(Zawgyi/Unicode)
ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox’s Bazar မွာ ရွိေနတဲ့ ရုိဟင္ဂ်ာဒုကၡသည္ေတြနဲ႔ အိမ္ရွင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံတုိ႔အတြက္ အေရးပါတဲ့ေနရာေတြမွာ အသုံးခ်ဖုိ႔ WFP ကမၻာ့စားနပ္ရိကၡာအဖြဲ႔ကတဆင့္ ဂ်ာမနီႏုိင္ငံက အေမရိကန္ေဒၚလာ ၄ သန္းခြဲ လွဴဒါန္းလုိက္ေၾကာင္း WFP က ေၾကညာပါတယ္။
ျမန္မာႏုိင္ငံကေန အဓမၼ ေနရပ္ေရြ႕ေျပာင္းခံခဲ့ရတဲ့ ရုိဟင္ဂ်ာဒုကၡသည္ေတြနဲ႔ အိမ္ရွင္ Cox’s Bazar ေဒသတြင္းက လူမႈအသုိင္း၀ုိင္းတုိ႔အတြက္ လုိအပ္တဲ့ေနရာေတြမွာ ဘဂၤလားေဒ့ရွ္အစုိးရ အသုံးျပဳႏုိင္ဖုိ႔အတြက္ ဒီ အလွဴေငြေတြကုိ ေပးအပ္လုိက္တာလုိ႔ ဆုိပါတယ္။
အခုလုိ ကပ္ေရာဂါ ျဖစ္ေနတဲ့ကာလနဲ႔ မုိးရာသီအခ်ိန္ေတြမွာ အသက္ကယ္ႏုိင္မယ့္ အကူအညီေတြဟာ အင္မတန္ အေရးပါေၾကာင္း၊ ဒီ အေၾကာင္းအရာ ၂ ခုစလုံးဟာ အကူအညီလုိအပ္ေနသူေတြအတြက္ ႀကီးမားတဲ့အႏၱရာယ္ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ အေရးေပၚကယ္ဆယ္ေရးနဲ႔ စီမံခန္႔ခြဲေရး ၀န္ႀကီးဌာအတြင္း၀န္ Md. Mohsin က ေျပာပါတယ္။
ဒီအကူအညီကုိေတာ့ ဘဂၤလားေဒ့ရွ္ဆုိင္ရာ ဂ်ာမန္သံအမတ္ႀကီးကတဆင့္ ေပးအပ္လုိက္တာ ျဖစ္ပါတယ္။
ဂ်မန္အစုိးရ ႏုိင္ငံျခားေရးရုံးကတဆင့္ ေပးအပ္တဲ့ ဒီအကူအညီေတြထဲက တခ်ဳိ႕ကုိ စာနာမႈဆုိင္ရာ အကူအညီေပးေနတဲ့ အသုိင္းအ၀ုိင္းေတြအၾကား ဆက္သြယ္ေရးစနစ္ ေကာင္းမြန္လာေအာင္ လုပ္ေဆာင္ေရးအတြက္လည္း သုံးစြဲသြားမယ္လုိ႔ ဆုိပါတယ္။
၂၀၁၇ ခုႏွစ္မွာ ရုိဟင္ဂ်ာပဋိပကၡ စတင္တဲ့အခ်ိန္ကစလုိ႔ အခုေပးအပ္တဲ့ အလွဴေငြအပါအ၀င္ ရုိဟင္ဂ်ာဒုကၡသည္ေတြအတြက္ ဘဂၤလားေဒ့ရွ္မွာရွိတဲ့ WFP ရုံးကုိ ဂ်ာမနီက စုစုေပါင္း ေဒၚလာ သန္း ၃၀ လွဴဒါန္းခ့ဲၿပီး ျဖစ္ပါတယ္။ရိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို ျမန္မာအစိုးရကေတာ့ လက္မခံပါဘူး။
.............
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဂျာမနီ ဒေါ်လာ ၄ သန်းခွဲလှူ
(Unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar မှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် အရေးပါတဲ့နေရာတွေမှာ အသုံးချဖို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတဆင့် ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ ၄ သန်းခွဲ လှူဒါန်းလိုက်ကြောင်း WFP က ကြေညာပါတယ်။
မြန်မာနိုင်ငံကနေ အဓမ္မ နေရပ်ရွေ့ပြောင်းခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင် Cox’s Bazar ဒေသတွင်းက လူမှုအသိုင်းဝိုင်းတို့အတွက် လိုအပ်တဲ့နေရာတွေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ အသုံးပြုနိုင်ဖို့အတွက် ဒီ အလှူငွေတွေကို ပေးအပ်လိုက်တာလို့ ဆိုပါတယ်။ အခုလို ကပ်ရောဂါ ဖြစ်နေတဲ့ကာလနဲ့ မိုးရာသီအချိန်တွေမှာ အသက်ကယ်နိုင်မယ့် အကူအညီတွေဟာ အင်မတန် အရေးပါကြောင်း၊ ဒီ အကြောင်းအရာ ၂ ခုစလုံးဟာ အကူအညီလိုအပ်နေသူတွေအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အရေးပေါ်ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲရေး ဝန်ကြီးဌာအတွင်းဝန် Md. Mohsin က ပြောပါတယ်။
ဒီအကူအညီကိုတော့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျာမန်သံအမတ်ကြီးကတဆင့် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
ဂျမန်အစိုးရ နိုင်ငံခြားရေးရုံးကတဆင့် ပေးအပ်တဲ့ ဒီအကူအညီတွေထဲက တချို့ကို စာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ အသိုင်းအဝိုင်းတွေအကြား ဆက်သွယ်ရေးစနစ် ကောင်းမွန်လာအောင် လုပ်ဆောင်ရေးအတွက်လည်း သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာပဋိပက္ခ စတင်တဲ့အချိန်ကစလို့ အခုပေးအပ်တဲ့ အလှူငွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ WFP ရုံးကို ဂျာမနီက စုစုပေါင်း ဒေါ်လာ သန်း ၃၀ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာအစိုးရကတော့ လက်မခံပါဘူး။