သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Melbourne ၿမိဳ႕ စီးပြားေရးလုပ္ငန္းမ်ား တလခဲြရပ္ဖို႔ အမိန္႔ထုတ္


ၾသစေၾတးလ်ႏိုင္ငံ Melbourne ၿမိဳ႕ရွိ ဆိုင္တခုေရွ႕ကေန ျဖတ္ေလွ်ာက္သြားတဲ့ အမ်ိဳးသမီးႏွစ္ဦး။ (ၾသဂုတ္ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ၾသစေၾတးလ်ႏိုင္ငံ ဝိတိုရိယျပည္နယ္ Melbourne ၿမိဳ႕မွာ သိပ္အေရးမႀကီးတဲ့ စီးပြါးေရးလုပ္ငန္းေတြကို သီတင္း ၆ ပတ္ပိတ္ထားဖို႔ အမိန္႔ထုတ္လိုက္ပါတယ္။ ႏိုင္ငံတြင္း ကူးစက္မႈ အားလုံးနီးပါးက ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ Melbourne မွာ ျဖစ္ေနတဲ့အတြက္ သက္ဆိုင္ရာ တာဝန္ရွိသူေတြက ေရာဂါကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနၾကတာပါ။

ဒီကေန႔ တရက္ထဲ Melbourne ၿမိဳ႕အပါအဝင္ ဝိတိုရိယျပည္နယ္ထဲမွာ ကူးစက္သူ ၄၂၉ ေယာက္နဲ႔ ေသဆုံးသူ ၁၃ ေယာက္ရွိပါတယ္။ ၿမိဳ႕တြင္း ေစ်းဆိုင္အေတာ္မ်ားမ်ားနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြ၊ အသားထုတ္လုပ္တဲ့ စက္႐ုံေတြကိုလည္း ေသာၾကာေန႔ကတည္းကစၿပီး အခ်ိန္အကန္႔အသတ္နဲ႔ပဲ ဖြင့္ခြင့္ျပဳထားခဲ့တာပါ။

ျပည္နယ္တြင္း နာမက်န္းဖ်ားနာခြင့္ခံစားမႈ မရွိတဲ့ အလုပ္သမားေတြအေနနဲ႔ ေရာဂါကူးစက္ခံရရင္ အိမ္မွာပဲ သီးျခားခြဲေနရမွာျဖစ္ၿပီး အစိုးရက ေဒၚလာ ၁,၀၀၀ ေထာက္ပံ့ေပးသြားမယ္လို႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ Scott Morrison က ဒီကေန႔ေျပာပါတယ္။ COVID-19 ကူးစက္ခံရၿပီး ေရာဂါလကၡဏာခံစားရသူေတြအေနနဲ႔ ေငြေရးေၾကးေရးအခက္အခဲေၾကာင့္ အလုပ္ဆင္းေနရင္ တျခားလူေတြကို ကူးစက္မွာကို မလိုလားတဲ့အတြက္ အစိုးရက အခုလို ေငြေၾကး ေထာက္ပံ့ေပးၿပီး အိမ္ေတြမွာပဲ ေနၾကဖို႔ တိုက္တြန္းထားတာျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာလည္း COVID-19 ကူးစက္သူ ၁၀၀,၀၀၀ ေက်ာ္လာတဲ့ အတြက္ ၿမိဳ႕ေတာ္ Manila နဲ႔ ေနာက္ထပ္ ျပည္နယ္ ၅ ခုမွာ သီတင္း ၂ ပတ္ၾကာ အသြားအလာ ကန္႔သတ္ခ်က္ေတြ ခ်မွတ္သြားဖို႔ရွိပါတယ္။ အသြားအလာေတြ ကန္႔သတ္ထားတဲ့ အခ်ိန္တြင္း အေရးတႀကီး ခရီးသြားလာမႈေတြကလြဲလို႔ လူစုလူေဝးနဲ႔ သြားလာတာေတြကို တားျမစ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Melbourne မြို့ စီးပွားရေးလုပ်ငန်းများ တလခွဲရပ်ဖို့ အမိန့်ထုတ်

COVID-19 ကူးစက်ပျံ့နှံ့နေတဲ့ သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ် Melbourne မြို့မှာ သိပ်အရေးမကြီးတဲ့ စီးပွါးရေးလုပ်ငန်းတွေကို သီတင်း ၆ ပတ်ပိတ်ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။ နိုင်ငံတွင်း ကူးစက်မှု အားလုံးနီးပါးက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Melbourne မှာ ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာပါ။

ဒီကနေ့ တရက်ထဲ Melbourne မြို့အပါအဝင် ဝိတိုရိယပြည်နယ်ထဲမှာ ကူးစက်သူ ၄၂၉ ယောက်နဲ့ သေဆုံးသူ ၁၃ ယောက်ရှိပါတယ်။ မြို့တွင်း ဈေးဆိုင်အတော်များများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အသားထုတ်လုပ်တဲ့ စက်ရုံတွေကိုလည်း သောကြာနေ့ကတည်းကစပြီး အချိန်အကန့်အသတ်နဲ့ပဲ ဖွင့်ခွင့်ပြုထားခဲ့တာပါ။

သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison
သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison

ပြည်နယ်တွင်း နာမကျန်းဖျားနာခွင့်ခံစားမှု မရှိတဲ့ အလုပ်သမားတွေအနေနဲ့ ရောဂါကူးစက်ခံရရင် အိမ်မှာပဲ သီးခြားခွဲနေရမှာဖြစ်ပြီး အစိုးရက ဒေါ်လာ ၁,၀၀၀ ထောက်ပံ့ပေးသွားမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ဒီကနေ့ပြောပါတယ်။ COVID-19 ကူးစက်ခံရပြီး ရောဂါလက္ခဏာခံစားရသူတွေအနေနဲ့ ငွေရေးကြေးရေးအခက်အခဲကြောင့် အလုပ်ဆင်းနေရင် တခြားလူတွေကို ကူးစက်မှာကို မလိုလားတဲ့အတွက် အစိုးရက အခုလို ငွေကြေး ထောက်ပံ့ပေးပြီး အိမ်တွေမှာပဲ နေကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာလည်း COVID-19 ကူးစက်သူ ၁၀၀,၀၀၀ ကျော်လာတဲ့ အတွက် မြို့တော် Manila နဲ့ နောက်ထပ် ပြည်နယ် ၅ ခုမှာ သီတင်း ၂ ပတ်ကြာ အသွားအလာ ကန့်သတ်ချက်တွေ ချမှတ်သွားဖို့ရှိပါတယ်။ အသွားအလာတွေ ကန့်သတ်ထားတဲ့ အချိန်တွင်း အရေးတကြီး ခရီးသွားလာမှုတွေကလွဲလို့ လူစုလူဝေးနဲ့ သွားလာတာတွေကို တားမြစ်ထားပါတယ်။

XS
SM
MD
LG