(Zawgyi/Unicode)
ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈဟာ အခုအခါမွာ ကမာၻတလႊား လူေပါင္း ၉ .၃ သန္းေလာက္ ျဖစ္ေနၿပီး ေရွ႕သီတင္းပတ္ထဲေလာက္ဆို ဆယ္သန္းေလာက္ ျဖစ္လာႏိုင္တယ္လို႔ သူခန္႔မွန္းေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။
“လာမယ့္ သီတင္းပတ္ထဲမွာဆို အကူးစက္ခံရသူက ဆယ္သန္းေလာက္ ျဖစ္လာမယ္လို႔ ခန္႔မွန္းရပါတယ္။ ကာကြယ္ေဆးနဲ႔ ကုသေဆးေတြရဖို႔ သုေတသနေတြ ဆက္လုပ္ေနခ်ိန္မ်ိဳးမွာ၊ ဒီေရာဂါ ကူးစက္မႈေလ်ာ့က်ၿပီး အသက္ေတြကယ္ႏိုင္မယ့္ နည္းလမ္းေတြကို လိုက္နာက်င့္သံုးဖို႔ အေရးတႀကီး လိုအပ္ေနၿပီဆိုတာကို ဒါက သတိေပးလိုက္တာလည္း ျဖစ္ပါတယ္”
လို႔ WHO သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။
ေဆာဒီအာေရဗ် ႏိုင္ငံက သူတို႔ဆီမွာ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ မြတ္စလင္ေတြရဲ့ Haj ပြဲေတာ္ကို ဘုရားဖူးေတြ မလာဖို႔ တားျမစ္လိုက္တာဟာ ကိုရိုနာဗုိင္းရပ္စ္ ျပန္႔ပြားမႈ ေလ်ာ့ပါးေစဖုိ႔ အေထာက္အကူရတဲ့ အတြက္ ေထာက္ခံေၾကာင္း လည္း WHO အႀကီးအကဲက ေျပာပါတယ္။
ႏိုင္ငံအမ်ားအျပားမွာ ဒီေရာဂါ အကူးစက္ခံရသူေတြ အသက္ဝဝရႈလို႔ ရေအာင္ လုပ္ေပးတဲ့ ေအာက္ဆီဂ်င္ေပးတဲ့ စက္ေတြ ရဖို႔ အခက္အခဲေတြ ျဖစ္ေနတာေၾကာင့္ WHO က အေထာက္အပံ့ေပးေနရေၾကာင္းနဲ႔ လိုအပ္ခ်က္က ေပးႏိုင္တာထက္ မ်ားေနတယ္လို႔လည္း ေျပာပါတယ္။
WHO အေရးေပၚအစီအစဥ္ ဆိုင္ရာ အႀကီးအကဲ Dr Mike Ryan ကလည္း အေမရိကတိုက္က ႏိုင္ငံအမ်ားအျပားမွာ အထူးသျဖင့္ အေမရိကတိုက္ ေတာင္ပိုင္းနဲ႔ အလယ္ပိုင္း ေဒသေတြမွာ အခုအခ်ိန္အထိ ကူးစက္မႈက အျမင့္မားဆံုး အေျခေနကို မေရာက္ေသးတဲ့ အတြက္ အထူးသတိထားေနရဆဲ ျဖစ္ၾကာင္း ေျပာပါတယ္။
ဒါေၾကာင့္ ဒီေရာဂါ ကူးစက္သူ နဲ႔ ေသဆံုးသူ အေရအတြက္ဟာ လာမယ့္ သီတင္းပတ္ထဲမွာ ပိုမ်ားလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။
အဲဒီေဒသတြင္း ႏုိင္ငံေတြမွာ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ေရာဂါအကူးစက္ခံရသူ ၂၅ ရာခိုင္ႏႈန္း ကေန ၅၀ ရာခိုင္ႏႈန္း ေလာက္ တိုးလာခဲ့တယ္လို႔လည္း ေျပာပါတယ္။
............
နောက်သီတင်းပတ်အတွင်း ကမ္ဘာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၀ သန်းထိ တိုးလာဖို့ရှိ (WHO)
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ အခုအခါမှာ ကမ္ဘာတလွှား လူပေါင်း ၉ .၃ သန်းလောက် ဖြစ်နေပြီး ရှေ့သီတင်းပတ်ထဲလောက်ဆို ဆယ်သန်းလောက် ဖြစ်လာနိုင်တယ်လို့ သူခန့်မှန်းကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
“လာမယ့် သီတင်းပတ်ထဲမှာဆို အကူးစက်ခံရသူက ဆယ်သန်းလောက် ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။ ကာကွယ်ဆေးနဲ့ ကုသဆေးတွေရဖို့ သုတေသနတွေ ဆက်လုပ်နေချိန်မျိုးမှာ၊ ဒီရောဂါ ကူးစက်မှုလျော့ကျပြီး အသက်တွေကယ်နိုင်မယ့် နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို ဒါက သတိပေးလိုက်တာလည်း ဖြစ်ပါတယ်”
လို့ WHO သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဆောဒီအာရေဗျ နိုင်ငံက သူတို့ဆီမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မွတ်စလင်တွေရဲ့ Haj ပွဲတော်ကို ဘုရားဖူးတွေ မလာဖို့ တားမြစ်လိုက်တာဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု လျော့ပါးစေဖို့ အထောက်အကူရတဲ့ အတွက် ထောက်ခံကြောင်း လည်း WHO အကြီးအကဲက ပြောပါတယ်။
နိုင်ငံအများအပြားမှာ ဒီရောဂါ အကူးစက်ခံရသူတွေ အသက်ဝဝရှုလို့ ရအောင် လုပ်ပေးတဲ့ အောက်ဆီဂျင်ပေးတဲ့ စက်တွေ ရဖို့ အခက်အခဲတွေ ဖြစ်နေတာကြောင့် WHO က အထောက်အပံ့ပေးနေရကြောင်းနဲ့ လိုအပ်ချက်က ပေးနိုင်တာထက် များနေတယ်လို့လည်း ပြောပါတယ်။
WHO အရေးပေါ်အစီအစဉ် ဆိုင်ရာ အကြီးအကဲ Dr Mike Ryan ကလည်း အမေရိကတိုက်က နိုင်ငံအများအပြားမှာ အထူးသဖြင့် အမေရိကတိုက် တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ အခုအချိန်အထိ ကူးစက်မှုက အမြင့်မားဆုံး အခြေနေကို မရောက်သေးတဲ့ အတွက် အထူးသတိထားနေရဆဲ ဖြစ်ကြာင်း ပြောပါတယ်။
ဒါကြောင့် ဒီရောဂါ ကူးစက်သူ နဲ့ သေဆုံးသူ အရေအတွက်ဟာ လာမယ့် သီတင်းပတ်ထဲမှာ ပိုများလာနိုင်တယ်လို့လည်း ပြောပါတယ်။
အဲဒီဒေသတွင်း နိုင်ငံတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရောဂါအကူးစက်ခံရသူ ၂၅ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်း လောက် တိုးလာခဲ့တယ်လို့လည်း ပြောပါတယ်။