သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္မွာ ကုိဗစ္ကူးစက္သူ ၃ သန္းေက်ာ္ၿပီ


လူေတကို ကိုဗစ္-၁၉ ကပ္ေရာဂါရွိမရွိစမ္းသပ္ေနၾကစဥ္

Zawgyi/Unicode

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါရဲ့ အႏၱရာယ္ကို ေလ ွ်ာ့ေပါ့ေျပာဆိုၿပီး ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ အျပင္းအထန္တြန္းအားေပးေနခ်ိန္မွာပဲ အေမရိကန္ႏုိင္ငံတြင္းမွာေတာ့ ဒီေရာဂါအကူးစက္ခံရသူဟာ ဗုဒၶဟူးေန႔မွာ ၃ သန္းေက်ာ္ (၃,၀၂၂,၈၉၉ ) သြားၿပီျဖစ္ ျဖစ္ေၾကာင္း Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပေနပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါအရွိန္ျမင့္လာမယ့္ လာမယ့္ သီတင္းပတ္ေတြ အတြင္း ေက်ာင္းေတြ ျပန္ဖြင့္ ေရးနဲ႔ ပတ္သက္ၿပီး က်န္းမာေရးကၽြမ္းက်င္သူေတြရဲ့ အႀကံေပးခ်က္ေတြဟာ တကယ္လက္ေတြ႔မက်ဘူးလို႔ ဗုဒၶဟူးေန႔မွာပဲ ေျပာၿပီး ပယ္ခ်ခဲ့ပါတယ္။

ပံုမွန္ေက်ာင္းသား အျပည့္ရွိေနတဲ့ စာသင္ခန္းေတြဟာ ဒီေရာဂါ ျပန္႔ပြါးမယ့္ အႏၱရာယ္ အႀကီးဆံုးလို႔ သတိေပးေနတဲ့ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုဌာန CDC ရဲ့ ညႊန္ၾကားခ်က္ကို သူလက္မခံေၾကာင္း အဂၤါေန႔မွာ သမၼတက ေျပာၾကားခဲ့ၿပီး အေမရိကန္ ႏိုင္ငံရဲ့ ျပည္နယ္ ၅၀ က အုပ္ခ်ဳပ္ေရးမႈေတြနဲ႔ ေဒသ ေက်ာင္းအာဏာပိုင္ေတြကို ၾသဂုတ္လနဲ႔ စက္တင္ဘာလမွာ စၿပီး ေက်ာင္းသားေတြကို လူကိုယ္တုိင္စာသင္ခန္းမွာ ျပန္တက္ေရာက္ေစဖို႔ ေျပာၾကားခဲ့တာပါ။

ဂ်ာမဏီ၊ ဒိန္းမတ္၊ ေနာ္ေဝ၊ ဆြီဒင္နဲ႔ တျခားႏိုင္ငံအမ်ားအျပားမွာ ဘာျပႆနာမွ မရွိပဲ ေက်ာင္းေတြ ျပန္ဖြင့္ေနၾကၿပီလို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ဒီမိုကရက္တစ္ ပါတီဝင္ေတြက ေက်ာင္းေတြကို ႏိုဝင္ဘာ ေရြးေကာက္ပြဲမတိုင္ခင္ ျပန္ဖြင့္ရင္ သူတို႔အတြက္ ႏိုင္ငံေရးအရ မေကာင္းဘူးလို႔ထင္ေန ၾကေပမယ့္ ဒါဟာ ေက်ာင္းသားေတြနဲ႔ မိသားစုေတြ အတြက္ သိပ္အေရးႀကီးတယ္ လို႔လည္းေျပာပါတယ္။ ေက်ာင္းေတြ ျပန္မဖြင့္ရင္ ရန္ပံုေငြျဖတ္ဖို႔ ျဖစ္လာႏိုင္တယ္ လို႔လည္း ေျပာပါတယ္။

ပညာေရးဝန္ႀကီး Betsy DeVos ကေတာ့ ေက်ာင္းေတြကို လံုးဝျပန္ဖြင့္ေပးရမွာ ျဖစ္ေပမယ့္ ဘယ္လိုျပန္ဖြင့္ရမယ္ ဆိုတာက ျပႆနာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ကန္မွာ ကုိဗစ္ကူးစက္သူ ၃ သန္းေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ အန္တရာယ်ကို လေ ျှာ့ပေါ့ပြောဆိုပြီး ကျောင်းတွေ ပြန်ဖွင့်ဖို့ အပြင်းအထန်တွန်းအားပေးနေချိန်မှာပဲအမေရိကန်နိုင်ငံတွင်းမှာတော့ ဒီရောဂါအကူးစက်ခံရသူဟာ ဗုဒ္ဓဟူးနေ့မှာ ၃ သန်းကျော် (၃,၀၂၂,၈၉၉ ) သွားပြီဖြစ် ဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရှိန်မြင့်လာမယ့် လာမယ့် သီတင်းပတ်တွေ အတွင်း ကျောင်းတွေ ပြန်ဖွင့် ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေဟာတကယ်လက်တွေ့မကျဘူးလို့ ဗုဒ္ဓဟူးနေ့မှာပဲ ပြောပြီး ပယ်ချခဲ့ပါတယ်။
ပုံမှန်ကျောင်းသား အပြည့်ရှိနေတဲ့ စာသင်ခန်းတွေဟာ ဒီရောဂါ ပြန့်ပွါးမယ့် အန္တရာယ် အကြီးဆုံးလို့ သတိပေးနေတဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန CDC ရဲ့ ညွှန်ကြားချက်ကို သူလက်မခံကြောင်း အင်္ဂါနေ့မှာ သမ္မတက ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံရဲ့ ပြည်နယ် ၅၀ က အုပ်ချုပ်ရေးမှုတွေနဲ့ ဒေသ ကျောင်းအာဏာပိုင်တွေကို သြဂုတ်လနဲ့ စက်တင်ဘာလမှာ စပြီး ကျောင်းသားတွေကို လူကိုယ်တိုင်စာသင်ခန်းမှာ ပြန်တက်ရောက်စေဖို့ ပြောကြားခဲ့တာပါ။
ဂျာမဏီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်နဲ့ တခြားနိုင်ငံအများအပြားမှာ ဘာပြဿနာမှ မရှိပဲ ကျောင်းတွေ ပြန်ဖွင့်နေကြပြီလို့လည်း ပြောပါတယ်။ ဒါ့အပြင်ဒီမိုကရက်တစ် ပါတီဝင်တွေက ကျောင်းတွေကို နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင် ပြန်ဖွင့်ရင် သူတို့အတွက် နိုင်ငံရေးအရ မကောင်းဘူးလို့ထင်နေ ကြပေမယ့် ဒါဟာ ကျောင်းသားတွေနဲ့ မိသားစုတွေ အတွက် သိပ်အရေးကြီးတယ် လို့လည်းပြောပါတယ်။ ကျောင်းတွေ ပြန်မဖွင့်ရင် ရန်ပုံငွေဖြတ်ဖို့ ဖြစ်လာနိုင်တယ် လို့လည်း ပြောပါတယ်။


ပညာရေးဝန်ကြီး Betsy DeVos ကတော့ ကျောင်းတွေကို လုံးဝပြန်ဖွင့်ပေးရမှာ ဖြစ်ပေမယ့် ဘယ်လိုပြန်ဖွင့်ရမယ် ဆိုတာက ပြဿနာ ဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG