သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါ ႀကံဳေနရခ်ိန္ မကၠဆီကို နယ္စပ္ တံတိုင္းသစ္ သမၼတ Trump သြားေရာက္ စစ္ေဆး


မကၠဆီကို နယ္စပ္ တံတိုင္းသစ္ သမၼတ Trump သြားေရာက္ စစ္ေဆး

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္မႈ အေျခေနဟာ ဆိုးဝါးေနဆဲ ျဖစ္ေနေပမယ့္ သမၼတ ေဒၚနယ္ထရမ့္ကေတာ့ နယ္စပ္စည္းရိုးခတ္တဲ့ အေျခေနကို စစ္ေဆးဖို႔ နဲ႔ ႏိုင္ငံေရး ေဟာေျပာမႈေတြ လုပ္ဖို႔ အေမရိကန္အေနာက္ေတာင္ပိုင္းက Arizona ျပည္နယ္ကို သြားေနပါၿပီ။

မကၠဆီကိုနယ္စပ္မွာ ရွိတဲ့ အရီဇိုးနားျပည္နယ္ ၊ယူးမားၿမိဳ႕နယ္က San Luis ၿမိဳ႕ မွာ အသစ္ ေဆာက္လုပ္ထားတဲ့ နယ္စပ္ၿခံစည္းရိုးကို ယာယီ ျပည္ထဲေရးဝန္ႀကီး Chad Wolf နဲ႔ နယ္စပ္ကာကြယ္ေရးနဲ႔ အေကာက္ခြန္ဌာန ယာယီ အႀကီးအကဲ Mark Morgan တို႔နဲ႔အတူ စစ္ေဆးဖို႔ အဂၤါေန႔မွာပဲ သြားေရာက္ေနတာပါ။

နယ္စပ္တေလ ွ်ာက္ ၃၃၈ ကီလုိမီတာအရွည္ရွိတဲ့ ၿခံစည္းရိုးကို ၂၀၁၇ ဇန္နဝါရီလကတည္းက ေဆာက္လုပ္ၿပီးစီးၿပီျဖစ္ေၾကာင္း အစိုးရကေျပာၾကားခဲ့တာပါ။ ဒါေပမယ့္ အရင္တုန္းက အကာအရံမရွိတဲ့ ေနရာ အရွည္ ၄.၈ ကီလိုမီတာ ေလာက္မွာပဲ ၿခံစည္းရိုးကာထားတဲ့ ပံုေပၚေနပါတယ္။

သမၼတထရမ့္ဟာ ယူးမားၿမိဳ႕နယ္မွာ ေဒသတြင္း လူမႈ အသိုင္းဝို္င္း ေခါင္းေဆာင္ေတြ၊ အရာရွိေတြနဲ႔ နယ္စပ္လံုၿခံဳေရး ကိစၥ စကားဝိုင္းေဆြးေႏြးပြဲက်င္းပဖုိ႔ စီစဥ္ထားပါတယ္။

Arizona ျပည္နယ္မွာ ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း COVID-19 အကူးစက္ခံရသူ အေရအတြက္ ၂ ဆ တိုးလာခဲ့တာ ျဖစ္ၿပီး ယူးမားၿမိဳ႕နယ္ကေတာ့ ကူးစက္မႈ အမ်ားဆံုးရွိေနတဲ့ ေနရာေတြထဲက တခုလို႔ က်န္းမာေရး တာဝန္ခံေတြက ေျပာပါတယ္။

သမၼတထရမ့္ဟာ အဲဒီကေန Phoenix ၿမိဳ႕ကို ေလယာဥ္ပ်ံနဲ႔ သြားေရာက္ၿပီး လူေပါင္း ၃၀၀၀ ေက်ာ္ တက္ေရာက္မယ့္ ေဟာေျပာပြဲမွာ မဲဆြယ္မိန္႔ခြန္း ေျပာၾကားမွာ ျဖစ္ပါတယ္။ တက္ေရာက္မယ့္ သူ အမ်ားစုဟာ ထရမ့္အတြက္ ေက်ာင္းသားမ်ား "Students for Trump" လို႔ ေခၚတဲ့ အဖြဲ႔က ျဖစ္ပါတယ္။

လူထုၾကားသြားလာမႈ အတြက္ ႏွာေခါင္းစည္း မတပ္မေနရ ေဒသေတြထဲမွာ ယူးမားၿမိဳ႕နယ္ေရာ Phoenix ၿမိဳ႕ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

ကပ်ရောဂါ ကြုံနေရချိန် မက္ကဆီကို နယ်စပ် တံတိုင်းသစ် သမ္မတ Trump သွားရောက် စစ်ဆေး
(Unicode)

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု အခြေနေဟာ ဆိုးဝါးနေဆဲ ဖြစ်နေပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နယ်စပ်စည်းရိုးခတ်တဲ့ အခြေနေကို စစ်ဆေးဖို့ နဲ့ နိုင်ငံရေး ဟောပြောမှုတွေ လုပ်ဖို့ အမေရိကန်အနောက်တောင်ပိုင်းက Arizona ပြည်နယ်ကို သွားနေပါပြီ။

မက္ကဆီကိုနယ်စပ်မှာ ရှိတဲ့ အရီဇိုးနားပြည်နယ် ၊ယူးမားမြို့နယ်က San Luis မြို့ မှာ အသစ် ဆောက်လုပ်ထားတဲ့ နယ်စပ်ခြံစည်းရိုးကို ယာယီ ပြည်ထဲရေးဝန်ကြီး Chad Wolf နဲ့ နယ်စပ်ကာကွယ်ရေးနဲ့ အကောက်ခွန်ဌာန ယာယီ အကြီးအကဲ Mark Morgan တို့နဲ့အတူ စစ်ဆေးဖို့ အင်္ဂါနေ့မှာပဲ သွားရောက်နေတာပါ။

နယ်စပ်တလေ ျှာက် ၃၃၈ ကီလိုမီတာအရှည်ရှိတဲ့ ခြံစည်းရိုးကို ၂၀၁၇ ဇန်နဝါရီလကတည်းက ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း အစိုးရကပြောကြားခဲ့တာပါ။ ဒါပေမယ့် အရင်တုန်းက အကာအရံမရှိတဲ့ နေရာ အရှည် ၄.၈ ကီလိုမီတာ လောက်မှာပဲ ခြံစည်းရိုးကာထားတဲ့ ပုံပေါ်နေပါတယ်။

သမ္မတထရမ့်ဟာ ယူးမားမြို့နယ်မှာ ဒေသတွင်း လူမှု အသိုင်းဝိုင်း ခေါင်းဆောင်တွေ၊ အရာရှိတွေနဲ့ နယ်စပ်လုံခြုံရေး ကိစ္စ စကားဝိုင်းဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။

Arizona ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း COVID-19 အကူးစက်ခံရသူ အရေအတွက် ၂ ဆ တိုးလာခဲ့တာ ဖြစ်ပြီး ယူးမားမြို့နယ်ကတော့ ကူးစက်မှု အများဆုံးရှိနေတဲ့ နေရာတွေထဲက တခုလို့ ကျန်းမာရေး တာဝန်ခံတွေက ပြောပါတယ်။

သမ္မတထရမ့်ဟာ အဲဒီကနေ Phoenix မြို့ကို လေယာဉ်ပျံနဲ့ သွားရောက်ပြီး လူပေါင်း ၃၀၀၀ ကျော် တက်ရောက်မယ့် ဟောပြောပွဲမှာ မဲဆွယ်မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ တက်ရောက်မယ့် သူ အများစုဟာ ထရမ့်အတွက် ကျောင်းသားများ "Students for Trump" လို့ ခေါ်တဲ့ အဖွဲ့က ဖြစ်ပါတယ်။

လူထုကြားသွားလာမှု အတွက် နှာခေါင်းစည်း မတပ်မနေရ ဒေသတွေထဲမှာ ယူးမားမြို့နယ်ရော Phoenix မြို့ ပါဝင်ပါတယ်။

XS
SM
MD
LG