သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၃၀,၀၀၀ ကျော်ပြီ


Texas ပြည်နယ် Houston မြို့က ဆေးရုံတခုမှာ COVID လူနာကို ကျန်းမာရေးဝန်ထမ်းက ပြုစုနေစဉ် (ဇူလိုင်လ ၂ ရက်နေ့ ၂၀၂၀)
Texas ပြည်နယ် Houston မြို့က ဆေးရုံတခုမှာ COVID လူနာကို ကျန်းမာရေးဝန်ထမ်းက ပြုစုနေစဉ် (ဇူလိုင်လ ၂ ရက်နေ့ ၂၀၂၀)

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးရသူ အရေအတွက်က တနလာၤနေ့မှာ ၁၃၀,၀၀၀ ကျော် အထိ ရောက်ရှိကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းက ဖော်ပြပါတယ်။

ဝါရှင်တန် စံတော်ချိန် တနလာၤနေ့ နေ့ခင်းပိုင်းမှာဘဲ အမေရိကန် တဝန်း ဗိုင်းရပ်စ် ကူးစက်ခံ အရေအတွက် ၂ သန်း ၉ သိန်းနီးပါးကို ရောက်ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာမှာ COVID -19 ကူးစက်ခံရမှုမှာရော သေဆုံးမှုမှာရော အများဆုံး နိုင်ငံ ဖြစ်နေတာပါ။

ဇွန်လ ကတည်းက ဗိုင်းရပ်စ် ကူးစက်မှု ပြန်လည် မြင့်တက်လာတာကြောင့် ပြည်နယ် အတော်များများမှာ စီးပွားရေး ပြန်လည် ဖွင့်လှစ်ရေး အစီအစဉ် တချို့ကို မဖြစ်မနေ ဆိုင်းငံ့ခဲ့ရပါတယ်။ ဖလော်ရီဒါ ပြည်နယ်ရဲ့ အကြီးဆုံး ခရိုင် Miami-Dade မှာ စားသောက်ဆိုင်တွေ၊ အားကစား လေ့ကျင့်ရေး ခန်းမတွေ အပါအဝင် စီးပွားရေး လုပ်ငန်း တချို့ကို ပိတ်ဖို့ တနလာၤနေ့မှာဘဲ ညွှန်ကြားခဲ့ပါတယ်။ လက်လီ အရောင်းဆိုင်တွေ၊ ဆံပင် အလှပြင်ဆိုင်တွေကိုတော့ ဆက်ပြီး ဖွင့်လှစ်ခွင့်ပြုထားပြီး လွတ်လပ်ရေးနေ့ အားလပ်ရပ်မှာ ပိတ်ထားတဲ့ ကမ်းခြေတွေကိုတော့ အင်္ဂါနေ့မှာ ပြန်ဖွင့်မှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှု ပြန်များလာတဲ့ နယူးယောက်မှာတော့ လက်သည်း ခြေသည်း အလှပြင်ဆိုင်တွေ တနလာၤနေ့က ပြန်ဖွင့်ပေမယ့် စားသောက်ဆိုင်တွေထဲမှာ ခင်းကျင်းရောင်းချခွင့်ကိုတော့ အကန့်အသတ် မရှိ ဆိုင်းငံ့လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)





XS
SM
MD
LG