သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္တင္အေမရိကေဒသ ကမာၻ႔ COVID-19 ကူးစက္မႈ ဗဟိုခ်က္ျဖစ္လာ


အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ နယူးေယာက္ၿမိဳ႕ Times Square အနီးမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇြန္ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

လက္တင္အေမရိကနုိင္ငံေတြမွာ COVID-19 ေၾကာင့္ ေသဆုံးတဲ့သူအေရအတြက္ဟာ ၁၀၀,၀၀၀ ေက်ာ္ျဖစ္လာတာေၾကာင့္ ဒီေဒသဟာ ကမာၻၻေပၚမွာ အခုေနာက္ဆုံး ဗုိင္းရပ္စ္ကူးစက္မႈ အဓိကေနရာျဖစ္ ျဖစ္လာေနပါတယ္။ Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းေတြအရေတာ့ အဲဒီေသဆုံးသူေတြထဲက ထက္၀က္ေက်ာ္ဟာ ဘရာဇီးႏုိင္ငံကျဖစ္ၿပီး ဘရာဇီးလ္မွာ ေသဆုံးသူ စုစုေပါင္း ၅၄,၀၀၀ ေလာက္ရွိတယ္လို႔ ဆုိပါတယ္။

ဒါေပမဲ့လည္း အေမရိကန္ျပည္ေထာင္စုကေတာ့ ဗုိင္းရပ္စ္ကူးစက္သူဦးေရ ၂.၃ သန္းေက်ာ္၊ ေသဆုံးသူ ၁၂၁,၀၀၀ ေက်ာ္ နဲ႔ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈအမ်ားဆုံးနဲ႔ ေသဆုံးမႈ အမ်ားဆုံးႏုိင္ငံအျဖစ္ ဦးေဆာင္ေနပါတယ္။

အခုေလာေလာဆယ္ ကမာၻတ၀န္းမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ဟာ ၉.၃ သန္းေက်ာ္ရွိၿပီး ေရွ႕လာမယ့္သီတင္းပတ္ အတြင္းမွာေတာ့ ၁၀ သန္းေက်ာ္အထိ သိသိသာသာ တက္သြားနုိင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus က ေျပာပါတယ္။

WHO ရဲ႕ အေရးေပၚဆုိင္ရာအႀကီးအကဲ Dr. Mike Ryan နဲ႔ WHO အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus
WHO ရဲ႕ အေရးေပၚဆုိင္ရာအႀကီးအကဲ Dr. Mike Ryan နဲ႔ WHO အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus

ဒါ့အျပင္ WHO ရဲ႕ အေရးေပၚဆုိင္ရာအႀကီးအကဲ Dr. Mike Ryan အေမရိကတုိက္ႏုိ္င္ငံအေတာ္မ်ားမ်ားဟာ ေရာဂါကူးစက္မႈ အျမင့္ဆုံးအဆင့္ကို မေရာက္ၾကေသးဘဲ အထူးသျဖင့္ ေတာင္အေမရိကနဲ႔ အလယ္အေမရိကေဒသေတြမွာ ေရာဂါကူးစက္မႈေတြက ျပင္းျပင္းထန္ထန္ ျဖစ္ေနတုန္းပဲလို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ တပတ္အတြင္း အဲဒီေဒသကႏုိင္ငံအေတာ္မ်ားမ်ားမွာ ေရာဂါကူးစက္မႈ ၂၅ ရာခိုင္ႏႈန္းကေန ၅၀ ရာခိုင္ႏႈန္းအထိ တက္သြားတယ္လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စု ျပည္နယ္အသီးသီးမွာလည္း ဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ကန္႔သတ္မႈေတြကို ဆက္လက္ေျဖေလ်ာ့လာေနေပမဲ့ ဗုိင္းရပ္စ္ကူးစက္မႈေတြ ထပ္တုိးလာတဲ့ အရိပ္လကၡဏာသစ္ေတြ ေတြ႔လာေနရပါတယ္။ အေမရိကန္မွာ ၿပီးခဲ့တဲ့ မတ္လ ေရာဂါကူးစက္မႈ စျဖစ္ခ်ိန္ကစၿပီး Arizona, Arkansas, California, North Carolina, South Carolina, Tennessee နဲ႔ Texas ျပည္နယ္ ၇ ခု မွာ ေရာဂါကူးစက္မႈ အျမင့္ဆုံးအဆင့္ကို ေရာက္ခဲ့တယ္လို႔ ၀ါရွင္တန္ပို႔စ္သတင္းစာက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လက်တင်အမေရိကဒေသ ကမ္ဘာ့ COVID-19 ကူးစက်မှု ဗဟိုချက်ဖြစ်လာ

လက်တင်အမေရိကနိုင်ငံတွေမှာ COVID-19 ကြောင့် သေဆုံးတဲ့သူအရေအတွက်ဟာ ၁၀၀,၀၀၀ ကျော်ဖြစ်လာတာကြောင့် ဒီဒေသဟာ ကမ္ဘ္ဘာပေါ်မှာ အခုနောက်ဆုံး ဗိုင်းရပ်စ်ကူးစက်မှု အဓိကနေရာဖြစ် ဖြစ်လာနေပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရတော့ အဲဒီသေဆုံးသူတွေထဲက ထက်ဝက်ကျော်ဟာ ဘရာဇီးနိုင်ငံကဖြစ်ပြီး ဘရာဇီးလ်မှာ သေဆုံးသူ စုစုပေါင်း ၅၄,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုကတော့ ဗိုင်းရပ်စ်ကူးစက်သူဦးရေ ၂.၃ သန်းကျော်၊ သေဆုံးသူ ၁၂၁,၀၀၀ ကျော် နဲ့ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ဦးဆောင်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus

အခုလောလောဆယ် ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၉.၃ သန်းကျော်ရှိပြီး ရှေ့လာမယ့်သီတင်းပတ် အတွင်းမှာတော့ ၁၀ သန်းကျော်အထိ သိသိသာသာ တက်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က ပြောပါတယ်။

ဒါ့အပြင် WHO ရဲ့ အရေးပေါ်ဆိုင်ရာအကြီးအကဲ Dr. Mike Ryan အမေရိကတိုက်နိုင်ငံအတော်များများဟာ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့်ကို မရောက်ကြသေးဘဲ အထူးသဖြင့် တောင်အမေရိကနဲ့ အလယ်အမေရိကဒေသတွေမှာ ရောဂါကူးစက်မှုတွေက ပြင်းပြင်းထန်ထန် ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း အဲဒီဒေသကနိုင်ငံအတော်များများမှာ ရောဂါကူးစက်မှု ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တက်သွားတယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာလည်း ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေကို ဆက်လက်ဖြေလျော့လာနေပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ ထပ်တိုးလာတဲ့ အရိပ်လက္ခဏာသစ်တွေ တွေ့လာနေရပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ မတ်လ ရောဂါကူးစက်မှု စဖြစ်ချိန်ကစပြီး Arizona, Arkansas, California, North Carolina, South Carolina, Tennessee နဲ့ Texas ပြည်နယ် ၇ ခု မှာ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ပြောပါတယ်။

XS
SM
MD
LG