သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တုိက်ဳိမွာ ကုိဗစ္ကူးစက္မႈ အရွိန္ျမင့္ေနဆဲ


တုိက်ဳိၿမိဳ႕

(Zawgyi/Unicode)

ဂ်ပန္နိုင္ငံ၊ Tokyo ၿမိဳ႕မွာ COVID-19 ကူးစက္မႈႏႈန္း ျမင့္တက္လာေနတဲ့အတြက္ အုပ္ခ်ဳပ္ေရးမွဴး Yuriko Koike က ဗုဒၶဟူးေန႔က အျမင့္ဆုံးသတိေပးခ်က္ကို ထုတ္ျပန္လိုက္ပါတယ္။ ေဒသခံေတြနဲ႔ စီးပြါးေရးလုပ္ငန္းရွင္ေတြကို ေရာဂါကာကြယ္ေရး စည္းမ်ဥ္း စည္းကမ္းေတြ လိုက္နာၾကဖို႔ ေမတၱာရပ္ခံခဲ့ေပမဲ့ စီးပြားေရးလုပ္ငန္းေတြ ပိတ္ဖို႔ကိုေတာ့ တိုက္တြန္းတာမရွိေသးပါဘူး။

Tokyo ၿမိဳ႕မွာ အေရးေပၚ အေျခအေန ေၾကညာထားတာကို ေမလေႏွာင္းပိုင္းက ျပန္႐ုပ္သိမ္းၿပီး စီးပြါးေရး လုပ္ငန္းေတြ ျပန္ဖြင့္ခြင့္ေပးခဲ့တာပါ။ မေန႔က တရက္တည္း Tokyo မွာ ေရာဂါကူးစက္သူ လူနာသစ္ ၁၆၅ ေယာက္ရွိၿပီး တနလၤာေန႔က ၁၁၉ ေယာက္နဲ႔ အဂၤါေန႔က ၁၄၃ ေယာက္ ရွိပါတယ္။ တနဂၤေႏြကစလို႔ ၄ ရက္အတြင္း ကူးစက္ခံရသူ ၂၀၀ အထက္မွာ ရွိတာပါ။

စားေသာက္ဆိုင္ေတြ၊ ေစ်းဆိုင္ေတြနဲ႔ နိုက္ကလပ္ေတြအေနနဲ႔ ေရာဂါကာကြယ္ေရး စည္းမ်ဥ္းေတြကို အျပည့္အဝလိုက္နာၾကဖို႔ နဲ႔ ျပည္ သူေတြအေနနဲ႔ စည္းမ်ဥ္း မလိုက္နာတဲ့ ေနရာေတြကို ေရွာင္ရွားဖို႔အုပ္ခ်ဳပ္ေရးမွဴး Koike က တိုက္တြန္း ထားပါတယ္။ ေဆး႐ုံေတြမွာ COVID-19 လူနာေတြ ပိုမ်ားလာၿပီး ကုတင္အလုံ အေလာက္မရွိေတာ့ဘူးလို႔လည္း Koike က ေျပာပါတယ္။

“အေရးေပၚ အေျခအေနမွာ ကုသမႈခံယူေနရတဲ့ လူနာအေရအတြက္က နဂိုအတိုင္းရွိေပမဲ့ ေဆး႐ုံတက္ရတဲ့ လူနာက အလၽွင္အျမန္ တိုးလာေနတယ္” လို႔ အုပ္ခ်ဳပ္ေရးမႈး Koike က သတိေပးသြားတာပါ။

ဒါ့အျပင္ COVID- 19 စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာျခင္းမရွိတဲ့ စီးပြါးေရးလုပ္ငန္းရွင္ေတြကို ျပစ္ဒဏ္ခ်မွတ္ပိုင္ခြင့္နဲ႔ ပတ္သက္ လို႔ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးေတြကို အခြင့္အာဏာေပးတဲ့ ဥပေဒကို ဝန္ႀကီးခ်ဳပ္ Shinzo Abe အစိုးရအေနနဲ႔ ျပန္လည္ သုံးသပ္ေပးဖို႔ ကိုလည္း Koike က ေတာင္းဆိုလိုက္ပါတယ္။

အေရးေပၚ အေျခအေနမဟုတ္တဲ့ လူနာေတြကို လက္ခံကုသဖို႔ အတြက္ ကုတင္ ၂၇၀၀ ေလာက္ ျပင္ဆင္ထားဖို႔လည္း ေဆး႐ုံေတြကို Koike က ေမတၱာရပ္ခံထားပါတယ္။ လူငယ္ေတြထဲ ေရာဂါလကၡဏာ မျပသူ လူနာေတြနဲ႔ ေရာဂါမျပင္းထန္တဲ့ လူနာေတြကူးစက္မႈႏႈန္းမ်ားလာတာေၾကာင့္ ေဆးကုသေရး စင္တာ ၂ ခုဖြင့္လွစ္ကုသေပး သြားမယ္လို႔ ေျပာ ပါတယ္။ အခုလက္ရွိ ဂ်ပန္မွာ COVID-19 ေရာဂါကူးစက္သူ ၈၁၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃၂၅ ေယာက္ရွိပါတယ္။

တုိက်ဳိမွာ ကုိဗစ္ကူးစက္မႈ အရွိန္ျမင့္ေနဆဲ
please wait

No media source currently available

0:00 0:01:02 0:00
တိုက္႐ိုက္ လင့္ခ္


................

တိုကျိုမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေဆဲ

(Unicode)

ဂျပန်နိုင်ငံ၊ Tokyo မြို့မှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့အတွက် အုပ်ချုပ်ရေးမှူး Yuriko Koike က ဗုဒ္ဓဟူးနေ့က အမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒေသခံတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေကို ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းတွေ လိုက်နာကြဖို့ မေတ္တာရပ်ခံခဲ့ပေမဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ဖို့ကိုတော့ တိုက်တွန်းတာမရှိသေးပါဘူး။

Tokyo မြို့မှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို မေလနှောင်းပိုင်းက ပြန်ရုပ်သိမ်းပြီး စီးပွါးရေး လုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးခဲ့တာပါ။ မနေ့က တရက်တည်း Tokyo မှာ ရောဂါကူးစက်သူ လူနာသစ် ၁၆၅ ယောက်ရှိပြီး တနင်္လာနေ့က ၁၁၉ ယောက်နဲ့ အင်္ဂါနေ့က ၁၄၃ ယောက် ရှိပါတယ်။ တနင်္ဂနွေကစလို့ ၄ ရက်အတွင်း ကူးစက်ခံရသူ ၂၀၀ အထက်မှာ ရှိတာပါ။

စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ နိုက်ကလပ်တွေအနေနဲ့ ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို အပြည့်အဝလိုက်နာကြဖို့ နဲ့ ပြည် သူတွေအနေနဲ့ စည်းမျဉ်း မလိုက်နာတဲ့ နေရာတွေကို ရှောင်ရှားဖို့အုပ်ချုပ်ရေးမှူး Koike က တိုက်တွန်း ထားပါတယ်။ ဆေးရုံတွေမှာ COVID-19 လူနာတွေ ပိုများလာပြီး ကုတင်အလုံ အလောက်မရှိတော့ဘူးလို့လည်း Koike က ပြောပါတယ်။

“အရေးပေါ် အခြေအနေမှာ ကုသမှုခံယူနေရတဲ့ လူနာအရေအတွက်က နဂိုအတိုင်းရှိပေမဲ့ ဆေးရုံတက်ရတဲ့ လူနာက အလျှင်အမြန် တိုးလာနေတယ်” လို့ အုပ်ချုပ်ရေးမှုး Koike က သတိပေးသွားတာပါ။

ဒါ့အပြင် COVID- 19 စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေကို ပြစ်ဒဏ်ချမှတ်ပိုင်ခွင့်နဲ့ ပတ်သက် လို့ပြည်နယ်အုပ်ချုပ်ရေးမှုးတွေကို အခွင့်အာဏာပေးတဲ့ ဥပဒေကို ဝန်ကြီးချုပ် Shinzo Abe အစိုးရအနေနဲ့ ပြန်လည် သုံးသပ်ပေးဖို့ ကိုလည်း Koike က တောင်းဆိုလိုက်ပါတယ်။

အရေးပေါ် အခြေအနေမဟုတ်တဲ့ လူနာတွေကို လက်ခံကုသဖို့ အတွက် ကုတင် ၂၇၀၀ လောက် ပြင်ဆင်ထားဖို့လည်း ဆေးရုံတွေကို Koike က မေတ္တာရပ်ခံထားပါတယ်။ လူငယ်တွေထဲ ရောဂါလက္ခဏာ မပြသူ လူနာတွေနဲ့ ရောဂါမပြင်းထန်တဲ့ လူနာတွေကူးစက်မှုနှုန်းများလာတာကြောင့် ဆေးကုသရေး စင်တာ ၂ ခုဖွင့်လှစ်ကုသပေး သွားမယ်လို့ ပြော ပါတယ်။ အခုလက်ရှိ ဂျပန်မှာ COVID-19 ရောဂါကူးစက်သူ ၈၁၀၀ ကျော်နဲ့ သေဆုံးသူ ၃၂၅ ယောက်ရှိပါတယ်။

XS
SM
MD
LG