သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏိၵယ ကိုဗစ္ကူးစက္မႈ ကမာၻ႔တတိယအမ်ားဆံုးႏိုင္ငံျဖစ္လာ


အိႏၵိယႏိုင္ငံ Mumbai ၿမိဳ႕မွာ COVID 19 လူနာကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ေမ ၂၈ ၊၂၀၂၀)

[Zawgyi/Unicode]

India ႏိုင္ငံမွာ တနလၤာေန႔မွာ COVID-19 ေရာဂါ ဓါတ္ခဲြအတည္ျပဳသူ ၂၃,၀၀၀ ေက်ာ္ အသစ္ရွိလာၿပီး ေရာဂါရွိသူေပါင္း ၇၀၀,၀၀၀ နီးပါးျဖစ္လာတဲ့အတြက္ စုစုေပါင္း အတည္ျပဳလူနာ ကမာၻမွာ တတိယအမ်ားဆံုး ႏိုင္ငံျဖစ္သြားပါတယ္။ အရင္က ႐ု႐ွားက တတိယေနရာမွာ ႐ွိေနတာပါ။ ဒုတိယကေတာ့ Brazil ႏိုင္ငံျဖစ္ပါတယ္။

India ရဲ႕လူဦးေရ အထူထပ္ဆံုး Uttar Pradesh ျပည္နယ္ထဲက Agra ၿမိဳ႕မွာ Taj Mahal ဂူဗိမၼာန္အပါအဝင္ အထင္ကရ အေဆာက္ဦးေတြ၊ ေနရာေတြ၊ စီးပြားေရးလုပ္ငန္းေတြ ပိတ္ထားဖို႔ကန္႔သတ္ခ်က္ကို ဆက္ၿပီး သက္တမ္းတုိးလိုက္ပါတယ္။ Taj Mahal အပါအဝင္ ကမာၻလွည့္ဧည့္သည္ေတြ အသြားမ်ားတဲ့ ေနရာေတြကို မတ္လထဲက ပိတ္ထားတာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ ကမာၻ႕က်န္းမာေရးအဖဲြ႔ WHO အေနနဲ႔ ေလထဲကေန ကူးစက္ႏိုင္တဲ့ ေရာဂါနဲ႔ပါတ္သက္လို႔ လမ္းၫႊန္ခ်က္ေတြကို ေနာက္ဆံုးအေျခအေနနဲ႔အညီ ျပင္ဆင္ဖုိ႔ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံက သိပၸံပညာ႐ွင္ ၂၄၀ နီးပါးက ေတာင္းဆိုလိုက္ၾကပါတယ္။ COVID-19 ေရာဂါပိုးက ေလထဲမွာ အခ်ိန္ၾကာၾကာ ပ်ံ႕လြင့္ႏိုင္ၿပီး အဲဒီေသးငယ္တဲ့ အမႈန္အမႊားေလးေတြက လူေတြကို ကူးစက္ႏိုင္တဲ့ အေထာက္အထားေတြ ေတြ႔ရတယ္လို႔ သိပၸံပညာ႐ွင္ ၂၃၉ ေယာက္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယ ကိုဗစ်ကူးစက်မှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံဖြစ်လာ

India နိုင်ငံမှာ တနင်္လာနေ့မှာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုသူ ၂၃,၀၀၀ ကျော် အသစ်ရှိလာပြီး ရောဂါရှိသူပေါင်း ၇၀၀,၀၀၀ နီးပါးဖြစ်လာတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ကမ္ဘာမှာ တတိယအများဆုံး နိုင်ငံဖြစ်သွားပါတယ်။ အရင်က ရုရှားက တတိယနေရာမှာ ရှိနေတာပါ။ ဒုတိယကတော့ Brazil နိုင်ငံဖြစ်ပါတယ်။

India ရဲ့လူဦးရေ အထူထပ်ဆုံး Uttar Pradesh ပြည်နယ်ထဲက Agra မြို့မှာ Taj Mahal ဂူဗိမ္မာန်အပါအဝင် အထင်ကရ အဆောက်ဦးတွေ၊ နေရာတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားဖို့ကန့်သတ်ချက်ကို ဆက်ပြီး သက်တမ်းတိုးလိုက်ပါတယ်။ Taj Mahal အပါအဝင် ကမ္ဘာလှည့်ဧည့်သည်တွေ အသွားများတဲ့ နေရာတွေကို မတ်လထဲက ပိတ်ထားတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါနဲ့ပါတ်သက်လို့ လမ်းညွှန်ချက်တွေကို နောက်ဆုံးအခြေအနေနဲ့အညီ ပြင်ဆင်ဖို့ နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၄၀ နီးပါးက တောင်းဆိုလိုက်ကြပါတယ်။ COVID-19 ရောဂါပိုးက လေထဲမှာ အချိန်ကြာကြာ ပျံ့လွင့်နိုင်ပြီး အဲဒီသေးငယ်တဲ့ အမှုန်အမွှားလေးတွေက လူတွေကို ကူးစက်နိုင်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ သိပ္ပံပညာရှင် ၂၃၉ ယောက်က ပြောပါတယ်။

XS
SM
MD
LG