကူအညီပေးခဲ့ဖူးပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံကထွက်ပြေးသွားကြသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။

XS
SM
MD
LG