(Zawgyi / Unicode)
ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ၃ လအၾကာမွာမွ ပထမဆံုးက်င္းပတဲ့ အေမရိကန္သမၼတ Donald Trump ရဲ႕ လူထုေဟာေျပာပြဲကို မွန္းထားသေလာက္ မလာၾကတာဟာ ေရာဂါကူးစက္မႈအႏၱရာယ္ ရွိေနသလုိ ဆႏၵျပမႈေတြ ရွိႏိုင္တယ္ဆိုတဲ့ လူေတြမလာေအာင္ သတင္းတုထုတ္လႊင့္တဲ့ မီဒီယာေတြေၾကာင့္လို႔ သမၼတ မဲဆြယ္အဖြဲ႔ တာဝန္ခံေတြက အျပစ္တင္ၾကပါတယ္။
အုိကလာဟိုးမားျပည္နယ္ တူလ္စာၿမိဳ႕က ထိုင္ခံုေပါင္း ၁၉,၀၀၀ ဆန္႔တဲ့ မိုးလံုေလလံု BOK စင္တာမွာ က်င္းပတဲ့ လူထုေဟာေျပာပြဲအတြက္ လူေပါင္း တသန္းေလာက္ တက္ေရာက္ဖို႔ မွတ္ပံုတင္ထားတယ္လို႔ မဲဆြယ္အဖြဲ႔က ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ေျပာေပမယ့္ စေနေန႔ညကေတာ့ ခန္းမ တဝက္ေက်ာ္ေက်ာ္စာေလာက္ပဲ လာေရာက္ၾကတာ ျဖစ္ပါတယ္။ ဝင္ေပါက္ စစ္ေဆးေရးဂိတ္ကို ျဖတ္တဲ့ လူေပါင္းက ၁၂,၀၀၀ ေလာက္ရွိတယ္လို႔ သမၼတ မဲဆြယ္အဖြဲ႔က ေျပာပါတယ္။
သမၼတကေတာ့ သူ႔ကိုေထာက္ခံတဲ့ ေဟာေျပာပြဲ တက္ေရာက္လာသူေတြကို ၂ နာရီနီးပါးၾကာေအာင္ မိန္႔ခြန္းေျပာၾကားခဲ့တာပါ။ မိန္႔ခြန္းထဲမွာ ႏုိဝင္ဘာ ေရြးေကာက္ပြဲမွာ သူ႔ရဲ႕ အတိုက္အခံ ၿပိဳင္ဘက္ျဖစ္တဲ့ ဒုသမၼတေဟာင္း Joe Biden ကို ေဝဖန္ခဲ့သလို ခုသီတင္းပတ္ေတြအတြင္း အေမရိကန္တလႊား ေပၚေပါက္ေနတဲ့ လက္ဝဲစြန္း ဆႏၵျပသူေတြကိုေရာ တ႐ုတ္ကိုပါ ေဝဖန္ခဲ့တာပါ။
အေမရိကန္ႏိုင္ငံမွာ လူေပါင္း ၁၂၀,၀၀၀ နီးပါး ေသဆံုးရၿပီး ၂.၂ သန္းေက်ာ္ အကူးစက္ခံေနရတဲ့ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို “Kung Flu” လို႔ ေလွာင္ေျပာေခၚေဝၚၿပီး တ႐ုတ္ကို အျပစ္တင္ခဲ့ပါတယ္။
သူ႔ကိုေထာက္ခံတဲ့ အခမ္းအနား တက္ေရာက္လာသူေတြကိုေတာ့ သမၼတက တိုက္ရဲခိုက္ရဲသူေတြလို႔ တင္စားေခၚေဝၚၿပီး ကြန္ဆာေဗးတစ္၀ါဒီ တရားသူႀကီးေတြ ခန္႔အပ္ႏုိင္ခဲ့တာ၊ အခြန္ေတြေလွ်ာ့ေကာက္တာ၊ အစုရွယ္ယာေစ်းကြက္ေတြ အားေကာင္းလာတာနဲ႔ မကၠဆီကိုနယ္စပ္မွာ တံတုိင္းေဆာက္လုပ္ေနတာ စတဲ့ ကိစၥရပ္ေတြကို အေလးေပးၿပီး ေျပာၾကားသြားခဲ့ပါတယ္။
--------------------------------
(Unicode)
သမ္မတ Trump ရဲ့ မဲဆွယ်ပွဲ တက်ရောက်သူနည်းပါး
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၃ လအကြာမှာမှ ပထမဆုံးကျင်းပတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ လူထုဟောပြောပွဲကို မှန်းထားသလောက် မလာကြတာဟာ ရောဂါကူးစက်မှုအန္တရာယ် ရှိနေသလို ဆန္ဒပြမှုတွေ ရှိနိုင်တယ်ဆိုတဲ့ လူတွေမလာအောင် သတင်းတုထုတ်လွှင့်တဲ့ မီဒီယာတွေကြောင့်လို့ သမ္မတ မဲဆွယ်အဖွဲ့ တာဝန်ခံတွေက အပြစ်တင်ကြပါတယ်။
အိုကလာဟိုးမားပြည်နယ် တူလ်စာမြို့က ထိုင်ခုံပေါင်း ၁၉,၀၀၀ ဆန့်တဲ့ မိုးလုံလေလုံ BOK စင်တာမှာ ကျင်းပတဲ့ လူထုဟောပြောပွဲအတွက် လူပေါင်း တသန်းလောက် တက်ရောက်ဖို့ မှတ်ပုံတင်ထားတယ်လို့ မဲဆွယ်အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောပေမယ့် စနေနေ့ညကတော့ ခန်းမ တဝက်ကျော်ကျော်စာလောက်ပဲ လာရောက်ကြတာ ဖြစ်ပါတယ်။ ဝင်ပေါက် စစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့ လူပေါင်းက ၁၂,၀၀၀ လောက်ရှိတယ်လို့ သမ္မတ မဲဆွယ်အဖွဲ့က ပြောပါတယ်။
သမ္မတကတော့ သူ့ကိုထောက်ခံတဲ့ ဟောပြောပွဲ တက်ရောက်လာသူတွေကို ၂ နာရီနီးပါးကြာအောင် မိန့်ခွန်းပြောကြားခဲ့တာပါ။ မိန့်ခွန်းထဲမှာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူ့ရဲ့ အတိုက်အခံ ပြိုင်ဘက်ဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden ကို ဝေဖန်ခဲ့သလို ခုသီတင်းပတ်တွေအတွင်း အမေရိကန်တလွှား ပေါ်ပေါက်နေတဲ့ လက်ဝဲစွန်း ဆန္ဒပြသူတွေကိုရော တရုတ်ကိုပါ ဝေဖန်ခဲ့တာပါ။
အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၂၀,၀၀၀ နီးပါး သေဆုံးရပြီး ၂.၂ သန်းကျော် အကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို “Kung Flu” လို့ လှောင်ပြောခေါ်ဝေါ်ပြီး တရုတ်ကို အပြစ်တင်ခဲ့ပါတယ်။
သူ့ကိုထောက်ခံတဲ့ အခမ်းအနား တက်ရောက်လာသူတွေကိုတော့ သမ္မတက တိုက်ရဲခိုက်ရဲသူတွေလို့ တင်စားခေါ်ဝေါ်ပြီး ကွန်ဆာဗေးတစ်ဝါဒီ တရားသူကြီးတွေ ခန့်အပ်နိုင်ခဲ့တာ၊ အခွန်တွေလျှော့ကောက်တာ၊ အစုရှယ်ယာဈေးကွက်တွေ အားကောင်းလာတာနဲ့ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်လုပ်နေတာ စတဲ့ ကိစ္စရပ်တွေကို အလေးပေးပြီး ပြောကြားသွားခဲ့ပါတယ်။