သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ဗီဇာ အများအပြား သမ္မတ Trump ယာယီပိတ်


မဲဆွယ်ပွဲမှာ မိန့်ခွန်းပြောကြားနေတဲ့ အမေရိကန်သမ္မတ Donald Trump. (ဇွန် ၂၀၊ ၂၀၂၀)
မဲဆွယ်ပွဲမှာ မိန့်ခွန်းပြောကြားနေတဲ့ အမေရိကန်သမ္မတ Donald Trump. (ဇွန် ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

နိုင်ငံရပ်ခြားကနေ အမေရိကန်ပြည်ထောင်စုထဲ လာရောက် အလုပ် လုပ်ကိုင်ချင်တဲ့သူတွေ အတွက် ပြည်ဝင်ခွင့်ဗီဇာ အတော်များများကို သမ္မတ Donald Trump က ဒီနှစ်ကုန်အထိ ယာယီ ပိတ်လိုက်သလို၊ အမြဲတမ်းနေထိုင်ခွင့် green card ယာယီပိတ်ထားတာကိုလည်း သက်တမ်း တိုးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်စီးပွားရေး ထိခိုက်ပြီး အမေရိကန်နိုင်ငံသား အများအပြား အလုပ်အကိုင် ဆုံးရှုံးနေရတဲ့ အခြေအနေကြောင့် ခုလို ပြည်ဝင်ခွင့်ဗီဇာတွေ ယာယီ ရပ်ဆိုင်းတာ ဖြစ်တယ်လို့ ဆိုတဲ့ သမ္မတအမိန့်နဲ့ ညွှန်ကြားချက်ကိုတော့ တနင်္လာနေ့က လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုသာ ဦးစားပေးဖြစ်ရမယ်လို့ သမ္မတက အရင်ကတည်းက ကတိပြုပြောလာခဲ့တဲ့အတိုင်း အခုချိန်မှာ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေကလည်း ပြောပါတယ်။

ဒီလ ၂၄ ရက်နေ့မှာ စတင် အကျုံးဝင်မယ့် ဒီညွှန်ကြားချက်အရ နည်းပညာလုပ်ငန်းတွေ အပါအဝင် ပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်လိုသူတွေ လျှောက်ကြတဲ့ H-1B ဗီဇာအပြင် ပညာရေးအစီအစဉ်နဲ့ လာကြတဲ့ J-1 ဗီဇာနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေက မန်နေဂျာလုပ်ငန်း နေရာတွေမှာ လုပ်ကိုင်ကြသူတွေ အတွက် L-1 ဗီဇာတွေ အားလုံးကို နှစ်ကုန်အထိ ယာယီ ပိတ်ပစ်လိုက်တာပါ။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဧပြီလတုန်းက အမေရိကန်ပြည်ထောင်စုထဲ အမြဲတမ်းအခြေချနေထိုင်ခွင့် Green Card လျှောက်ထားခွင့် ယာယီပိတ်ထားကိုလည်း ဒီနှစ်ကုန်အထိ သက်တမ်း တိုးလိုက်တာဖြစ်ပါတယ်။

.............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG