သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာ မုတ္သုံမုိးေၾကာင့္ ေသဆုံးမႈမ်ားျပား


အိႏၵိယ ႏိုင္ငံ Idukki ခရိုင္အတြင္း မုတ္သံုမိုးေၾကာင့္ ေရႀကီးေျမၿပိဳမႈျဖစ္။

(Zawgyi/Unicode)

အိႏၵိယနိုင္ငံမွာ မုတ္သုံမိုးမ်ားတာေၾကာင့္ ခရီးသည္တင္ ေလယာဥ္ တစင္းလည္း ေျပးလမ္းေခ်ာ္ မေတာ္တဆမႈ ျဖစ္ပြားခဲ့ရသလို ေရႀကီးၿပီး ေျမၿပိဳတဲ့ သဘာဝ ေဘးအႏၲရာယ္ေတြလည္း ၾကဳံေတြ႕ခဲ့ရပါတယ္။

ေသာၾကာေန႔က အိႏၵိယနိုင္ငံ ေတာင္ပိုင္း Kerala ျပည္နယ္ Kozhikode ၿမိဳ႕ေလယာဥ္ကြင္း အဆင္းမွာ Indian Express ေလေၾကာင္းလိုင္းက ေလယာဥ္တစ္စင္း ေျပးလမ္းေခ်ာ္သြားလို႔ အနည္းဆုံး ၁၄ ဦးေသဆုံးၿပီး ၁၅ ေယာက္ ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရခဲ့ပါတယ္။

ဒူဘိုင္းကေန ထြက္ခြါလာတဲ့ လူ ၁၉၀ ေက်ာ္ လိုက္ပါလာတဲ့ ေလယာဥ္က မိုးသည္းသည္းထန္ထန္ရြာေနတဲ့ အခ်ိန္မွာ ဆင္းသက္ခဲ့တာမွာ အခုလို လမ္းေခ်ာ္ သြားခဲ့တာပါ။ မီးေလာင္ကၽြမ္းမႈ မရွိဘဲ ေလယာဥ္ကိုယ္ထည္ ႏွစ္ပိုင္းကြဲသြားတာကို ႐ုပ္သံသတင္းေတြမွာ ေတြ႕ၾကရ ပါတယ္။ ေလယာဥ္က ေျပးလမ္းအဆုံးမွာ လမ္းေခ်ာ္ၿပီး ႏွစ္ပိုင္းကြဲသြားတာျဖစ္တယ္လို႔ ေလေၾကာင္းထိန္းသိမ္းေရးက ေျပာပါတယ္။

ေလယာဥ္ေပၚမွာ ခရီးသည္ ၁၇၄ ေယာက္၊ ေမြးကင္းစ ကေလး ၁၀ ေယာက္နဲ႔ ေလယာဥ္အမႈထမ္း ၇ ဦး လိုက္ပါလာတာျဖစ္ပါတယ္။ အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modiက ေလယာဥ္ မေတာ္တဆျဖစ္တဲ့အထဲ ထိခိုက္ ေသဆုံးသူေတြ အတြက္ ဝမ္းနည္းေၾကာင္း Twitter မွာ ေရးခဲ့ ပါတယ္။ အိႏၵိယမွာ ေလယာဥ္မေတာ္တဆျဖစ္မႈ ေနာက္ဆုံး အႀကိမ္ ျဖစ္ပြားခဲ့တာက ၂၀၁၀ ခုႏွစ္မွာ ျဖစ္ၿပီး လူ ၁၅၈ ဦး ေသဆုံးခဲ့ပါတယ္။

ေသာၾကာေန႔ တရက္တည္းမွာပဲ အိႏၵိယေတာင္ပိုင္း Kerala ျပည္နယ္ အေနာက္ေတာင္ပိုင္းမွာ မုတ္သုံမိုးေၾကာင့္ ေရႀကီး၊ ေျမၿပိဳတာေတြ ျဖစ္ခဲ့တဲ့အတြက္ အနည္းဆုံး ၁၅ ေယာက္ေသဆုံးၿပီး အိမ္ ၂၀ ေလာက္ေျမႀကီးထဲ နစ္ျမဳပ္ခဲ့တာပါ။ Idukki ျပည္နယ္ Rajamalai ေဒသမွာ ဆိုရင္လည္းလူ ၁၂ ေယာက္ေလာက္ကို ကယ္တင္ေပးခဲ့ရၿပီး ၇၀ ေလာက္ေပ်ာက္ဆုံးေနတယ္လို႔ အိႏၵိယ ရဲတပ္ဖြဲ႕က ကေျပာပါတယ္။

မုတ္သုံမိုးဆက္တိုက္ရြာေနတာေၾကာင့္ ဆက္သြယ္ေရးျပတ္ေတာက္၊ မီးႀကိဳးေတြျပတ္ ၿပီး တံတားေတြက်ိဳးေနတဲ့ အတြက္ ကယ္ဆယ္ေရး အဖြဲ႕ေတြ သြားေရာက္ရာ မွာ အဟန္႔အတားေတြရွိေနရတယ္လို႔ New Indian Express သတင္းစာက ေျပာပါတယ္။ ေျမနိမ့္ပိုင္းျဖစ္တဲ့ Munnar နဲ႔ Idduki ျပည္နယ္ေတြမွာ Muthirapuzha ျမစ္ေရလၽွံေနသလို ေဒသတြင္း ဆက္လက္ မိုးႀကီးနိုင္တဲ့အတြက္ မိုးေလဝသဌာနက အနီေရာင္အဆင့္ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

ႏွစ္စဥ္ဇြန္လကေန စက္တင္ဘာလအထိ မုတ္သုံရာသီက်ေရာက္တဲ့ ေတာင္အာရွ ေဒသမွာ ဒီႏွစ္ ဇြန္လ မုတ္သံုအစကတည္းကေန အခုထိ ေရႀကီး ေျမၿပိဳတာေတြေၾကာင့္ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ နဲ႔နီေပါနိုင္ငံေတြမွာ အနည္းဆုံး လူ ၅၅၀ေလာက္ေသဆုံးခဲ့ၿပီး၊ ၉.၆ သန္းေလာက္ အိုးအိမ္စြန္းခြါခဲ့ရတယ္လို႔ နိုင္ငံတကာၾကက္ေျခနီအသင္းနဲ႔ လျခမ္းနီ လူမႈကယ္ဆယ္ေရးအဖြဲ႕က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အိန္ဒိယမှာ မုတ်သုံမိုးကြောင့် သေဆုံးမှုများပြား

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးများတာကြောင့် ခရီးသည်တင် လေယာဉ် တစင်းလည်း ပြေးလမ်းချော် မတော်တဆမှု ဖြစ်ပွားခဲ့ရသလို ရေကြီးပြီး မြေပြိုတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

သောကြာနေ့က အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ် Kozhikode မြို့လေယာဉ်ကွင်း အဆင်းမှာ Indian Express လေကြောင်းလိုင်းက လေယာဉ်တစ်စင်း ပြေးလမ်းချော်သွားလို့ အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၁၅ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့ပါတယ်။

ဒူဘိုင်းကနေ ထွက်ခွါလာတဲ့ လူ ၁၉၀ ကျော် လိုက်ပါလာတဲ့ လေယာဉ်က မိုးသည်းသည်းထန်ထန်ရွာနေတဲ့ အချိန်မှာ ဆင်းသက်ခဲ့တာမှာ အခုလို လမ်းချော် သွားခဲ့တာပါ။ မီးလောင်ကျွမ်းမှု မရှိဘဲ လေယာဉ်ကိုယ်ထည် နှစ်ပိုင်းကွဲသွားတာကို ရုပ်သံသတင်းတွေမှာ တွေ့ကြရ ပါတယ်။ လေယာဉ်က ပြေးလမ်းအဆုံးမှာ လမ်းချော်ပြီး နှစ်ပိုင်းကွဲသွားတာဖြစ်တယ်လို့ လေကြောင်းထိန်းသိမ်းရေးက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၄ ယောက်၊ မွေးကင်းစ ကလေး ၁၀ ယောက်နဲ့ လေယာဉ်အမှုထမ်း ၇ ဦး လိုက်ပါလာတာဖြစ်ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modiက လေယာဉ် မတော်တဆဖြစ်တဲ့အထဲ ထိခိုက် သေဆုံးသူတွေ အတွက် ဝမ်းနည်းကြောင်း Twitter မှာ ရေးခဲ့ ပါတယ်။ အိန္ဒိယမှာ လေယာဉ်မတော်တဆဖြစ်မှု နောက်ဆုံး အကြိမ် ဖြစ်ပွားခဲ့တာက ၂၀၁၀ ခုနှစ်မှာ ဖြစ်ပြီး လူ ၁၅၈ ဦး သေဆုံးခဲ့ပါတယ်။

သောကြာနေ့ တရက်တည်းမှာပဲ အိန္ဒိယတောင်ပိုင်း Kerala ပြည်နယ် အနောက်တောင်ပိုင်းမှာ မုတ်သုံမိုးကြောင့် ရေကြီး၊ မြေပြိုတာတွေ ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး ၁၅ ယောက်သေဆုံးပြီး အိမ် ၂၀ လောက်မြေကြီးထဲ နစ်မြုပ်ခဲ့တာပါ။ Idukki ပြည်နယ် Rajamalai ဒေသမှာ ဆိုရင်လည်းလူ ၁၂ ယောက်လောက်ကို ကယ်တင်ပေးခဲ့ရပြီး ၇၀ လောက်ပျောက်ဆုံးနေတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ကပြောပါတယ်။

မုတ်သုံမိုးဆက်တိုက်ရွာနေတာကြောင့် ဆက်သွယ်ရေးပြတ်တောက်၊ မီးကြိုးတွေပြတ် ပြီး တံတားတွေကျိုးနေတဲ့ အတွက် ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ရာ မှာ အဟန့်အတားတွေရှိနေရတယ်လို့ New Indian Express သတင်းစာက ပြောပါတယ်။ မြေနိမ့်ပိုင်းဖြစ်တဲ့ Munnar နဲ့ Idduki ပြည်နယ်တွေမှာ Muthirapuzha မြစ်ရေလျှံနေသလို ဒေသတွင်း ဆက်လက် မိုးကြီးနိုင်တဲ့အတွက် မိုးလေဝသဌာနက အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

နှစ်စဉ်ဇွန်လကနေ စက်တင်ဘာလအထိ မုတ်သုံရာသီကျရောက်တဲ့ တောင်အာရှ ဒေသမှာ ဒီနှစ် ဇွန်လ မုတ်သုံအစကတည်းကနေ အခုထိ ရေကြီး မြေပြိုတာတွေကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့နီပေါနိုင်ငံတွေမှာ အနည်းဆုံး လူ ၅၅၀လောက်သေဆုံးခဲ့ပြီး၊ ၉.၆ သန်းလောက် အိုးအိမ်စွန်းခွါခဲ့ရတယ်လို့ နိုင်ငံတကာကြက်ခြေနီအသင်းနဲ့ လခြမ်းနီ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG