သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယႏိုင္ငံ ကိုဗစ္ကူးစက္မႈ တေန႔ ၅၀,၀၀၀ ေက်ာ္ ၈ ရက္ဆက္တိုက္ျဖစ္လာ


အိႏိၵယႏိုင္ငံ New Delhi က ေဆးရံုတခုမွာ COVID 19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတခ်ိဳ႕။ (ဇူလိုင္ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

အာရွတလႊား COVID-19 ကူးစက္မႈေတြ ျမင့္တက္ေနၿပီး ၾသစေၾတးလ်ႏိုင္ငံ ဝိတိုရိယျပည္နယ္မွာ ဒီကေန႔တရက္ထဲ ကူးစက္သူ ၇၂၅ ေယာက္နဲ႔ ေသဆုံးသူ ၁၅ ေယာက္ရွိပါတယ္။ အသြားအလာ ကန္႔သတ္ခ်က္ အသစ္ေတြျပန္ၿပီး ခ်ထားတာေၾကာင့္ Melbourne ၿမိဳ႕မွာ အေရးမႀကီးတဲ့ စီးပြါးေရးလုပ္ငန္းေတြကို သီတင္း ေျခာက္ပတ္ ပိတ္ထားပါတယ္။

တရက္တြင္း ေရာဂါကူးစက္သူ ၅၀,၀၀၀ ေက်ာ္ေနတာ ၈ ရက္ ဆက္တိုက္ရွိေနၿပီျဖစ္တဲ့ အိႏၵိယမွာ စုစုေပါင္း ကူးစက္သူ ၁.၉ သန္းေက်ာ္ရွိပါတယ္။ ျပန္လည္က်န္းမာလာသူက ၆၆.၃၁ ရာခိုင္ႏႈန္း ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ေဟာင္ေကာင္မွာ ဒီကေန႔ ကူးစက္သူ ၈၀ နဲ႔ ေသဆုံးသူ ၄ ေယာက္ရွိၿပီး အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ေနရာေတြမွာ ႏွာေခါင္းစည္း မျဖစ္မေနတတ္ဖို႔ အမိန္႔ထုတ္ထားပါတယ္။ ႏိုင္ငံတြင္း စုစုေပါင္း ကူးစက္သူ ၃,၆၀၀ ေက်ာ္နဲ႔ ေသဆုံးသူက ၄၂ ေယာက္ရွိပါတယ္။

တ႐ုတ္ျပည္မႀကီးမွာ ဒီကေန႔ အတည္ျပဳလူနာသစ္ ၂၇ ေယာက္ရွိတဲ့ အထဲ ၂၂ ေယာက္က ေရာဂါကူးစက္မႈ ဒဏ္ခံေနရေနတဲ့ Xinjiang ေဒသကျဖစ္ၿပီး က်န္တဲ့သူေတြက ျပည္ပကျပန္လာသူေတြျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ ၿမိဳ႕ေတာ္ Manila နဲ႔အနီးတဝိုက္ ျပည္နယ္ ၄ ခုမွာေတာ့ အစိုးရက အသြားအလာေတြကို သီတင္း ႏွစ္ ပတ္ ျပန္ၿပီး တားျမစ္လိုက္ပါတယ္။ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြကို ယာယီရပ္ဆိုင္းထားၿပီး ျပည္တြင္းေလယာဥ္ ခရီးစဥ္ေတြကိုလည္း ဖ်က္သိမ္းထားတဲ့ ဒီျပည္နယ္ေတြမွာ ရဲတပ္ဖြဲ႕ဝင္ေတြက လူေတြအသြားအလာကို တင္းၾကပ္ထားၿပီး ေစာင့္ၾကည့္စစ္ေဆးေနတာပါ။ ေရာဂါကူးစက္သူေပါင္း ၁၁၀,၀၀၀ ေက်ာ္ရွိေနတဲ့ ဖိလစ္ပိုင္မွာ က်န္းမာေရး ဝန္ထမ္း ၁၀,၀၀၀ အလုပ္ခန္႔အပ္ဖို႔ စီစဥ္ေနၿပီး အစိုးရက ႏွာေခါင္းစည္း သန္း ၂၀ ေလာက္ ေဝမွ်ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု တနေ့ ၅၀,၀၀၀ ကျော် ၈ ရက်ဆက်တိုက်ဖြစ်လာ

အာရှတလွှား COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်မှာ ဒီကနေ့တရက်ထဲ ကူးစက်သူ ၇၂၅ ယောက်နဲ့ သေဆုံးသူ ၁၅ ယောက်ရှိပါတယ်။ အသွားအလာ ကန့်သတ်ချက် အသစ်တွေပြန်ပြီး ချထားတာကြောင့် Melbourne မြို့မှာ အရေးမကြီးတဲ့ စီးပွါးရေးလုပ်ငန်းတွေကို သီတင်း ခြောက်ပတ် ပိတ်ထားပါတယ်။

တရက်တွင်း ရောဂါကူးစက်သူ ၅၀,၀၀၀ ကျော်နေတာ ၈ ရက် ဆက်တိုက်ရှိနေပြီဖြစ်တဲ့ အိန္ဒိယမှာ စုစုပေါင်း ကူးစက်သူ ၁.၉ သန်းကျော်ရှိပါတယ်။ ပြန်လည်ကျန်းမာလာသူက ၆၆.၃၁ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဟောင်ကောင်မှာ ဒီကနေ့ ကူးစက်သူ ၈၀ နဲ့ သေဆုံးသူ ၄ ယောက်ရှိပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ နှာခေါင်းစည်း မဖြစ်မနေတတ်ဖို့ အမိန့်ထုတ်ထားပါတယ်။ နိုင်ငံတွင်း စုစုပေါင်း ကူးစက်သူ ၃,၆၀၀ ကျော်နဲ့ သေဆုံးသူက ၄၂ ယောက်ရှိပါတယ်။

တရုတ်ပြည်မကြီးမှာ ဒီကနေ့ အတည်ပြုလူနာသစ် ၂၇ ယောက်ရှိတဲ့ အထဲ ၂၂ ယောက်က ရောဂါကူးစက်မှု ဒဏ်ခံနေရနေတဲ့ Xinjiang ဒေသကဖြစ်ပြီး ကျန်တဲ့သူတွေက ပြည်ပကပြန်လာသူတွေဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော် Manila နဲ့အနီးတဝိုက် ပြည်နယ် ၄ ခုမှာတော့ အစိုးရက အသွားအလာတွေကို သီတင်း နှစ် ပတ် ပြန်ပြီး တားမြစ်လိုက်ပါတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပြီး ပြည်တွင်းလေယာဉ် ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားတဲ့ ဒီပြည်နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေက လူတွေအသွားအလာကို တင်းကြပ်ထားပြီး စောင့်ကြည့်စစ်ဆေးနေတာပါ။ ရောဂါကူးစက်သူပေါင်း ၁၁၀,၀၀၀ ကျော်ရှိနေတဲ့ ဖိလစ်ပိုင်မှာ ကျန်းမာရေး ဝန်ထမ်း ၁၀,၀၀၀ အလုပ်ခန့်အပ်ဖို့ စီစဉ်နေပြီး အစိုးရက နှာခေါင်းစည်း သန်း ၂၀ လောက် ဝေမျှပေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG