သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ မွာ ကၽြန္စနစ္ဖ်က္သိမ္းတဲ့ ၁၅၅ ႏွစ္ျပည့္အခမ္းအနားေတြ ၿငိမ္းခ်မ္းစြာက်င္းပ


Martin Luther King အထိမ္းအမွတ္ေက်ာက္တိုင္ေရွ႕မွာ Juneteenth ၿငိမ္းခ်မ္းစြာဆႏၵျပ

(Zawgyi/Unicode)

ဇြန္လ ၁၉ ရက္ေန႔ဟာ အေမရိကန္ႏုိင္ငံမွာ ကၽြန္စနစ္ဖ်က္သိမ္းတာကို တႏုိင္ငံလံုး အတိုင္းအတာနဲ႔ သိခဲ့ရတဲ့ ႏွစ္ေပါင္း ၁၅၅ ႏွစ္ေျမာက္ေန႔ျဖစ္ ၿပီး အေမရိကန္ႏုိင္ငံတလႊားမွာ အထိမ္းအမွတ္ပဲြေတြ ဆင္ႏႊဲေနၾကပါတယ္။

ကၽြန္စနစ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း ၁၈၆၃ ခုႏွစ္မွာ ေၾကညာခဲ့တာျဖစ္ၿပီး အေမရိကန္ ေတာင္ပိုင္းျပည္နယ္ေတြမွာ ကၽြန္အျပဳခံရသူအားလုံုး လြတ္လပ္မႈရခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေတာင္ပိုင္းက Texas ျပည္နယ္မွာေတာ့ ၁၈၆၅ ခုႏွစ္မွာ Galveston ၿမိဳ႕ကို ျပည္ေထာင္စုစစ္သားေတြ ေရာက္သြားမွ ကၽြန္စနစ္ဖ်က္သိမ္းေၾကာင္း သိခဲ့ၾကတာပါ။

ဒါေၾကာင့္ ေနာက္တႏွစ္မွာ ဇြန္လ နဲ႔ ၁၉ ရက္ ကို ေပါင္းၿပီး Juneteenth လို႔ေခၚတဲ့ အထိမ္းအမွတ္ေန႔ အျဖစ္ Galveston မွာ စတင္က်င္းပခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ စတင္က်င္းပခဲ့တဲ့ ဒီ Juneteenth အထိမ္းအမွတ္ေန႔ဟာ ဂါနာ၊ ေတာင္ကိုရီးယားနဲ႔ အစၥေရးလို တျခား ႏိုင္ငံေတြကိုလည္း ျပန္႔သြားခဲ့ပါတယ္။

အေမရိကန္ႏုိင္ငံမွာ ရွိတဲ့ ဗာဂ်ီးနီးယား နဲ႔ နယူးေရာက္ အပါအဝင္ တခ်ိဳ႕ျပည္နယ္ေတြမွာေတာ့ Juneteenth ေန႔ဟာ ျပည္နယ္တြင္း အလုပ္သမားေတြအတြက္ လစာအျပည့္ေပးတဲ့ အားလပ္ရက္ေန႔ျဖစ္သလို တခ်ိဳ႕ ကုမၸဏီေတြကလည္း သူတို႔ အလုပ္သမားေတြကို အားလပ္ရက္အျဖစ္ သတ္မွတ္ေပးၾကပါတယ္။

အထိမ္းအမွတ္ေန႔ကို အရင္ႏွစ္ေတြက လူထုခ်ီတက္ပြဲေတြ ေပ်ာ္ပြဲရႊင္ပြဲေတြနဲ႔ ခမ္းခမ္းနားနား က်င္းပေလ့ရွိေပမယ့္ ဒီႏွစ္မွာေတာ့ ကိုရိုနာဗုိင္းရပ္္စ္ ကပ္ေရာဂါေၾကာင့္ အခမ္းအနားေတြကို အက်ဥ္းပဲ က်င္းပၾကသလုိ ၿငိမ္းခ်မ္းစြာ ခ်ီတက္ ဆႏၵျပပြဲေတြလည္း ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ က်င္းပေနၾကပါတယ္။

Juneteenth ေန႔မွာပဲ သမၼတေဒၚနယ္ထရမ့္က ေၾကညာခ်က္တေစာင္ ထုတ္ျပန္ၿပီး ဒီေန႔ဟာ အေမရိကန္ႏိုင္ငံ အေမွာင္ေခတ္ကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္လႊားႏို္င္တဲ့ အထိမ္းအမွတ္ေန႔ ျဖစ္သလို အေမရိကန္သမိုင္းမွာ ဆိုးဝါးတဲ့ အမာရြတ္ရွိခဲ့တာကို အမွတ္ရေစတဲ့ ေန႔ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ကန် မှာ ကျွန်စနစ်ဖျက်သိမ်းတဲ့ ၁၅၅ နှစ်ပြည့်အခမ်းအနားတွေ ငြိမ်းချမ်းစွာကျင်းပ

(Unicode)

ဇွန်လ ၁၉ ရက်နေ့ဟာ အမေရိကန်နိုင်ငံမှာ ကျွန်စနစ်ဖျက်သိမ်းတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ သိခဲ့ရတဲ့ နှစ်ပေါင်း ၁၅၅ နှစ်မြောက်နေ့ဖြစ် ပြီး အမေရိကန်နိုင်ငံတလွှားမှာ အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲနေကြပါတယ်။

ကျွန်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း ၁၈၆၃ ခုနှစ်မှာ ကြေညာခဲ့တာဖြစ်ပြီး အမေရိကန် တောင်ပိုင်းပြည်နယ်တွေမှာ ကျွန်အပြုခံရသူအားလုံး လွတ်လပ်မှုရခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်ပိုင်းက Texas ပြည်နယ်မှာတော့ ၁၈၆၅ ခုနှစ်မှာ Galveston မြို့ကို ပြည်ထောင်စုစစ်သားတွေ ရောက်သွားမှ ကျွန်စနစ်ဖျက်သိမ်းကြောင်း သိခဲ့ကြတာပါ။

ဒါကြောင့် နောက်တနှစ်မှာ ဇွန်လ နဲ့ ၁၉ ရက် ကို ပေါင်းပြီး Juneteenth လို့ခေါ်တဲ့ အထိမ်းအမှတ်နေ့ အဖြစ် Galveston မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စတင်ကျင်းပခဲ့တဲ့ ဒီ Juneteenth အထိမ်းအမှတ်နေ့ဟာ ဂါနာ၊ တောင်ကိုရီးယားနဲ့ အစ္စရေးလို တခြား နိုင်ငံတွေကိုလည်း ပြန့်သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ရှိတဲ့ ဗာဂျီးနီးယား နဲ့ နယူးရောက် အပါအဝင် တချို့ပြည်နယ်တွေမှာတော့ Juneteenth နေ့ဟာ ပြည်နယ်တွင်း အလုပ်သမားတွေအတွက် လစာအပြည့်ပေးတဲ့ အားလပ်ရက်နေ့ဖြစ်သလို တချို့ ကုမ္ပဏီတွေကလည်း သူတို့ အလုပ်သမားတွေကို အားလပ်ရက်အဖြစ် သတ်မှတ်ပေးကြပါတယ်။

အထိမ်းအမှတ်နေ့ကို အရင်နှစ်တွေက လူထုချီတက်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနဲ့ ခမ်းခမ်းနားနား ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခမ်းအနားတွေကို အကျဉ်းပဲ ကျင်းပကြသလို ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြပွဲတွေလည်း မြို့ကြီးအတော်များများမှာ ကျင်းပနေကြပါတယ်။

Juneteenth နေ့မှာပဲ သမ္မတဒေါ်နယ်ထရမ့်က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ဒီနေ့ဟာ အမေရိကန်နိုင်ငံ အမှောင်ခေတ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်တဲ့ အထိမ်းအမှတ်နေ့ ဖြစ်သလို အမေရိကန်သမိုင်းမှာ ဆိုးဝါးတဲ့ အမာရွတ်ရှိခဲ့တာကို အမှတ်ရစေတဲ့ နေ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG