[Zawgyi/Unicode]
ကခ်င္ျပည္နယ္၊ ဖားကန္႔မွာ ေရႀကီးေရလွ်ံမႈေၾကာင့္ အိမ္ေထာင္စု ၁,၀၀၀ ေက်ာ္ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရသလုိ ေနာက္ထပ္ ေရႀကီးႏုိင္တဲ့ အႏၱရာယ္ ရွိေနတဲ့အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ အဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။
ဖားကန္႔ၿမိဳ႕နယ္မွာ ဒီရက္ပုိင္းအတြင္း မိုးအဆက္အျပတ္ရြာသြန္းမႈေၾကာင့္ ေရႀကီးမႈေတြနဲ႔ ႀကံဳေနရၿပီး အိမ္ေထာင္စု ၁,၀၀၀ ေက်ာ္၊ လူဦးေရ ၄,၀၀၀ ေက်ာ္ကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရတာပါ။ ဥ႐ုေခ်ာင္းျမစ္ေရ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ေျမနိမ့္ပိုင္း ၿမိဳ႕ေပၚရပ္ကြက္ အားလံုးနီးပါး ေရေဘးသင့္ခဲ့တာလုိ႔လည္း ဖားကန္႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဥာဏ္လင္းေအာင္က ေျပာပါတယ္။
“ေရဝင္တာက အားလံုးေပါင္း က်ေနာ္တို႔ အိမ္ေျခ ၁၀၀၀ ေလာက္ ေရဝင္တယ္ေပါ့ေနာ္၊ တခ်ိဳ႕လည္း တစ္ေပေလာက္ ဝင္တာရွိသလို တခ်ိဳ႕လည္း ၄၊ ၅၊ ၆ ေပ ေလာက္ဝင္တာလည္းရွိတယ္။ အဲ့ေတာ့ တခ်ိဳ႕ အိမ္ေတြက က်ေနာ္တို႔ အိမ္ေအာက္ထပ္ ဝင္တယ္ဆုိလို႔ရွိရင္ အေပၚဘက္ေတြ ေျပာင္းေရႊ႕ေနၾကတယ္ေပါ့။”
ေရႀကီး ေရလွ်ံမႈျဖစ္ပြားခ့ဲတဲ့ ဥ႐ုေခ်ာင္းဖ်ား ကံဆီးေဒသမွာ ၾသဂုတ္ ၁၇ ရက္ေန႔က စိုးရိမ္ေရမွတ္ ၉ ေပ အျမင့္ထက္ ခဲ့ၿပီး ၁၈ ရက္ေန႔မွာလည္း ၁၀ ေပအထိ ေရာက္ရွိခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားတဲ့ ေရေဘးသင့္သူေတြကုိေတာ့ အလွဴရွင္ေတြနဲ႔ သက္ဆိုင္ရာ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၊ လူမႈကူညီေရးအသင္းေတြက လတ္တေလာ အကူအညီေပးေနတယ္လုိ႔လည္း သခၤါလူမႈကူညီေရးအသင္း တြဲဖက္အတြင္းေရးမွဴး ဦးေမာင္ခိုင္က ေျပာပါတယ္။
“ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေတြ အားလံုးပူးေပါင္းၿပီးေတာ့ ေဘးသင့္တဲ့ ျပည္သူေတြကို ေနရာခ်ထားတာတို႔ အစားအေသာက္ရိကၡာ ပို႔ေပးတာတို႔ေတာ့ ေန႔တိုင္းလုပ္ေနပါတယ္။”
မုိးႀကီးေရလွ်ံမႈေတြေၾကာင့္ လယ္ဧက တခ်ဳိ႕ ထိခိုက္ပ်က္စီးခဲ့သလုိ ေက်ာက္စိမ္းလုပ္ကြက္တခုမွာ ေျမၿပိဳမႈတခုလည္း ျဖစ္ပြားခဲ့ေပမဲ့ ထိခုိက္မႈေတာ့ မရွိခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ဇူလုိင္လဆန္းမွာတုန္းက ဖားကန္႔ေဒသမွာ မုိးႀကီးေျမၿပိဳမႈမွာေတာ့့ လူ ၂၀၀ ေက်ာ္ ထိခုိက္ေသေက်ခဲ့ဖူးပါတယ္။ ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္းရပ္ဝန္း တစ္ခုျဖစ္ေပၚေနၿပီး ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ တိုင္းနဲ႔ ျပည္နယ္အခ်ဳိ႕မွာ မိုးမ်ားေရႀကီးႏိုင္သလုိ၊ ရခိုင္ကမ္း႐ုိးတန္းမွာ မုတ္သုန္ေလအားေကာင္းေနတာေၾကာင့္ ေရႀကီးေျမၿပိဳႏုိင္ေၾကာင္းလည္း မိုးေလဝသနဲ႔ ဇလေဗဒဌာနက သတိေပးထားပါတယ္။
မိုးေလဝသနဲ႔ ဇလေဗဒဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေတာ့ ကခ်င္ျပည္နယ္ အပါအ၀င္ ျမန္မာႏုိင္ငံေနရာတခ်ဳိ႕မွာ ဒီရက္ပုိင္း မုိးမ်ားၿပီး ေရႀကီးေရလွ်ံမႈေတြ ႀကံဳေနရသလုိ လာမယ့္ရက္ေတြမွာလည္း မုိးႀကီးႏုိင္တယ္လုိ႔ ေျပာပါတယ္။
“ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ေနာက္ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း ေနာက္ ျမန္မာႏိုင္ငံရဲ႕ အလယ္ပိုင္းေဒသေတြ ျဖစ္တဲ့ ေနျပည္ေတာ္၊ မႏၱေလး၊ မေကြးေပါ့ေနာ္ ဒီေဒသေတြမွာ ေနရာကြက္မိုးႀကီးႏိုင္တဲ့ အေနအထားမ်ဳိးေတြရွိတယ္။”
မုိးမ်ားၿပီး ျမစ္ေရႀကီးႏုိင္တဲ့ အႏၱရာယ္ ရွိေနတာေၾကာင့္ ကမ္း႐ုိးေဒသတေလွ်ာက္နဲ႔ ျမစ္ေခ်ာင္းေဘးမွာ ေနထိုင္သူေတြ သတိထားၾကဖို႔လည္း ေဒါက္တာ ေက်ာ္မိုးဦးက တိုက္တြန္းထားပါတယ္။
[Unicode Version]
ဖားကန့်ရေကြီးမှု ၄,၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းနေရ
ကချင်ပြည်နယ်၊ ဖားကန့်မှာ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၁,၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရသလို နောက်ထပ် ရေကြီးနိုင်တဲ့ အန္တရာယ် ရှိနေတဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် အဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။
ဖားကန့်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုတွေနဲ့ ကြုံနေရပြီး အိမ်ထောင်စု ၁,၀၀၀ ကျော်၊ လူဦးရေ ၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတာပါ။ ဥရုချောင်းမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး ရေဘေးသင့်ခဲ့တာလို့လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ်။
“ရေဝင်တာက အားလုံးပေါင်း ကျနော်တို့ အိမ်ခြေ ၁၀၀၀ လောက် ရေဝင်တယ်ပေါ့နော်၊ တချို့လည်း တစ်ပေလောက် ဝင်တာရှိသလို တချို့လည်း ၄၊ ၅၊ ၆ ပေ လောက်ဝင်တာလည်းရှိတယ်။ အဲ့တော့ တချို့ အိမ်တွေက ကျနော်တို့ အိမ်အောက်ထပ် ဝင်တယ်ဆိုလို့ရှိရင် အပေါ်ဘက်တွေ ပြောင်းရွှေ့နေကြတယ်ပေါ့။”
ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့တဲ့ ဥရုချောင်းဖျား ကံဆီးဒေသမှာ သြဂုတ် ၁၇ ရက်နေ့က စိုးရိမ်ရေမှတ် ၉ ပေ အမြင့်ထက် ခဲ့ပြီး ၁၈ ရက်နေ့မှာလည်း ၁၀ ပေအထိ ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတဲ့ ရေဘေးသင့်သူတွေကိုတော့ အလှူရှင်တွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ လူမှုကူညီရေးအသင်းတွေက လတ်တလော အကူအညီပေးနေတယ်လို့လည်း သင်္ခါလူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးမောင်ခိုင်က ပြောပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးတွေ အားလုံးပူးပေါင်းပြီးတော့ ဘေးသင့်တဲ့ ပြည်သူတွေကို နေရာချထားတာတို့ အစားအသောက်ရိက္ခာ ပို့ပေးတာတို့တော့ နေ့တိုင်းလုပ်နေပါတယ်။”
မိုးကြီးရေလျှံမှုတွေကြောင့် လယ်ဧက တချို့ ထိခိုက်ပျက်စီးခဲ့သလို ကျောက်စိမ်းလုပ်ကွက်တခုမှာ မြေပြိုမှုတခုလည်း ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတုန်းက ဖားကန့်ဒေသမှာ မိုးကြီးမြေပြိုမှုမှာတော့ လူ ၂၀၀ ကျော် ထိခိုက်သေကျေခဲ့ဖူးပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးများရေကြီးနိုင်သလို၊ ရခိုင်ကမ်းရိုးတန်းမှာ မုတ်သုန်လေအားကောင်းနေတာကြောင့် ရေကြီးမြေပြိုနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကတော့ ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံနေရာတချို့မှာ ဒီရက်ပိုင်း မိုးများပြီး ရေကြီးရေလျှံမှုတွေ ကြုံနေရသလို လာမယ့်ရက်တွေမှာလည်း မိုးကြီးနိုင်တယ်လို့ ပြောပါတယ်။
“ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နောက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နောက် မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊ မကွေးပေါ့နော် ဒီဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။”
မိုးများပြီး မြစ်ရေကြီးနိုင်တဲ့ အန္တရာယ် ရှိနေတာကြောင့် ကမ်းရိုးဒေသတလျှောက်နဲ့ မြစ်ချောင်းဘေးမှာ နေထိုင်သူတွေ သတိထားကြဖို့လည်း ဒေါက်တာ ကျော်မိုးဦးက တိုက်တွန်းထားပါတယ်။