သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္သူ ၅ သိန္းနီးပါး ရွိသြားၿပီ


အိႏၵိယႏိုင္ငံ Siliguri ၿမိဳ႕မွာ ေတြ႔ရတဲ့ ပိုးသတ္ေဆးဖ်န္းေနတဲ့ မီးသတ္တပ္ဖဲြ႔၀င္တခ်ိဳ႕။ (ဇြန္ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ဟာ ၁၇,၂၉၆ ရွိၿပီး ေနာက္ထပ္စံခိ်န္တင္ခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါကူးစက္သူအေရအတြက္ဟာ ၅၀၀,၀၀၀ နီးပါးရွိသြားၿပီျဖစ္ပါတယ္။

ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ပုံမွန္ေျပးဆဲြေနၾက ရထားခရီးစဥ္ေတြ ျပန္စဖို႔လုပ္ေနတာေတြလည္း ၁ လေက်ာ္ၾကာ ေနာက္က်ေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ေသဆုံးသူ ၄၀၇ ေယာက္ရွိ တာေၾကာင့္အခုဆုိရင္ ေသဆုံးသူအေရအတြက္ဟာ ၁၅,၃၀၁ ေယာက္ထက္မနည္း ရွိသြားၿပီလို႔လည္း အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာေတာ့ေနာက္ထပ္ ဗုိ္င္းရပ္ကူးစက္ခံရသူ ၃၇ ေယာက္ရွိၿပီး အဲဒီထဲက ၃၀ က ဗစ္တုိးရီးယားျပည္နယ္က ျဖစ္ပါတယ္။ ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔ အာဏာပိုင္ေတြက အပူတျပင္းႀကိဳးပမ္းေနၿပီး Melbourne ၿမိဳ႕ ဆင္ေျခဖုံးေဒသေတြမွာ လူ ၂၀,၀၀၀ ေလာက္ကို မေန႔က ဗုိင္းရပ္စ္စစ္ေဆးခဲ့တယ္လို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ဒီကေန႔မွာ ကို႐ုိနာဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၉ ေယာက္ရွိၿပီး အမ်ားစုက ဆုိးလ္ၿမိဳ႕ေဒသတ၀ုိက္ကျဖစ္တယ္လို အာဏာပိုင္ေတြက ေျပာပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ကူးစက္သူအေရအတြက္ က်ဆင္းသြားၿပီး ၁၃ ေယာက္ပဲ ရွိတယ္လို႔ ေျပာပါတယ္။ အဲဒီထဲက ၁၁ ေယာက္ကေတာ့ ေဘဂ်င္းၿမိဳ႕က ျဖစ္ၿပီး ၂ ေယာက္ကေတာ့ ျပည္ပႏုိင္ငံက ျပန္လာတဲ့ တ႐ုတ္ႏုိင္ငံသားျဖစ္တယ္လို႔ တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာင္စီက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ COVID-19 ကူးစက်သူ ၅ သိန်းနီးပါး ရှိသွားပြီ

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၁၇,၂၉၆ ရှိပြီး နောက်ထပ်စံချိန်တင်ခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်သူအရေအတွက်ဟာ ၅၀၀,၀၀၀ နီးပါးရှိသွားပြီဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ပုံမှန်ပြေးဆွဲနေကြ ရထားခရီးစဉ်တွေ ပြန်စဖို့လုပ်နေတာတွေလည်း ၁ လကျော်ကြာ နောက်ကျနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၄၀၇ ယောက်ရှိ တာကြောင့်အခုဆိုရင် သေဆုံးသူအရေအတွက်ဟာ ၁၅,၃၀၁ ယောက်ထက်မနည်း ရှိသွားပြီလို့လည်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာတော့နောက်ထပ် ဗိုင်းရပ်ကူးစက်ခံရသူ ၃၇ ယောက်ရှိပြီး အဲဒီထဲက ၃၀ က ဗစ်တိုးရီးယားပြည်နယ်က ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေက အပူတပြင်းကြိုးပမ်းနေပြီး Melbourne မြို့ ဆင်ခြေဖုံးဒေသတွေမှာ လူ ၂၀,၀၀၀ လောက်ကို မနေ့က ဗိုင်းရပ်စ်စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီကနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၉ ယောက်ရှိပြီး အများစုက ဆိုးလ်မြို့ဒေသတဝိုက်ကဖြစ်တယ်လို အာဏာပိုင်တွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ကျဆင်းသွားပြီး ၁၃ ယောက်ပဲ ရှိတယ်လို့ ပြောပါတယ်။ အဲဒီထဲက ၁၁ ယောက်ကတော့ ဘေဂျင်းမြို့က ဖြစ်ပြီး ၂ ယောက်ကတော့ ပြည်ပနိုင်ငံက ပြန်လာတဲ့ တရုတ်နိုင်ငံသားဖြစ်တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကောင်စီက ပြောပါတယ်။

XS
SM
MD
LG