သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္တလႊား လူမ်ိဳးေရးခြဲျခားမႈ ဆက္လက္ဆႏၵျပ


ဝါရွင္တန္ဒီစီမွာ လူမ်ဳိးေရးခြဲျခားမႈ ဆန္႔က်င္ေရး ဆႏၵျပေနသူမ်ား။ (ဇြန္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

Minneapolis ၿမိဳ႕မွာ ေမလ ၂၅ ရက္ေန႔က အာဖရိကန္-အေမရိကန္ အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆံုးခဲ့ရတာနဲ႔ ပတ္သက္ၿပီး တရားမမွ်တတဲ့ ခြဲျခားဆက္ဆံမႈေတြနဲ႔ ရဲေတြရဲ႕ ဆိုးဝါးတဲ့လုပ္ရပ္ေတြ အဆံုးသတ္ဖို႔ အေမရိကန္ႏုိင္ငံတလႊား ဒီသီတင္းပတ္ကုန္မွာလည္း ဆက္လက္ဆႏၵျပ ေတာင္းဆိုေနၾကပါတယ္။

တခ်ိဳ႕ဆႏၵျပသူေတြကေတာ့ ဒီ စေနနဲ႔ တနဂၤေႏြေန႔ေတြမွာ Juneteenth လို႔ေခၚတဲ့ ေတာင္ပိုင္း တကၠဆက္ျပည္နယ္က ေနာက္ဆံုးလက္က်န္ အာဖရိကန္-အေမရိကန္ေတြ ၁၈၆၅ ဇြန္လ ၁၉ ရက္ေန႔ ကၽြန္ဘဝက လြတ္ေျမာက္ခဲ့တဲ့ေန႔ အထိမ္းအမွတ္ကိုပါ တဆက္တည္း က်င္းပေနၾကတာပါ။

ၿမိဳ႕ႀကီးေတြျဖစ္တဲ့ နယူးေယာက္၊ ေလာ့စ္အိန္ဂ်လိစ္နဲ႔ မီယာမီ အပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ဆႏၵျပခဲ့ၾကသလို ဝါရွင္တန္ဒီစီက သမၼတအိမ္ျဖဴအနီးမွာေတာ့ ဆႏၵျပမႈေတြ ေန႔စဥ္လိုလုိ ရွိေနတာပါ။

ဆႏၵျပသူေတြဟာ ေသာၾကာေန႔ ညကေတာ့ သမၼတအိမ္ျဖဴနဲ႔ သိပ္မေဝးတဲ့ Judiciary ပန္းၿခံမွာရွိတဲ့ Confederate ဗိုလ္ခ်ဳပ္ Albert Pike ရဲ႕ ႐ုပ္တုကို ဆြဲခ်ပစ္ခဲ့ၾကပါတယ္။

ကၽြန္စနစ္ဆက္ထားခ်င္တဲ့ ေတာင္ပိုုင္းက ခြဲထြက္ျပည္နယ္ေတြမွာ ေခါင္းေဆာင္ခဲ့သူေတြရဲ႕ Confederate အထိမ္းအမွတ္ေတြကိုု အခုအခါမွာ ဆႏၵျပသူေတြက ဦးတည္ ပစ္မွတ္ထားလာၾကတာပါ။

စေနေန႔ ဆႏၵျပမႈေတြကိုု အေမရိကန္ႏုိင္ငံတင္မကဘဲ ၿဗိတိန္၊ စေကာ့တလန္နဲ႔ ျပင္သစ္ႏုိင္ငံေတြမွာပါ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အမေရိကန်တလွှား လူမျိုးရေးခွဲခြားမှု ဆက်လက်ဆန္ဒပြ

Minneapolis မြို့မှာ မေလ ၂၅ ရက်နေ့က အာဖရိကန်-အမေရိကန် အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး တရားမမျှတတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ရဲတွေရဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေ အဆုံးသတ်ဖို့ အမေရိကန်နိုင်ငံတလွှား ဒီသီတင်းပတ်ကုန်မှာလည်း ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

တချို့ဆန္ဒပြသူတွေကတော့ ဒီ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Juneteenth လို့ခေါ်တဲ့ တောင်ပိုင်း တက္ကဆက်ပြည်နယ်က နောက်ဆုံးလက်ကျန် အာဖရိကန်-အမေရိကန်တွေ ၁၈၆၅ ဇွန်လ ၁၉ ရက်နေ့ ကျွန်ဘဝက လွတ်မြောက်ခဲ့တဲ့နေ့ အထိမ်းအမှတ်ကိုပါ တဆက်တည်း ကျင်းပနေကြတာပါ။

မြို့ကြီးတွေဖြစ်တဲ့ နယူးယောက်၊ လော့စ်အိန်ဂျလိစ်နဲ့ မီယာမီ အပါအဝင် မြို့အတော်များများမှာ ဆန္ဒပြခဲ့ကြသလို ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူအနီးမှာတော့ ဆန္ဒပြမှုတွေ နေ့စဉ်လိုလို ရှိနေတာပါ။

ဆန္ဒပြသူတွေဟာ သောကြာနေ့ ညကတော့ သမ္မတအိမ်ဖြူနဲ့ သိပ်မဝေးတဲ့ Judiciary ပန်းခြံမှာရှိတဲ့ Confederate ဗိုလ်ချုပ် Albert Pike ရဲ့ ရုပ်တုကို ဆွဲချပစ်ခဲ့ကြပါတယ်။

ကျွန်စနစ်ဆက်ထားချင်တဲ့ တောင်ပိုင်းက ခွဲထွက်ပြည်နယ်တွေမှာ ခေါင်းဆောင်ခဲ့သူတွေရဲ့ Confederate အထိမ်းအမှတ်တွေကို အခုအခါမှာ ဆန္ဒပြသူတွေက ဦးတည် ပစ်မှတ်ထားလာကြတာပါ။

စနေနေ့ ဆန္ဒပြမှုတွေကို အမေရိကန်နိုင်ငံတင်မကဘဲ ဗြိတိန်၊ စကော့တလန်နဲ့ပြင်သစ်နိုင်ငံတွေမှာပါ တွေ့ရပါတယ်။

XS
SM
MD
LG