သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေဒလီၿမိဳ႕ေတာ္ လူဦးေရ ၂၉ သန္း COVID-19 စစ္တမ္းေကာက္မယ္


အိႏိၵယႏိုင္ငံ Mumbai ၿမိဳ႕မွာ အိမ္တိုင္ယာေရာက္ က်န္းမာေရးစစ္တမ္းေကာက္ယူေနတဲ့ က်န္းမာေရး၀န္ထမ္းတခ်ိဳ႕။ (ဇြန္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ ရွိတဲ့ လူဦးေရ ၂၉ သန္းစလုံးကို ကုိ႐ိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီးေတာ့ စစ္တမ္းေတြ ေကာက္ယူသြားမယ္လို႔ အိႏၵိယႏုိင္ငံက ေျပာလိုက္ပါတယ္။

ၿမိဳ႕မွာ ေနထုိင္တဲ့သူ တေယာက္ခ်င္းစီရဲ႕ က်န္းမာေရးအေျခအေနကို သိႏုိင္ဖို႔အတြက္ မိသားစုတခုခ်င္းစီကို စစ္တမ္းေတြ ေကာက္ယူမွာျဖစ္ၿပီး ေရာဂါ လကၡဏာျပတဲ့သူ ဒါမွမဟုတ္ ရွိတယ္လို႔ သတင္းေပးတဲ့သူေတြကို ဗုိင္းရပ္စ္ စစ္ေဆးမႈေတြ လုပ္ေပးသြားမွာျဖစ္ပါ တယ္။

နယူးေဒလီအာဏာပိုင္ေတြရဲ႕ အဆုိအရေတာ့ လာမယ့္ ဇူလိုင္ ၆ ရက္ေန႔မွာ အၿပီးလုပ္သြားမွာျဖစ္ပါတယ္။ နယူးေဒလီၿမိဳ႕ဟာ အိႏၵိယႏုိင္ငံမွာ ေရာဂါကူးစက္မႈ အဆုိးဆုံးေနရာျဖစ္ၿပီး ဗုိင္းရပ္စ္ကူးစက္မႈေပါင္း ၇၀,၀၀၀ ေက်ာ္ရွိပါတယ္။

အိႏၵိယႏုိင္ငံတဝန္းမွာ ဒီေန႔ ေရာက္ဂါကူးစက္သူ ၁၆,၉၂၂ ေယာက္ ရွိတာေၾကာင့္ ေနာက္ထပ္စံခ်ိန္တင္ခဲ့ၿပီး၊ အခုဆုိရင္ တနုိင္ငံလုံးမွာ ေရာဂါကူးစက္သူေပါင္း ၄၇၃,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၁၆,၉၂၂ ေယာက္ထက္မနည္း ရွိပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၁၉ ေယာက္ရွိၿပီး ၁၃ ေယာက္ကေတာ့ ေဘဂ်င္းၿမိဳ႕ကျဖစ္ပါတယ္။ အခုတေလာ ဗုိင္းရပ္စ္ကူးစက္မႈေတြျပန္ျဖစ္လာေနတဲ့ ေဘဂ်င္းၿမိဳ႕မွာ ဗုိင္းရပ္စ္ရွိ၊ မရွိ စစ္ေဆးမႈေတြကို အႀကီးအက်ယ္လုပ္ေဆာင္ေနပါတယ္။

ေနာက္ထပ္ကူးစက္သူေတြထဲမွာ ၅ ေယာက္က ျပည္ပက ကူးစက္လာသူေတြျဖစ္ၿပီး တစ္ေယာက္က ေပဂ်င္းၿမိဳ႕နားက Hebei ျပည္နယ္ကျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ေနာက္ထပ္ေရာဂါကူးစက္ခံရသူ ၂၈ ေယာက္ရွိၿပီး အမ်ားစုက ဆုိးလ္ၿမိဳ႕တ၀ိုက္ကျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာင္ကိုရီးယားမွာ ေရာဂါကူးစက္ခံရသူ ၁၂,၅၆၃ ေယာက္နဲ႔ေသဆုံးသူ ၂၈၂ ေယာက္ထက္မနည္း ရွိသြားၿပီျဖစ္ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံ ဗစ္တုိးရီးယားျပည္နယ္မွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ေနာက္ထပ္ ကူးစက္ခံရသူ ၃၃ ေယာက္ရွိတာေၾကာင့္ ဒါဟာ ၂ လအတြင္းမွာ ေန႔စဥ္ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္ ၾသစေၾတးလ်က်န္းမာေရးအာဏာပိုင္ေတြဟာ Melbourne ၿမိဳ႕ ဆင္ေျခဖုံးက ၿမိဳ႕ခံ ၁၀၀,၀၀၀ ေက်ာ္ကို ဗုိင္းရပ္စ္ရွိ၊ မရွိ တအိမ္တက္ဆင္း စမ္းသပ္စစ္ေဆးဖို႔ စီစဥ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယူးဒေလီမြို့တော် လူဦးရေ ၂၉ သန်း COVID-19 စစ်တမ်းကောက်မယ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ရှိတဲ့ လူဦးရေ ၂၉ သန်းစလုံးကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ စစ်တမ်းတွေ ကောက်ယူသွားမယ်လို့ အိန္ဒိယနိုင်ငံက ပြောလိုက်ပါတယ်။

မြို့မှာ နေထိုင်တဲ့သူ တယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေကို သိနိုင်ဖို့အတွက် မိသားစုတခုချင်းစီကို စစ်တမ်းတွေ ကောက်ယူမှာဖြစ်ပြီး ရောဂါ လက္ခဏာပြတဲ့သူ ဒါမှမဟုတ် ရှိတယ်လို့ သတင်းပေးတဲ့သူတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ပေးသွားမှာဖြစ်ပါ တယ်။

နယူးဒေလီအာဏာပိုင်တွေရဲ့ အဆိုအရတော့ လာမယ့် ဇူလိုင် ၆ ရက်နေ့မှာ အပြီးလုပ်သွားမှာဖြစ်ပါတယ်။ နယူးဒေလီမြို့ဟာ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်မှု အဆိုးဆုံးနေရာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၇၀,၀၀၀ ကျော်ရှိပါတယ်။

အိန္ဒိယနိုင်ငံတဝန်းမှာ ဒီနေ့ ရောက်ဂါကူးစက်သူ ၁၆,၉၂၂ ယောက် ရှိတာကြောင့် နောက်ထပ်စံချိန်တင်ခဲ့ပြီး၊ အခုဆိုရင် တနိုင်ငံလုံးမှာ ရောဂါကူးစက်သူပေါင်း ၄၇၃,၀၀၀ ကျော် နဲ့ သေဆုံးသူ ၁၆,၉၂၂ ယောက်ထက်မနည်း ရှိပါတယ်။

တရုတ်နိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၁၉ ယောက်ရှိပြီး ၁၃ ယောက်ကတော့ ဘေဂျင်းမြို့ကဖြစ်ပါတယ်။ အခုတလော ဗိုင်းရပ်စ်ကူးစက်မှုတွေပြန်ဖြစ်လာနေတဲ့ ဘေဂျင်းမြို့မှာ ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးမှုတွေကို အကြီးအကျယ်လုပ်ဆောင်နေပါတယ်။

နောက်ထပ်ကူးစက်သူတွေထဲမှာ ၅ ယောက်က ပြည်ပက ကူးစက်လာသူတွေဖြစ်ပြီး တစ်ယောက်က ပေဂျင်းမြို့နားက Hebei ပြည်နယ်ကဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ နောက်ထပ်ရောဂါကူးစက်ခံရသူ ၂၈ ယောက်ရှိပြီး အများစုက ဆိုးလ်မြို့တဝိုက်ကဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားမှာ ရောဂါကူးစက်ခံရသူ ၁၂,၅၆၃ ယောက်နဲ့သေဆုံးသူ ၂၈၂ ယောက်ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်နောက်ထပ် ကူးစက်ခံရသူ ၃၃ ယောက်ရှိတာကြောင့် ဒါဟာ ၂ လအတွင်းမှာ နေ့စဉ်ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် သြစတြေးလျကျန်းမာရေးအာဏာပိုင်တွေဟာ Melbourne မြို့ ဆင်ခြေဖုံးက မြို့ခံ ၁၀၀,၀၀၀ ကျော်ကို ဗိုင်းရပ်စ်ရှိ၊ မရှိ တအိမ်တက်ဆင်း စမ်းသပ်စစ်ဆေးဖို့ စီစဉ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG