သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတဝန္း ကိုဗစ္ကူးစက္သူ ၁၂ သန္းေက်ာ္သြားၿပီ


၀ါရွင္နယ္ျပည္နယ္ Seattle ၿမိဳ႕က ေစ်း၀ယ္ေနရာတခုမွာ ေတြ႔ရတဲ့ လူတခ်ိဳ႕။ (ဇူလိုင္ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတဝန္း COVID-19 ကပ္ေရာဂါ အတည္ျပဳလူနာ ၁၂ သန္းေက်ာ္သြားပါၿပီ။ ကပ္ေရာဂါအေျခအေနကို မွတ္တမ္းျပဳစုေနတဲ့ အေမရိကန္က Johns Hopkins တကၠသိုလ္ရဲ႕စာရင္းအရ အေမရိကန္ျပည္ေထာင္စုမွာ အတည္ျပဳလူနာ ၃,၀၀၀,၀၀၀ ေက်ာ္နဲ႔ အမ်ားဆံုးျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ တရက္ထဲမွာတင္ အတည္ျပဳလူနာ ၆၀,၀၀၀ ေက်ာ္ပါတယ္။ ေရာဂါစတင္ျဖစ္ပြားကတည္းကဆိုရင္ တရက္ထဲ ေရာဂါပိုးကူးစက္သူ အမ်ားဆံုး ေတြ႔ရတာျဖစ္ပါတယ္။ California, Texas, Tennessee, West Virginia နဲ႔ Utah စတဲ့ ျပည္နယ္ ၅ ခုထက္မနည္းမွာ ဗုဒၶဟူးေန႔က စံခ်ိန္တင္ကူးစက္သူ ျမင့္တက္ခဲ့တာျဖစ္သလုိ တခ်ဳိ႕ျပည္နယ္ေတြမွာေတာ့ ၇ ရက္အတြင္း စံခ်ိန္တင္မ်ားခဲ့တာလည္းျဖစ္ပါတယ္။

Arizona, California, Florida နဲ႔ Texas ျပည္နယ္ေတြက ေဆး႐ံုေတြရဲ႕ အထူးၾကပ္မတ္ေဆာင္ ICU ေတြမွာ လူနာသစ္လက္မခံႏိုင္တာ ဒါမွမဟုတ္ လူနာသစ္လက္ခံႏိုင္မယ့္အေျခအေန ျပည့္လုျဖစ္ေနၿပီလို႔ က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာပါတယ္။

တခ်ိန္ထဲမွာပဲ Australia ႏိုင္ငံက ဒုတိယ လူဦးေရ အထူထပ္ဆံုးျဖစ္တဲ့ Melbourne ၿမိဳ႕မွာ ဗုဒၶဟူးေန႔ည သန္းေခၚခ်ိန္ကစလို႔ မလိုအပ္ဘဲ အိမ္ထဲက အိမ္ျပင္ မထြက္ရအမိန္႔ ကို သီတင္း ၆ ပတ္ ထုတ္ျပန္ထားပါတယ္။

ဂ်ပန္ႏိုင္ငံမွာေတာ့ ဒီေန႔ Tokyo ၿမိဳ႕ေတာ္မွာ အတည္ျပဳလူနာ ၂၂၄ ေယာက္နဲ႔ စံခ်ိန္သစ္တင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၂ သန်းကျော်သွားပြီ

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ အတည်ပြုလူနာ ၁၂ သန်းကျော်သွားပါပြီ။ ကပ်ရောဂါအခြေအနေကို မှတ်တမ်းပြုစုနေတဲ့ အမေရိကန်က Johns Hopkins တက္ကသိုလ်ရဲ့စာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ အတည်ပြုလူနာ ၃,၀၀၀,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ တရက်ထဲမှာတင် အတည်ပြုလူနာ ၆၀,၀၀၀ ကျော်ပါတယ်။ ရောဂါစတင်ဖြစ်ပွားကတည်းကဆိုရင် တရက်ထဲ ရောဂါပိုးကူးစက်သူ အများဆုံး တွေ့ရတာဖြစ်ပါတယ်။ California, Texas, Tennessee, West Virginia နဲ့ Utah စတဲ့ ပြည်နယ် ၅ ခုထက်မနည်းမှာ ဗုဒ္ဓဟူးနေ့က စံချိန်တင်ကူးစက်သူ မြင့်တက်ခဲ့တာဖြစ်သလို တချို့ပြည်နယ်တွေမှာတော့ ၇ ရက်အတွင်း စံချိန်တင်များခဲ့တာလည်းဖြစ်ပါတယ်။

Arizona, California, Florida နဲ့ Texas ပြည်နယ်တွေက ဆေးရုံတွေရဲ့ အထူးကြပ်မတ်ဆောင် ICU တွေမှာ လူနာသစ်လက်မခံနိုင်တာ ဒါမှမဟုတ် လူနာသစ်လက်ခံနိုင်မယ့်အခြေအနေ ပြည့်လုဖြစ်နေပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်ထဲမှာပဲ Australia နိုင်ငံက ဒုတိယ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ Melbourne မြို့မှာ ဗုဒ္ဓဟူးနေ့ည သန်းခေါ်ချိန်ကစလို့ မလိုအပ်ဘဲ အိမ်ထဲက အိမ်ပြင် မထွက်ရအမိန့် ကို သီတင်း ၆ ပတ် ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဒီနေ့ Tokyo မြို့တော်မှာ အတည်ပြုလူနာ ၂၂၄ ယောက်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။

XS
SM
MD
LG