(Zawgyi / Unicode)
အေမရိကန္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပးေဟာင္း John Bolton ရဲ႕ Trump အစိုးရအဖြဲ႔အေၾကာင္း ေရးသားထားတဲ့ စာအုပ္ကို ထုတ္ေဝခြင့္မေပးဖို႔ တရားေရးဌာနက အေရးေပၚ ပန္ၾကားခ်က္ ေပးပို႔ထားတဲ့ၾကားကပဲ အေမရိကန္ ဗဟိုအစိုးရ တရားသူႀကီးက စေနေန႔မွာ ထုတ္ေဝခြင့္ ေပးလိုက္ပါတယ္။
John Bolton အိမ္ျဖဴေတာ္မွာ သူတာဝန္ထမ္းေဆာင္ခဲ့တဲ့ တႏွစ္ခြဲကာလအတြင္း သမၼတ Trump ရဲ႕ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို ေဝဖန္ထားတဲ့ သူ႔စာအုပ္ကို အဂၤါေန႔မွာ စတင္ေရာင္းခ်ဖို႔ လုပ္ေနပါၿပီ။
ဒီစာအုပ္ကို ထုတ္ေဝလိုက္ရင္ အေရးႀကီးတဲ့ ကန္႔သတ္အခ်က္အလက္ေတြ အမ်ားလက္ထဲ ေရာက္သြားႏိုင္တယ္လို႔ တရားေရးဌာနက ေျပာၾကားခဲ့ေပမယ့္ ဝါရွင္တန္ဒီစီ တရား႐ုံး တရားသူႀကီး Royce Lamberth ကေတာ့ ေထာင္နဲ႔ခ်ီတဲ့ ဒီစာအုပ္ေတြဟာ ျဖန္႔ခ်ိသူေတြလက္ထဲ ေရာက္ေနၿပီးသား ျဖစ္တဲ့အတြက္ အခ်ိန္ေႏွာင္းေနၿပီျဖစ္ေၾကာင္း ေျပာပါတယ္။
ဒါ့အျပင္ John Bolton ဟာ အေမရိကန္ အမ်ိဳးသားလံုၿခံဳေရးနဲ႔ ေလာင္းကစားလုပ္ၿပီး သူ႔ႏိုင္ငံကို ထိခိုက္ေစႏိုင္ေအာင္ လုပ္ခဲ့သလို သူ႔ကိုယ္သူလည္း ထိခိုက္ေအာင္ လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။
Bolton ကေတာ့ သူ႔စာအုပ္ထဲမွာ ကန္႔သတ္အခ်က္အလက္ တစံုတရာ မပါေၾကာင္းနဲ႔ သူ႔စာမူကို အိမ္ျဖဴေတာ္အရာရွိက ဧၿပီလထဲမွာ အတည္ျပဳခ်က္ ေပးထားတာျဖစ္ေၾကာင္း ေျပာပါတယ္။
----------------------------------
(Unicode)
သမ္မတ Trump အစိုးရအကြောင်း စာအုပ်ထုတ်ဝေခွင့်ရ
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း John Bolton ရဲ့ Trump အစိုးရအဖွဲ့အကြောင်း ရေးသားထားတဲ့ စာအုပ်ကို ထုတ်ဝေခွင့်မပေးဖို့ တရားရေးဌာနက အရေးပေါ် ပန်ကြားချက် ပေးပို့ထားတဲ့ကြားကပဲ အမေရိကန် ဗဟိုအစိုးရ တရားသူကြီးက စနေနေ့မှာ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။
John Bolton အိမ်ဖြူတော်မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ တနှစ်ခွဲကာလအတွင်း သမ္မတ Trump ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဝေဖန်ထားတဲ့ သူ့စာအုပ်ကို အင်္ဂါနေ့မှာ စတင်ရောင်းချဖို့ လုပ်နေပါပြီ။
ဒီစာအုပ်ကို ထုတ်ဝေလိုက်ရင် အရေးကြီးတဲ့ ကန့်သတ်အချက်အလက်တွေ အများလက်ထဲ ရောက်သွားနိုင်တယ်လို့ တရားရေးဌာနက ပြောကြားခဲ့ပေမယ့် ဝါရှင်တန်ဒီစီ တရားရုံး တရားသူကြီး Royce Lamberth ကတော့ ထောင်နဲ့ချီတဲ့ ဒီစာအုပ်တွေဟာ ဖြန့်ချိသူတွေလက်ထဲ ရောက်နေပြီးသား ဖြစ်တဲ့အတွက် အချိန်နှောင်းနေပြီဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် John Bolton ဟာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ လောင်းကစားလုပ်ပြီး သူ့နိုင်ငံကို ထိခိုက်စေနိုင်အောင် လုပ်ခဲ့သလို သူ့ကိုယ်သူလည်း ထိခိုက်အောင် လုပ်ခဲ့တယ်လို့ ပြောပါတယ်။
Bolton ကတော့ သူ့စာအုပ်ထဲမှာ ကန့်သတ်အချက်အလက် တစုံတရာ မပါကြောင်းနဲ့ သူ့စာမူကို အိမ်ဖြူတော်အရာရှိက ဧပြီလထဲမှာ အတည်ပြုချက် ပေးထားတာဖြစ်ကြောင်း ပြောပါတယ်။