(Zawgyi / Unicode)
ကမၻာ့ စတုတၳေျမာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆုံး အိႏၵိယႏိုင္ငံမွာ ကုိဗစ္လူနာသစ္ေတြ သိသိသာသာ ထပ္တိုးလာၿပီး တနဂၤေႏြ တရက္တည္းမွာ ကူးစက္မႈအသစ္ ၂၅,၀၀၀ နီးပါးရွိၿပီး ေသဆုံးသူ ၆၁၀ ေက်ာ္ရွိေၾကာင္း အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
အခုဆိုရင္ အိႏၵိယႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေပါင္း ၆၇၃,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၁၉,၀၀၀ ေက်ာ္ရွိပါတယ္။
ကူးစက္ေရာဂါ ကုသေရးအတြက္ နယူးေဒလီၿမဳိ႕ေတာ္မွာ ကုတင္ ၁၀,၀၀၀ နဲ႔ အႀကီးက်ယ္ ကုသမႈ ေပးေနပါတယ္။
နယူးေဒလီ ဆင္ေျခဖုံးမွာေတာ့ ေဘာလုံးကြင္း ၂၀ စာေလာက္ရွိတဲ့ ကုသေရးေနရာေတြမွာ ေရာဂါလကၡဏာ အေပ်ာ့စားနဲ႔ လကၡဏာမျပဘဲ ကူးစက္ထားသူေတြကို ကုစားေနတာပါ။
လူဦးေရ ၂၅ သန္းေလာက္ရွိတဲ့ နယူးေဒလီမွာ ဒီလကုန္ပိုင္းေရာက္ရင္ ကိုဗစ္ကူးစက္တဲ့ လူနာေပါင္း ၅၀၀,၀၀၀ ေက်ာ္ထိ ျမင့္တက္လာႏုိင္တာကို အစိုးရက စိုးရိမ္ေနပါတယ္။
နယူးေဒလီက တခ်ဳိ႕ဟိုတယ္ေတြကုိ ကိုဗစ္ ကုသေရးစင္တာအျဖစ္ ေျပာင္းလဲ အသုံးျပဳလာေနၾကပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ အသြားအလာ ကန္႔သတ္ထားတာကို တျဖည္းျဖည္းခ်င္း ျပန္႐ုပ္သိမ္းခဲ့ၿပီးေနာက္ အိႏၵိယမွာ ကူးစက္မႈအသစ္ေတြ တုိးလာေနတာ ျဖစ္ပါတယ္။ အခုဆိုရင္ အိႏၵိယဟာ ကမၻာမွာ ကိုဗစ္လူနာ တတိယအမ်ားဆုံး ႐ုရွားႏုိင္ငံကိုေတာင္ ေက်ာ္တက္လုနီးပါး ျဖစ္လာေနပါတယ္။
-------------------------------
(Unicode)
အိန္ဒိယမှာ တနင်္ဂနွေနေ့က COVID ကူးစက်မှု စံချိန်တင်မြင့်တက်
ကမ္ဘာ့ စတုတ္ထမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး အိန္ဒိယနိုင်ငံမှာကိုဗစ်လူနာသစ်တွေ သိသိသာသာ ထပ်တိုးလာပြီး တနင်္ဂနွေ တရက်တည်းမှာ ကူးစက်မှုအသစ် ၂၅,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၆၁၀ ကျော်ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှုပေါင်း ၆၇၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၉,၀၀၀ ကျော်ရှိပါတယ်။
ကူးစက်ရောဂါ ကုသရေးအတွက် နယူးဒေလီမြို့တော်မှာ ကုတင် ၁၀,၀၀၀ နဲ့ အကြီးကျယ် ကုသမှု ပေးနေပါတယ်။
နယူးဒေလီ ဆင်ခြေဖုံးမှာတော့ ဘောလုံးကွင်း ၂၀ စာလောက်ရှိတဲ့ ကုသရေးနေရာတွေမှာ ရောဂါလက္ခဏာ အပျော့စားနဲ့ လက္ခဏာမပြဘဲ ကူးစက်ထားသူတွေကို ကုစားနေတာပါ။
လူဦးရေ ၂၅ သန်းလောက်ရှိတဲ့ နယူးဒေလီမှာ ဒီလကုန်ပိုင်းရောက်ရင် ကိုဗစ်ကူးစက်တဲ့ လူနာပေါင်း ၅၀၀,၀၀၀ ကျော်ထိ မြင့်တက်လာနိုင်တာကို အစိုးရက စိုးရိမ်နေပါတယ်။
နယူးဒေလီက တချို့ဟိုတယ်တွေကို ကိုဗစ် ကုသရေးစင်တာအဖြစ် ပြောင်းလဲ အသုံးပြုလာနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ်ထားတာကို တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းခဲ့ပြီးနောက် အိန္ဒိယမှာ ကူးစက်မှုအသစ်တွေ တိုးလာနေတာ ဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒိယဟာ ကမ္ဘာမှာ ကိုဗစ်လူနာ တတိယအများဆုံး ရုရှားနိုင်ငံကိုတောင် ကျော်တက်လုနီးပါး ဖြစ်လာနေပါတယ်။