သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bhashan Char ကၽြန္းေပၚက ဒုကၡသည္ေတြ ျမန္မာျပည္ျပန္မွ ထြက္ခြင့္ျပဳမယ္ - ဘဂၤလားေဒ့ရွ္


ရိုဟင္ဂ်ာ ဒုကၡသည္ေတြေနတဲ့ Bhashan Char ကၽြန္း။

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္ႏိုင္ငံက မိုးတြင္းေရလႊမ္းေလ့႐ွိတဲ့ Bhashan Char ကၽြန္းေပၚမွာ ပို႔ထားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျမန္မာႏိုင္ငံျပန္မယ္လို႔ သေဘာမတူရင္ အဲဒီကေန ထြက္ခြင့္မျပဳဘူးလို႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြက ေျပာလိုက္ပါတယ္။

မေလး႐ွားႏိုင္ငံကို ေမွာင္ခိုစက္ေလွ ၂ စင္းနဲ႔ သြားဖုိ႔ႀကိဳးစားခဲ့တဲ့ ႐ိုဟင္ဂ်ာ ၃၀၆ ေယာက္ကို ဧၿပီလက အဲဒီကၽြန္းကို ပို႔ခဲ့တာပါ။ COVID-19 ေရာဂါ ကူးစက္ ပ်ံ ႔ႏွံ႔မွာစုိးတဲ့အတြက္ သူတို႔ကို အဲဒီကၽြန္းေပၚမွာ ထားထားတယ္လုိ႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။

ဒီဒုကၡသည္ေတြကို ျမန္မာႏိုင္ငံဘက္ ျပန္မပို႔ခင္အထိ သူတို႔ Bhashan Char ကၽြန္းမွာပဲေနရမယ္လို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး Mohammed Khorshed Alam Khan က AFP သတင္းဌာနကုိ ၾကာသပေတးေန႔က ေျပာပါတယ္။ ဒီကၽြန္းေပၚက ဒုကၡသည္ေတြကို ေကာင္းေကာင္းေစာင့္ေ႐ွာက္ထားသလို ဒီမွာက Cox's Bazar က ဒုကၡသည္စခန္းေတြလို လူေတြ ျပည့္ၾကပ္မေနဘူးလို႔လည္း ဆိုပါတယ္။

ေရလႊမ္းႏိုင္တဲ့ အႏၲရာယ္႐ွိတဲ့ ကၽြန္းေပၚ ဒုကၡသည္ေတြကို ပို႔ထားတာေၾကာင့္ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖဲြ႔ေတြက ကန္႔ကြက္ ေဝဖန္ေနၾကပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစုိးရဘက္ကေတာ့ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္နဲ႔အညီ ဒုကၡသည္ေတြကို ျပန္လက္ခံသြားမယ္လုိ႔ ေျပာထားသလို ကုလသမဂၢအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လုိ႔လည္း ေျပာထားပါတယ္။

လက္ရွိ COVID-19 ကပ္ေရာဂါ ကာလအတြင္းမွာေတာ့ ဒုကၡသည္ ျပန္လည္လက္ခံေရး အစီအစဥ္ေတြအားလံုး ရပ္ဆိုင္းေနပံုရပါတယ္။

[Unicode Version]

Bhashan Char ကျွန်းပေါ်ကဒုက္ခသည်တွေ မြန်မာပြည်ပြန်မှ ထွက်ခွင့်ပြုမယ် - ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိုးတွင်းရေလွှမ်းလေ့ရှိတဲ့ Bhashan Char ကျွန်းပေါ်မှာ ပို့ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်မယ်လို့ သဘောမတူရင် အဲဒီကနေ ထွက်ခွင့်မပြုဘူးလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံကို မှောင်ခိုစက်လှေ ၂ စင်းနဲ့ သွားဖို့ကြိုးစားခဲ့တဲ့ ရိုဟင်ဂျာ ၃၀၆ ယောက်ကို ဧပြီလက အဲဒီကျွန်းကို ပို့ခဲ့တာပါ။ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှာစိုးတဲ့အတွက် သူတို့ကို အဲဒီကျွန်းပေါ်မှာ ထားထားတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဒီဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်မပို့ခင်အထိ သူတို့ Bhashan Char ကျွန်းမှာပဲနေရမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး Mohammed Khorshed Alam Khan က AFP သတင်းဌာနကို ကြာသပတေးနေ့က ပြောပါတယ်။ ဒီကျွန်းပေါ်က ဒုက္ခသည်တွေကို ကောင်းကောင်းစောင့်ရှောက်ထားသလို ဒီမှာက Cox's Bazar က ဒုက္ခသည်စခန်းတွေလို လူတွေ ပြည့်ကြပ်မနေဘူးလို့လည်း ဆိုပါတယ်။

ရေလွှမ်းနိုင်တဲ့ အန္တရာယ်ရှိတဲ့ ကျွန်းပေါ် ဒုက္ခသည်တွေကို ပို့ထားတာကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက် ဝေဖန်နေကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ဒုက္ခသည်တွေကို ပြန်လက်ခံသွားမယ်လို့ ပြောထားသလို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောထားပါတယ်။

လက်ရှိ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာတော့ ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်တွေအားလုံး ရပ်ဆိုင်းနေပုံရပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG