သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် ရွှေ့ပြောင်းအခြေချမှုကြီး ဖြစ်လာနိုင်တယ်လို့ IFRC သတိပေး


ကျန်းမာရေးစစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို Brazil နိုင်ငံ Santarém မြို့မှာ တွေ့ရ။ (ဇူလိုင် ၁၉၊ ၂၀၂၀)
ကျန်းမာရေးစစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို Brazil နိုင်ငံ Santarém မြို့မှာ တွေ့ရ။ (ဇူလိုင် ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ်ရောဂါကြောင့် လာမယ့်နှစ်တွေမှာ အင်မတန်ကြီးမားတဲ့ နိုင်ငံရွှေ့ပြောင်း အခြေချမှုလှိုင်းကြီးကို တွေ့မြင်လာရလိမ့်မယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ချုပ် IFRC အကြီးအကဲက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ချုပ် IFRC အကြီးအကဲ Jagan Chapagain
နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ချုပ် IFRC အကြီးအကဲ Jagan Chapagain

Coronavirus ပိုးကူးစက်မှုကြောင့် အသက်မွေးဝမ်းကျောင်းမှုတွေ ဆုံးရှုံးသွားတာ၊ စားရေရိက္ခာမလုံလောက်မှုတွေကြောင့် နယ်စပ်တွေ ပြန်ဖွင့်တာနဲ့ မဖြစ်မနေ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့ အခြေချသူ အများအပြားတွေ့ရလိမ့်မယ်လို့ အကြီးအကဲ Jagan Chapagain က AFP သတင်းဌာနနဲ့ သီးသန့် မေးမြန်ခန်းမှာ ပြောကြားခဲ့ပါတယ်။

Virus ပိုးနဲ့ ငတ်မွတ်မှု ရွေးချယ်ရမယ်ဆိုရင် virus ပိုးကို ရွေးချယ်မယ်လို့ ပြောတာတွေကြားရပါတယ်။ သူတို့က ရောဂါပိုးကူးရင် အသက်ရှင်နိုင်တဲ့ လမ်းရှိပေမဲ့ အငတ်ဘေးကြုံရင် အသက်ရှင်မှာ မဟုတ်ဘူးလို့ ပြောကြတဲ့အကြောင်း IFRC အကြီးအကဲက ပြောပါတယ်။

နိုင်ငံတွေမှာ COVID-19 ရောဂါကာကွယ်ဆေး ရရှိလက်လှမ်းမှီနိုင်မှုကလည်း လူတွေ ရွှေ့ပြောင်းအခြေချမှုအပေါ် သက်ရောက်နိုင်တယ်လို့ သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ပြုစုထားတဲ့ COVID-19 ကပ်ရောဂါ စာရင်းအရ ကမ္ဘာတဝန်းအတည်ပြုလူနာ ၁၅ သန်းခွဲကျော်၊ သေဆုံးသူ ၆၃၀,၀၀၀ ကျော်နေပါပြီ။

အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်မှု အဆိုးဆုံးနိုင်ငံဖြစ်နေပြီး အတည်ပြုလူနာ ၄,၀၀၀,၀၀၀ ကျော်ရှိပါတယ်။ ဒုတိယအဆိုးဆုံး ဘရာဇီးလ်နိုင်ငံမှာ အတည်ပြုလူနာ ၂,၀၀၀,၀၀၀ ကျော် India မှာ ၁,၀၀၀,၀၀၀ ကျော်ဖြစ်ပါတယ်။

အမေရိကန်မှာ ရောဂါကူးစက်မှုပြန်မြင့်တက်နေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ပြန်ပိတ်ရတာ၊ လေ ျှာ့ချတာတွေကြောင့် အလုပ်လက်မဲ့ ခံစားမှုလေ ျှာက်ထားသူဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာတင် ၁.၄ သန်းမြင့်တက်ခဲ့ပါတယ်။ အလုပ်သမားဌာနရဲ့ကိန်းဂဏန်းတွေအရ အမေရိကန်မှာ အလုပ်လက်မဲ့ခံစားခွင့် လေ ျှာက်ထားသူ ကြာသပတေးနေ့အထိ ၃၂ သန်းလောက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG