သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိက်ဳိမွာ ကုိဗစ္ကူးစက္မႈ စံခ်ိန္ထပ္တင္ေနဆဲ


တုိက်ဳိ ရထားဘူတာ တေနရာ

(Zawgyi/Unicode)

တုိက်ဳိၿမိဳ႕မွာ ၾကာသပေတးေန႔တေန႔ထဲ ေရာဂါကူးစက္သူေပါင္း ၃၆၆ ဦး ရွိခဲ့တဲ့အတြက္ အရင္သီတင္းပတ္ ေလးရက္က ေရာဂါကူးစက္မႈ ၃၀၀ ရွိခဲ့တာထက္ ေက်ာ္လြန္သြားၿပီလို႔ တိုက်ိဳၿမိဳ႕ေတာ္၀န္ Yuriko Koike က ေျပာပါတယ္။ ကိုဗစ္ ၁၉ ဟာ ကိုရုိနာဗိုင္းရပ္စ္ကေန ျဖစ္ပြားတဲ့ ေရာဂါပါ။

အခုသီတင္းပတ္အတြင္း လူေပါင္း ၄,၉၂၆ ဦးကုိ စမ္းသပ္ခဲ့တာေၾကာင့္ အခုလုိ ေရာဂါကူးစက္သူအေရအတြက္လည္း တုိးျမင့္လာတာလုိ႔ သတင္းစာရွင္းလင္းပြဲအတြင္း Koike က ေျပာပါတယ္။

ဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ တဲ့လကၡဏာေတြကိုလည္း ေတြ႔ေနရပါတယ္။ မၾကာေသးခင္ ရက္ေတြအတြင္း တုိးမ်ားလာတဲ့ ကူးစက္မႈအေရအတြက္ဟာ လူငယ္ေတြက ညဘက္ ေဖ်ာ္ေျဖေရးရွိတဲ့ေနရာေတြကုိ သြားၾကတဲ့ တခုထဲေသာ အေၾကာင္းျပခ်က္ေၾကာင့္ ျဖစ္တယ္လုိ႔ ဆုိပါတယ္။ ေရာဂါပုိး ကူးစက္မႈဟာ အသက္အရြယ္ ႀကီးရင့္သူေတြနဲ႔ ပုံမွန္အိမ္ေတြ၊ လုပ္ငန္းခြင္ေတြနဲ႔ စားေသာက္ဆုိင္ေတြကုိပါ ပ်ံ႔ႏွံ႔လာေနတယ္လုိ႔လည္း တုိက်ဳိၿမိဳ႕ ကုိဗစ္ လုပ္ငန္းအဖြဲ႔က ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

ဗုဒၶဟူးေန႔က ဂ်ပန္တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ကူးစက္မႈေပါင္း ၇၉၅ ဦး ရွိလာတဲ့ တခ်ိန္ထဲမွာဘဲ တိုက်ိဳရဲ႕ေရာဂါကူးစက္မႈဟာလည္း စံခ်ိန္ ခ်ဳိးခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ဧၿပီလအတြင္း အမ်ားဆုံး စံခ်ိန္ခဲ့ၿပီးေနာက္ အမ်ားဆုံးလည္း ျဖစ္ပါတယ္။ တုိက်ဳိၿမိဳ႕မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ၂၉၃ ဦး ကူးစက္ခဲ့တာဟာ အမ်ားဆုံး စံခ်ိန္ျဖစ္ပါတယ္။

အခုအခ်ိန္မွာ တိုက်ိဳမွာ ကူးစက္သူေပါင္း ၁၀,၄၂၀ ဦးရွိၿပီး လူေပါင္း ၃၂၇ ဦး ေသဆံုးခဲ့ၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................

တိုကျိုမှာ ကိုဗစ်ကူးစက်မှု စံချိန်ထပ်တင်နေဆဲ

(Unicode)

တိုကျိုမြို့မှာ ကြာသပတေးနေ့တနေ့ထဲ ရောဂါကူးစက်သူပေါင်း ၃၆၆ ဦး ရှိခဲ့တဲ့အတွက် အရင်သီတင်းပတ် လေးရက်က ရောဂါကူးစက်မှု ၃၀၀ ရှိခဲ့တာထက် ကျော်လွန်သွားပြီလို့ တိုကျိုမြို့တော်ဝန် Yuriko Koike က ပြောပါတယ်။ ကိုဗစ် ၁၉ ဟာ ကိုရိုနာဗိုင်းရပ်စ်ကနေ ဖြစ်ပွားတဲ့ ရောဂါပါ။

အခုသီတင်းပတ်အတွင်း လူပေါင်း ၄,၉၂၆ ဦးကို စမ်းသပ်ခဲ့တာကြောင့် အခုလို ရောဂါကူးစက်သူအရေအတွက်လည်း တိုးမြင့်လာတာလို့ သတင်းစာရှင်းလင်းပွဲအတွင်း Koike က ပြောပါတယ်။

ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ တဲ့လက္ခဏာတွေကိုလည်း တွေ့နေရပါတယ်။ မကြာသေးခင် ရက်တွေအတွင်း တိုးများလာတဲ့ ကူးစက်မှုအရေအတွက်ဟာ လူငယ်တွေက ညဘက် ဖျော်ဖြေရေးရှိတဲ့နေရာတွေကို သွားကြတဲ့ တခုထဲသော အကြောင်းပြချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါပိုး ကူးစက်မှုဟာ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ပုံမှန်အိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါ ပျံ့နှံ့လာနေတယ်လို့လည်း တိုကျိုမြို့ ကိုဗစ် လုပ်ငန်းအဖွဲ့က ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဂျပန်တနိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်မှုပေါင်း ၇၉၅ ဦး ရှိလာတဲ့ တချိန်ထဲမှာဘဲ တိုကျိုရဲ့ရောဂါကူးစက်မှုဟာလည်း စံချိန် ချိုးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း အများဆုံး စံချိန်ခဲ့ပြီးနောက် အများဆုံးလည်း ဖြစ်ပါတယ်။ တိုကျိုမြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က ၂၉၃ ဦး ကူးစက်ခဲ့တာဟာ အများဆုံး စံချိန်ဖြစ်ပါတယ်။

အခုအချိန်မှာ တိုကျိုမှာ ကူးစက်သူပေါင်း ၁၀,၄၂၀ ဦးရှိပြီး လူပေါင်း ၃၂၇ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG