သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်ဝင်ခွင့် ကန်သတ်ချက် ရုပ်သိမ်းရေး BACI ကြိုးပမ်း


အမေရိကန်သမ္မတ Donald Trump က ဇန်နဝါရီလကုန်မှာ ပြဌာန်းလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံရတဲ့နိုင်ငံတွေထဲ မြန်မာလည်း ပါနေတာကြောင့် ဒီကန့်သတ်ချက် အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးရေးအတွက် BACI မြန်မာ-အမေရိကန် လူမှုကူညီရေးအသင်းက ကြိုးပမ်းနေပါတယ်။

BACI ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Elaisa Vahnie ကို ကိုဇော်ဝင်းလှိုင်က ဝါရှင်တန် ဒီစီမြို့က ဗွီအိုအေရုံးချုပ်မှာ တွေ့ဆုံ မေးမြန်းစဉ် သူက သမ္မတ Trump ရဲ့ ဒီ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်ဟာ ယာယီ အစီအစဉ်မျှသာ ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း အခုလို စပြောပါတယ်။

Elaisa Vahnie။ ။ ပထမဆုံး အနေနဲ့ကတော့ ထပ်ပြီးဘဲ ယာယီ အနေနဲ့ဘဲ မျှော်လင့်ချင်ပါတယ်။ ဆိုလိုတာက တနှစ်လား ၂ နှစ်လား ကျနော်တို့ အမေရိကန် အစိုးရနဲ့ ပူးပေါင်းပြီးတော့မှ လုပ်မှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က နေပြီးတော့မှ မတရားဘဲနဲ့ ဘာမှ မကြိုးစားဘဲနဲ့ ဖွင့်ပေးပါဆိုတဲ့ ဟာမျိုးလည်း မတောင်းချင်ပါဘူး။ Win - Win both parties success ဖြစ်အောင် ကျနော်တို့ လုပ်ချင်ပါတယ်။ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံကတော့ တနှစ် ၂ နှစ်ပေါ့။ ပြောလို့တော့ မရဘူး။

ဒါပေမယ့် အမြန်ဆုံးပေါ့ တနှစ်မှာဘဲ ဖြစ်ဖြစ် ဒီဟာ ရအောင် ကျနော်တို့ မျှော်လင့်ချင်ပါတယ်။ မြန်မာနဲ့ အမေရိကန် နိုင်ငံ ဆက်ဆံရေး ပြေလည်ဖို့ ကျနော်တို့ Resource တွေ တော်တော်လိုအပ်နေတဲ့ အချိန်မှာ ဒီလို ဖြစ်သွားတော့ ဒီ Long Term implications ရှိနိုင်တယ်လု့ိ ရေရှည် အကျိုးသက်ရောက်မှုတွေ ရှိလာမယ်။ အဲတော့ ဒီဟာတွေကို အမြန်ဆုံးနဲ့ lift away လုပ်နိုင်ရန် ကျနော်တို့ steps ယူနေပါတယ်။

အဲဒီ steps တွေက ဘာလဲ ဆိုလို့ ရှိရင် ပထမ အနေနဲ့တော့ ဒီဟာ ဘယ်နှယောက် ၊ မိသားစု ဘယ်နှယောက်လောက် ဒီ အမေရိကန် မှာ မြန်မာတွေ ထိမလဲ ဆိုတာကို သိဖို့ နားလည်ဖို့ ပထမ အရေးကြီးတယ်။ အဲဒီ အတွက် ကျနော်တို့ Survey ယူနေတယ်။ အဲဒီ Survey ယူပြီးတော့မှာ အဲဒီ နံပတ်တွေနဲ့ တွဲပြီးတော့ အဲဒီ နံပတ်တွေကို မြင်ပြီးတဲ့နောက် အဲဒီ ပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့က ဒီဘက် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ၊ Congress (လွှတ်တော်) ရယ် State Department (နိုင်ငံခြားရေးဌာန) ရယ် ပြီးတော့မှ Community Members ရယ် ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရကိုလည်း ပါဝင်လာဖို့ လိုအပ်လိမ့်မယ်လို့ ကျနော် မြင်ပါတယ်။

အဲဒါ ပေါင်းပြီးတော့မှ အမြန်ဆုံး Lift ကင်းလွတ်ခွင့် ရအောင် ကျနော်တို့က ပြန်ရုပ်သိမ်းပေးဖို့နော်။

ကိုဇော်ဝင်းလှိုင် ။ ။ အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့တဲ့ နေရာမှာရော ဒါမှမဟုတ် အမေရိကန် အစိုးရ အရာရှိဘဲ ဖြစ်ဖြစ် ဒီ လွှတ်တော် က လူတွေဘဲ ဖြစ်ဖြစ် တွေ့တဲ့ နေရာမှာ သူတို့က ဘာတွေ ပြောသလဲ။ သဘောက သမ္မတက ဒီကြေညာချက် ထုတ် တာဟာ ဘာကြောင့်၊ မြန်မာပြည်က ဒါတွေ မလုပ်ပေးလို့၊ ဘာမလုပ်ပေးလို့၊ အော် ဘယ်လိုလေး ဖြစ်ရင်တော့ ဒီလိုမျိုး မြန်မာနိုင်ငံလည်း ဒီစာရင်းထဲ ပါမှာ မဟုတ်ဘူးဆိုပြီး သူတို့ဘက်က ထုတ်ပြောတာမျိုးရော ရှိသလား။

Elaisa Vahnie။ ။ သူတို့ဘက်က ပြောတာကတော့ အကျဉ်းချုပ် အားဖြင့်တော့ PP - Presidential Proclamation (သမ္မတ ကြေညာချက်) ထဲမှာ အားလုံးပါပြီးပြီ။ ဒီဟာပါဘဲလို့ သူတို့ပြောထားပါတယ်။ ဒါပေမယ့် ကျနော်တို့ မြင်တာကတော့ ရှင်းရှင်းလင်းလင်းပါဘဲ။ သူတို့ အကြောင်းပြတာဘဲလို့ ကျနော်တို့ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဘာကြောင့် အကြောင်းပြတာလဲ။ မြန်မာပြည်ကို ဘာကြောင့် ပိတ်ချင်ရတာလဲ သူတို့။ ဆိုလိုတာက အာဖရိက အရှေ့အလယ်ပိုင်း နိုင်ငံတခုဆို လစ်ဗျားတို့ ဆီးရီးယားတို့ဆိုထားတော့ စစ်ဖြစ်နေတယ် အဲဒီမှာ အကြမ်းဖက် သမားတွေ ရှိတယ် ဆိုတာ ဒါကြောင့်မို့ အဲဒီထဲမှာ အမေရိကကို ရောက်လာတဲ့ သူတွေထဲမှာ အဲလိုမျိုး အကြမ်းဖက် သမားတွေ အုတ်ရောရော ကျောက်ရောရောနဲ့ ရောပါလာတာမျိုး ဖြစ်မှာ စိုးတဲ့ အတွက် ကန့်သတ်တယ်ဆိုရင် လက်ခံတယ်။

မြန်မာပြည် ကျတော့ အဲလို ဟုတ်မနေပြန်ဘူး။ ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ နိုင်ငံထဲမှာ နိုင်ငံရေး မတည်ငြိမ်မှု ရှိတယ်။ ရခိုင်မှာ ပြသနာတွေ ရှိတယ်။ ရှမ်းမှာ ပြသနာတွေ ရှိတယ်ဆိုပေမယ့် နိုင်ငံတကာကို အကြမ်းဖက်မှု လုပ်ဆောင် တယ်ဆိုတဲ့ အဆင့်ကို ရောက်မလာဘူးလေ။ ကိုယ့် ပြည်ထဲမှာဘဲ ဖြစ်နေတာကိုး ဆိုတော့ မြန်မာနိုင်ငံကျ အဲလိုမျိုး ကြမ်းကြမ်းတမ်းတမ်း မဟုတ်ဘဲ ဘာလို့ ထည့်ရလဲ။ သူတို့ရဲ့ အကြောင်းပြချက်က။

Elaisa Vahnie။ ။ ဒီ PP - Presidential Proclamation (သမ္မတ ကြေညာချက်) မှာက သူတို့ရဲ့ အကြောင်းပြချက်က လုံခြုံရေးကိုဘဲ အကြောင်းပြတယ်။ အကြမ်းဖက် ဝါဒီတွေ ဝင်လာနိုင်တယ် ဆိုတဲ့ဟာဘဲ သူတို့ အကြောင်းပြထားတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံး သိတဲ့ အတိုင်းဘဲ ဒီ အစိုးရက ရွှေ့ပြောင်းအခြေချမှုကို လက်မခံဘူး။

ရွှေ့ပြောင်းဝင်ရောက်မှုကို ဘယ်နည်းလမ်းနဲ့ ပိတ်ချင်တာဆိုတာလည်း ကျနော်တို့ ကောင်းကောင်း မြင်ပါတယ်။ ဆိုတော့ အဲဒီဟာကနေ သူတို့ အကြောင်းပြပြီး ထည့်လိုက် တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဆိုတော့ ဒီဟာကို သူတို့တော့ အကြောင်းပြတယ်လေ။ ဒါပေမယ့် ကျနော်တို့က မတရားဘူးလို့ဘဲ ကျနော်မြင်တယ်။ အဲဒါ ကြောင့် သူတို့နဲ့ အမေရိကန် အစိုးရနဲ့ အမေရိကန် ပြည်သူလူထုနဲ့ ကျနော်တို့ လူမှုအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီးတော့မှ ပြန်လည် အဖြေရှာဖို့ လိုတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဒီ သမ္မတ Trump ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ မြန်မာ တယောက် အနေနဲ့ပေါ့နော် အမေရိက မှာ ရောက်နေတဲ့ မြန်မာ တယောက် မြန်မာပြည်မှာလည်း ကိုယ့် ဆွေမျိုး မိသားစုတွေ ရှိ နေတဲ့ မြန်မာ တယောက် အနေနဲ့ ကိုယ့်ရဲ့ သဘောထားကို ပြောပါဆိုရင် ကိုElaisa အနေနဲ့ ဘာကို အရင် ပြောမလဲ။ သဘောက သမ္မတ Trump ကိုသာ ပြောခွင့် ရလာမယ်ဆိုရင်။ ဒီလို ထုတ်ပြန်လိုက်တာဟာ။

Elaisa Vahnie။ ။ ဒီလို ထုတ်ပြန်လိုက်တာက ကျနော်တို့ မြန်မာနဲ့ အမေရိကန် ၊ အမေရိကန်နဲ့ မြန်မာ ကျနော်တို့ ကောင်းတဲ့ မိတ်ဆွေ နိုင်ငံကြားမှာဘဲ ဖြစ်ဖြစ် ပြည်သူတွေကြားမှာဘဲ ဖြစ်ဖြစ် ဖြစ်ချင်တယ်။ ဆိုတော့ အဲဒီမှာ ထိသွားတယ် ပထမဆုံးက။

ကိုဇော်ဝင်းလှိုင်။ ။ အော် ပြည်သူချင်း ဆက်ဆံရေး။

Elaisa Vahnie။ ။ ပြည်သူနဲ့ ဆက်ဆံရေးမှာ ကျနော်တို့ မိသားစုတွေ အများကြီး ဟိုမှာ ရှိတယ်။ ဆိုတော့ ဒီဟာရဲ့ အကျိုးသက်ရောက်မှုက ဒီ အနုတ်သဘော ဖြစ်တယ်။ အပြုသဘောထက် အနုတ်သဘောပိုဆောင်။ ဆိုတော့ ဒီဟာက အဖြေမဟုတ်ဘူး။ ကျနော်တို့ အတွက်လည်း ကောင်းကျိုး မဟုတ်ဘူး။ ဒီလုံခြုံရေးနဲ့ အကြောင်းပြတာလည်း အကြောင်းပြတာက ပြပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ဒီ မြန်မာက လာတဲ့ လူတွေက ဒီ လုံခြုံရေး အတွက် ထိပါးမယ်လို့ ကျနော်တို့ မယုံကြည်ဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)
















XS
SM
MD
LG