သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာဆန္ခ်ာကၽြန္းက ႐ိုဟင္ဂ်ာေတြ စခန္းထဲျပန္ေရႊ႕ေပးဖို႔ HRW ေတာင္းဆို


ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဘာဆန္ခ်ာကၽြန္းမွာ ေတြ႔ရတဲ့ ရိုဟင္ဂ်ာတခ်ိဳ႕။ (ေဖေဖာ္၀ါရီ ၁၄၊ ၂၀၁၈)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဘာဆန္ခ်ာကၽြန္းမွာ ရွိေနတဲ့ ႐ုိဟင္ဂ်ာ အေယာက္ ၃၀၀ ေက်ာ္ကို အဲဒီကၽြန္းကေန အျမန္ဆုံးေရႊ႕ေပးသင့္တယ္လုိ႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ (HRW) က ဒီေန႔ ေျပာလိုက္ပါတယ္။ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြအေနနဲ႔ အဲဒီကၽြန္းမွာ ရွိေနတဲ့ ကေလးငယ္ေတြအပါအ၀င္ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို Cox’s Bazar မွာရွိတဲ့ သူတုိ႔ရဲ႕ မိသားစု၀င္ေတြနဲ႔ အတူေနနုိင္ေအာင္ ခ်က္ခ်င္း ေရႊ႕ေပးသင့္တယ္လို႔ HRW အဖဲြ႔က ေျပာလိုက္တာပါ။

ပင္လယ္ထဲမွာ သီတင္းပတ္နဲ႔ခ်ီ ေမ်ာေနခဲ့ၿပီး အဲဒီကၽြန္းေပၚမွာ ထိန္းသိမ္းခံေနရတဲ့သူေတြကို ကုလသမဂၢအေနနဲ႔ လိုအပ္တဲ့ အကာအကြယ္နဲ႔ အကူအညီေတြေပးႏုိင္ေအာင္ ခြင့္ျပဳသြားမယ္လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြဘက္က ကတိျပဳထားေပမဲ့လည္း အခုခ်ိန္ထိ ခြင့္ျပဳျခင္းမရွိေသးဘူးလို႔ ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြကေတာ့ လူဦးေရ အရမ္းမ်ားတဲ့ ဒုကၡသည္စခန္းထဲမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔အတြက္ အဲဒီလူေတြကို ဘာဆန္ခ်ာကၽြန္းမွာ ယာယီထိန္းသိမ္းထားဖို႔ လိုတယ္လို႔ ေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres
ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres နဲ႔ လူသားခ်င္းစာနာမႈဆုိင္ရာ ကၽြမ္းက်င္သူေတြက ဒီလူေတြကို Cox’s Bazar မွာ ရွိတဲ့ ဒုကၡသည္စခန္းကို ေဘးကင္းလုံျခံဳစြာ ပို႔ေပးဖို႔ ေျပာေနေပမဲ့လည္း ဒီလူေတြဟာ မုန္တုိင္းနဲ႔ ေရႀကီးမႈ အႏၲရာယ္ေတြ ရွိေနတဲ့ၾကားကပဲ ကၽြန္းေပၚမွာ ၂ လ ေက်ာ္ၾကာၿပီးတဲ့အခ်ိန္ထိ ဆက္ရွိေနတုန္းပဲျဖစ္တယ္လို႔ HRW အဖဲြ႔ရဲ႕ ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြဟာ ကပ္ေရာဂါကို အေၾကာင္းျပၿပီး ဒီလူေတြကို အခုလို မုိးတြင္းကာလမွာ အဲဒီကၽြန္းမွာ ထိန္းသိမ္းထားတယ္လို႔ HRW အဖဲြ႔ရဲ႕ အာရွေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Brad Adams က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေ စခန်းထဲပြန်ရွှေ့ပေးဖို့ HRW တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို အဲဒီကျွန်းကနေ အမြန်ဆုံးရွှေ့ပေးသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ အဲဒီကျွန်းမှာ ရှိနေတဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေကို Cox’s Bazar မှာရှိတဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အတူနေနိုင်အောင် ချက်ချင်း ရွှေ့ပေးသင့်တယ်လို့ HRW အဖွဲ့က ပြောလိုက်တာပါ။

ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောနေခဲ့ပြီး အဲဒီကျွန်းပေါ်မှာ ထိန်းသိမ်းခံနေရတဲ့သူတွေကို ကုလသမဂ္ဂအနေနဲ့ လိုအပ်တဲ့ အကာအကွယ်နဲ့ အကူအညီတွေပေးနိုင်အောင် ခွင့်ပြုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ကတိပြုထားပေမဲ့လည်း အခုချိန်ထိ ခွင့်ပြုခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ လူဦးရေ အရမ်းများတဲ့ ဒုက္ခသည်စခန်းထဲမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် အဲဒီလူတွေကို ဘာဆန်ချာကျွန်းမှာ ယာယီထိန်းသိမ်းထားဖို့ လိုတယ်လို့ ပြောပါတယ်။

HRW အဖဲြ႔ရဲ႕ အာရွေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Brad Adams
HRW အဖဲြ႔ရဲ႕ အာရွေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Brad Adams

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလူတွေကို Cox’s Bazar မှာ ရှိတဲ့ ဒုက္ခသည်စခန်းကို ဘေးကင်းလုံခြုံစွာ ပို့ပေးဖို့ ပြောနေပေမဲ့လည်း ဒီလူတွေဟာ မုန်တိုင်းနဲ့ ရေကြီးမှု အန္တရာယ်တွေ ရှိနေတဲ့ကြားကပဲ ကျွန်းပေါ်မှာ ၂ လ ကျော်ကြာပြီးတဲ့အချိန်ထိ ဆက်ရှိနေတုန်းပဲဖြစ်တယ်လို့ HRW အဖွဲ့ရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ကပ်ရောဂါကို အကြောင်းပြပြီး ဒီလူတွေကို အခုလို မိုးတွင်းကာလမှာ အဲဒီကျွန်းမှာ ထိန်းသိမ်းထားတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

XS
SM
MD
LG