သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ အလုပ္လက္မဲ့ သန္း ၃၀ ေက်ာ္ကို ေထာက္ပံ့ေရး အေခ်အတင္ ညႇိႏႈိင္း


အလုပ္လက္မဲ့ ခံစားခြင့္ လာေလွ်ာက္ေနၾကတဲ့ အေမရိကန္ျပည္သူမ်ား။ (မတ္ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာကပ္ေရာဂါေဘးေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ခဲ့ရတဲ့ အေမရိကန္ အလုပ္သမား သန္း ၃၀ အတြက္ ဘယ္ေလာက္အတိုင္းအတာ အကူအညီေတြ ထပ္ေပးမလဲဆိုတာ သမၼတ အိမ္ျဖဴေတာ္နဲ႔ ထိပ္တန္း ဒီမိုကရက္အမတ္ေတြ ဆက္ေဆြးေႏြးေနၿပီး တနဂၤေႏြေန႔အထိေတာ့ သေဘာတူညီခ်က္ မရေသးပါဘူး။

အလုပ္လက္မဲ့ အက်ဳိးခံစားခြင့္ အရနည္းတဲ့ ျပည္နယ္ေတြရဲ႕ ေထာက္ပ့ံေၾကးအျပင္ ျပည္ေထာင္စုအစိုးရက ဘယ္ေလာက္ထပ္ေပးမလဲ ဆိုတဲ့အေပၚ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ႔ ဘ႑ာေရး၀န္ႀကီး Steven Mnuchin တို႔ ABC ႐ုပ္သံ This Week အစီအစဥ္ကေန အျပန္အလွန္ ေ၀ဖန္ ေျပာဆိုခဲ့ၾကပါတယ္။

အလုပ္လက္မဲ့ေတြကို တပတ္ ေဒၚလာ ၆၀၀ အက်ဳိးခံစားခြင့္ အပိုေဆာင္းေပးတဲ့ အစီအစဥ္ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကုန္ဆုံးသြားပါၿပီ။ ဒီေထာက္ပ့ံေၾကးကို ၂၀၂၀ ခုႏွစ္ကုန္အထိ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ႔ ဒီမိုကရက္ေတြက ဆက္ေပးခ်င္ပါတယ္။

သမၼတ Trump အစုိးရကေတာ့ အပိုေဆာင္းေပးေနတဲ့ ေထာက္ပ့ံေၾကးကို တပတ္ ေဒၚလာ ၆၀၀ အစား ၂၀၀ အထိ ေလွ်ာ့ခ်ၿပီး COVID-19 ေရာဂါေၾကာင့္ အလုပ္လက္မဲ့ ျဖစ္သူေတြကို အလုပ္လက္မဲ့မျဖစ္ခင္ ရခဲ့တဲ့လစာရဲ႕ ၇၀ ရာခိုင္ႏႈန္း ေထာက္ပ့ံဖို႔ အဆိုျပဳထားပါတယ္။

အေမရိကန္စီးပြားေရး ဆုတ္ယုတ္မႈေတြကို ၾကားကန္ေပးႏိုင္ေအာင္ အလုပ္လက္မဲ့ေတြကို ေထာက္ပ့ံေရး အစီအစဥ္နဲ႔ ပတ္သက္လို႔ ညႇိႏႈိင္းရာမွာ တိုးတက္မႈေတြ ရွိေနပါၿပီဆိုၿပီး စေနေန႔ကပဲ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi၊ ဘ႑ာေရး၀န္ႀကီး Steven Mnuchin၊ အထက္လႊတ္ေတာ္ ဒီမိုကရက္ေခါင္းေဆာင္ Chuck Schumer နဲ႔ အိမ္ျဖဴေတာ္ ၀န္ထမ္းေရးရာ အရာရွိခ်ဳပ္ Mark Meadows တို႔က ေျပာဆိုထားပါတယ္။

ဒီေန႔ တနဂၤေႏြေန႔ ဆက္ၿပီး ညႇိႏႈိင္းေဆြးေႏြးေနၿပီး တနလၤာေန႔မွာ အဓိက ေစ့စပ္ေနသူေတြ ထပ္ၿပီး ေတြ႔ဆုံေဆြးေႏြးၾကပါလိမ့္မယ္။

ကို႐ိုနာဗိုင္းရပ္စ္ ေထာက္ပ့ံေရး အသုံးစရိတ္ ဥပေဒၾကမ္းအသစ္မွာ ေဒၚလာ ၃ ထရီလီယံ သုံးစြဲေရး ဒီမိုကရက္ေတြ အဆိုျပဳထားၿပီး ရီပတ္ဘလစ္ကန္ဘက္ကေတာ့ ၁ ထရီလီယံသာ သုံးစြဲဖို႔ ေျပာဆိုရင္း ကြဲလြဲခ်က္ေတြကို ညႇိႏႈိင္းေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

အမေရိကန် အလုပ်လက်မဲ့ သန်း ၃၀ ကျော်ကို ထောက်ပံ့ရေး အချေအတင် ညှိနှိုင်း

ကိုရိုနာကပ်ရောဂါဘေးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ အမေရိကန် အလုပ်သမား သန်း ၃၀ အတွက် ဘယ်လောက်အတိုင်းအတာ အကူအညီတွေ ထပ်ပေးမလဲဆိုတာ သမ္မတ အိမ်ဖြူတော်နဲ့ ထိပ်တန်း ဒီမိုကရက်အမတ်တွေ ဆက်ဆွေးနွေးနေပြီး တနင်္ဂနွေနေ့အထိတော့ သဘောတူညီချက် မရသေးပါဘူး။

အလုပ်လက်မဲ့ အကျိုးခံစားခွင့် အရနည်းတဲ့ ပြည်နယ်တွေရဲ့ ထောက်ပံ့ကြေးအပြင် ပြည်ထောင်စုအစိုးရက ဘယ်လောက်ထပ်ပေးမလဲ ဆိုတဲ့အပေါ် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ ABC ရုပ်သံ This Week အစီအစဉ်ကနေ အပြန်အလှန် ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

အလုပ်လက်မဲ့တွေကို တပတ် ဒေါ်လာ ၆၀၀ အကျိုးခံစားခွင့် အပိုဆောင်းပေးတဲ့ အစီအစဉ် ပြီးခဲ့တဲ့ သောကြာနေ့က ကုန်ဆုံးသွားပါပြီ။ ဒီထောက်ပံ့ကြေးကို ၂၀၂၀ ခုနှစ်ကုန်အထိ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဒီမိုကရက်တွေက ဆက်ပေးချင်ပါတယ်။

သမ္မတ Trump အစိုးရကတော့ အပိုဆောင်းပေးနေတဲ့ ထောက်ပံ့ကြေးကို တပတ် ဒေါ်လာ ၆၀၀ အစား ၂၀၀ အထိ လျှော့ချပြီး COVID-19 ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သူတွေကို အလုပ်လက်မဲ့မဖြစ်ခင် ရခဲ့တဲ့လစာရဲ့ ၇၀ ရာခိုင်နှုန်း ထောက်ပံ့ဖို့ အဆိုပြုထားပါတယ်။

အမေရိကန်စီးပွားရေး ဆုတ်ယုတ်မှုတွေကို ကြားကန်ပေးနိုင်အောင် အလုပ်လက်မဲ့တွေကို ထောက်ပံ့ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ညှိနှိုင်းရာမှာ တိုးတက်မှုတွေ ရှိနေပါပြီဆိုပြီး စနေနေ့ကပဲ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi၊ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin၊ အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer နဲ့ အိမ်ဖြူတော် ဝန်ထမ်းရေးရာ အရာရှိချုပ် Mark Meadows တို့က ပြောဆိုထားပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့ ဆက်ပြီး ညှိနှိုင်းဆွေးနွေးနေပြီး တနင်္လာနေ့မှာ အဓိက စေ့စပ်နေသူတွေ ထပ်ပြီး တွေ့ဆုံဆွေးနွေးကြပါလိမ့်မယ်။

ကိုရိုနာဗိုင်းရပ်စ် ထောက်ပံ့ရေး အသုံးစရိတ် ဥပဒေကြမ်းအသစ်မှာ ဒေါ်လာ ၃ ထရီလီယံ သုံးစွဲရေး ဒီမိုကရက်တွေ အဆိုပြုထားပြီး ရီပတ်ဘလစ်ကန်ဘက်ကတော့ ၁ ထရီလီယံသာ သုံးစွဲဖို့ ပြောဆိုရင်း ကွဲလွဲချက်တွေကို ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG